အတုအယောင် ရွေးကောက်ပွဲ တစ်ပတ်အလို လားရှိုးမြို့ပေါ် မိုင်းပေါက်ကွဲ၊ ပြည်သူထိတ်လန့်

စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ အချို့တွင် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူထိတ်လန့်ခဲ့ကြောင်း စုံစမ်းသိရသည်။

လာမည့် (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၁ တွင် လားရှိုးမြို့နယ် ပါဝင်သည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၁ ရက်) ညနေ ၅ နာရီဝန်းကျင်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက် (၅) နယ်မြေ (၄) တရုတ်ဘုံကျောင်း အနီးရှိ နေအိမ်တစ်ခုတွင် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး၊ ညနေ ၆ နာရီဝန်းကျင်တွင်လည်း ရပ်ကွက် (၂) အုပ်ချုပ်ရေးရုံးအနီးတွင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း လားရှိုးမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နေရာ ၃ နေရာမှာ ပေါက်ကွဲမှု ဖြစ်တာ။ ရွေးကောက်ပွဲ နီးပြီးလေ၊ ပြည်သူတွေကို ထိတ်လန့်အောင် လုပ်တာမျိုးပေါ့။ ရပ်ကွက် (၅) မှာတော့ လူမနေတဲ့ ခြံဝင်းထဲမှာ ပေါက်တာ၊ လက်လုပ်မိုင်း ပေါက်ကွဲတာပါ။ ပုလင်းထဲကို သံမဏိ ဘောလုံးသီးတွေထည့်ပြီး လုပ်ထားတဲ့ လက်လုပ်မိုင်းလိုမျိုး၊ ထိခိုက်တာတွေတော့ မရှိပါဘူး”ဟု လားရှိုးမြို့ ဒေသခံ ၎င်းအမျိုးသားက ပြောသည်။

အဆိုပါ လက်လုပ်မိုင်း ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် ဒေသခံများ လုံခြုံရေးစိုးရိမ်မှု မြင့်တက်နေကြသလို၊ လာမည့် ရွေးကောက်ပွဲကာလတွင်လည်း ပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက ပြောသည်။

“နောက်ပိုင်း ဒီလိုမျိုးတွေ ဆက်လုပ်ရင်တော့ လူတွေ မတော်တဆ ထိခိုက်မိမှာကို စိုးရိမ်မိတယ်။ ရွေးကောက်ပွဲလုပ်မယ့် ကာလအတွင်းမှာလည်း သတိထားကြရမှာပဲ။ မဲရုံထဲ ဗုံးတွေ မကွဲနိုင်ဘူးလို့လည်း ဘယ်သူမှ မပြောနိုင်ဘူးလေ။ ပြည်သူတွေ အတွက်ကတော့ သတိထား သွားလာရမှာပေါ့”ဟု လားရှိုးဒေသခံ ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

လားရှိုးမြို့ပေါ် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာများကို စစ်ကော်မရှင်တပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ လာရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက် တွင် တရုတ် ကြားဝင်စေ့စပ်မှုကြောင့် လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုကို စစ်ကော်မရှင်ဘက်က ပြန်လည်ဝင်ရောက် ထိန်းချုပ်ခဲ့ပြီး မြို့ပြင်ရှိ ကျေးရွာအုပ်စု အများစုကို ကိုးကန့်တပ်ဖွဲ့ MNDAA က ထိန်းချုပ်ထားသည်။

အခြားတစ်ဖက်တွင် ဒီဇင်ဘာလဆန်းပိုင်းက လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ သွားရောက်ကြည့်ရှုခဲ့ရာ စစ်ကော်မရှင်တပ်နှင့် MNDAA နှစ်ဘက်တပ်ဖွဲ့ လုံခြုံရေးရယူပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၅) ရက်တွင် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ ကျင်းပခြင်းမပြုမည့် နယ်မြေစာရင်းတွင် လားရှိုးမြို့နယ်မှ ကျေးရွာအုပ်စုပေါင်း (၆၄) အုပ်စုအထိ ပါရှိသည်။

လားရှိုးမြို့နယ် မဲဆန္ဒနယ်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP)၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ (KDUP) တို့မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု UEC မှ ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်ကျင်းပမည့်‌ ရွေးကောက်ပွဲတွင် သျှမ်းပြည်ရှိ မြို့နယ်ပေါင်း ၁၂ ခုပါဝင်ပြီး ယင်းမြို့မှာ ပင်းတယ၊ ဟိုပုံး၊ နောင်ချို၊ ကျိုင်းတုံ၊ တာချီလိတ်၊ တောင်ကြီး၊ နမ့်စန်၊ မူဆယ်၊ မိုင်းဆတ်၊ လားရှိုး၊ လင်းခေး၊ လွိုင်လင်မြို့နယ်တို့ ဖြစ်သည်။

အလားတူ ယမန်နေ့ တစ်ရက်တည်းတွင် ရန်ကုန်မြို့ရှိ ပြည်သူ့ပါတီ PP ၏ ရန်ကုန်တိုင်းရုံးအနီး ည (၇) နာရီအချိန်ခန့်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြင်းထန်ကြောင်း၊ လူထိခိုက်မှု မရှိသော်လည်း ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်နှင့် မော်တော်ယာဉ်အချို့ ပျက်စီးခဲ့ကြောင်း သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...