လားရှိုးတွင်သူခိုးဟု စွပ်စွဲခံရပြီး အသက်သေဆုံးထိ ရိုက်နှက်

စစ်ကော်မရှင် ပြန်လည်သိမ်းပိုက်ထားသည့် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် အမျိုးသားတစ်ဉီးကို သူခိုးဟု စွပ်စွဲဖမ်းဆီး စစ်ဆေးကာ အသက်သေဆုံးထိ ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ထိုစစ်ဆေးမှုဖြင့် သေဆုံးသွားသည့် ဖြစ်စဉ်သည် ပြီးခဲ့သော နိုဝင်ဘာ ၁၆ရက် တွင် လားရှိုးမြို့တွင်း သူခိုးများသောင်းကျန်းနေသည်ဟုဆိုပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများ ပူးပေါင်း ဖမ်းဆီးရာ အသက် (၃၀)ကျော်အမျိုးသား စိုင်းအိုက်လိတ်ဆိုသည်တစ်ဉီးလည်း အပါအဝင်ဖြစ်သည်။

ဖမ်းဆီးနေချိန်တွင် စိုင်းအိုက်လိတ်သည် နေအိမ်တလုံးတွင် ကျူးကျော်နေစဉ် ဖမ်းဆီးရမိသော်လည်း ခိုးရာပါပစ္စည်းများမတွေ့ရှိကြောင်း၊ ထို့အပြင် ၎င်းသက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင် ဒေသခံများက စိုင်းအိုက်လိတ်ကို ရိုက်နှက်စစ်ဆေးရာ နိုဝင်ဘာ ၁၈ရက်တွင် ဒဏ်ရာကြောင့် အသက်သေဆုံးထိ အထိဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်ကို သိရှိသူ လားရှိုးမြို့ခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်လွန်ရိုက်နှက် သေဆုံးသွားမှုနှင့်ပတ်သက်ပြီး နိုဝင်ဘာ ၁၈ရက်တွင် မိသားစုဝင်များကို အသိမပေးဘဲ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း ၎င်းအမျိုးသမီးက ပြောပြသည်။

“အစတုန်းကတော့ ဘယ်ရောက်သွားလဲ မေးတာ ဟို စစ်ကော်မရှင်အဖွဲ့ကို အပ်လိုက်သလိုလို MNDAA အဖွဲ့ ကို အပ်လိုက်သလိုလိုနဲ့ အမှု့ဖွင့်ပြီး စစ်မေးမှ သေဆုံးသွားတယ်။ သူတို့ဟာ သူတို့ သွားမြှုပ်လိုက်တာဆိုတာ သိရတာ။ တကယ်ဆို မိသားစုဝင်တွေကို အသိပေးသင့်တယ်။”ဟု ၎င်းအမျိုးသမီးက ဆိုသည်။

အဆိုပါ အသတ်ခံရသူ စိုင်းအိုက်လိတ်သည် နေ့စားအငှားလိုက်ကာ အမျိုးသမီးနှင့် လသားအရွယ် ကလေးတစ်ဦးကို လုပ်ကိုင်ကျွေးမွေးနေသူ ဖြစ်သည်။

လက်ရှိအခြေအနေ အရ လသားအရွယ်ကလေးနှင့် အမျိုးသမီးကို ရှာဖွေကျွေးမွေးမည့်သူမရှိသဖြင့် စားဝတ်နေရေး ခက်ခဲနေကြောင်း သိရသည်။

ထို့အပြင် ငွေကြေးမတတ်နိုင်ခြင်း၊ အချိန်မပေးနိုင်ခြင်းတို့ကြောင့် အမှု့ပိတ်သိမ်းလိုက်ရပြီး ခိုကိုးရာမဲ့ ဖြစ်နေကြောင်း သိရသည်။

“ရှာကျွေးတဲ့ ယောင်္ကျားကလည်းမရှိတော့ ကလေးတစ်ဖက်နဲ့ ရှာစားဖို့ကခက်တယ်။ ပိုက်ဆံမရှိတော့ အမှုလည်း ပိတ်လိုက်ပြီ။ နေ့တိုင်းငိုပဲငိုနေတယ်။ အားငယ်နေတယ်” ဟု သေဆုံးသွားသည့် စိုင်းအိုက်လိတ်နှင့် နီးစပ်သူ တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လားရှိုးမြို့ကို စစ်ကော်မရှင်တပ်က ဧပြီလကုန်ပိုင်းတွင် ပြန်လည်ဝင်ရောက်စခန်းချခဲ့သော်လည်း အချို့နယ်မြေများတွင် ကိုးကန့် (MNDAA)တပ်တို့နေရာယူထားဆဲကြောင်း သိရသည်။

စစ်ကော်မရှင် တပ်နေရာပြန်ယူပြီးနောက်ပိုင်း လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုများ မကြာခဏကြုံနေရပြီး ဒေသခံများလည်း စိတ်မလုံခြုံပေ။

“အရင်ကလည်း ခိုးတဲ့သူကို လိုက်ဖမ်းတာမျိုးရှိတယ်။ ဒီလိုမျိုးရိုက်နှက် သတ်တာမျိုးတော့ မရှိဘူး။ အခုက ပစ္စည်းလည်း လက်ဝယ်မတွေ့ပဲနဲ့ ဖမ်းပြီး သတ်လိုက်တယ် ဆိုတာက မဖြစ်သင့်ဘူး။” ဟု စိုင်းအိုက်လိတ်နှင့် နီးစပ်သူကဆိုသည်။

ပြီးခဲ့သည့် ဧပြီ ၁၀ရက်တွင် ကိုးကန့်တပ် (MNDAA) လားရှိုးမြို့ကို ထိန်းချုပ်စဉ်ကာလတွင်လည်း သမီးရင်းကို မုဒိမ်းကျင့်သူတစ်ဉီးနှင့် လူသတ်မှု၊ သူခိုး၊ဓားပြမှုအပါအဝင်(၇)ဉီးကို အများရှေ့မှောက်တွင် သေဒဏ်ပေးခဲ့သည့် ဖြစ်စဉ်ရှိခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...