လားရှိုး စစ်ကောင်စီလဝကရုံးတွင် လာဘ်စားသည့် မြို့နယ်ဦးစီးမှူး နယ်ပြောင်းခံရ၊ မွေးတိုးစာရင်းထည့်ရန် ငွေသိန်းချီတောင်း

သျှမ်းပြည် လားရှိုးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြို့နယ်လူဝင်မှုကြီးကြပ်ရေး လဝကရုံးတွင် ငွေပေးနိုင်သည့် တရုတ်လူမျိုးများထံမှ လာဘ်စားပြီး မှတ်ပုံတင်ပြုလုပ်ပေးခဲ့သည့် မြို့နယ်ဦးစီးမှူးကို နယ်ပြောင်းရွှေ့လိုက်ကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ရှိ လူဝင်မှုကြီးကြပ်ရေး လဝကရုံးတွင် မြို့နယ်ဦးစီးမှူးအဖြစ် ထမ်းဆောင်နေသည့် ဦးစီးအရာရှိ ဦးခင်မောင်ထွန်း အား တရုတ်လူမျိုးများကို မှတ်ပုံတင် ဦးစားပေးထုတ်ပေးမှုနှင့် မွေးစာရင်းသွင်းရာတွင် ငွေအများအပြား တောင်းခံပြီး လာဘ်စားမှုတို့ကြောင့် ဩဂုတ်လ ဒုတိယပတ်အတွင်းက စစ်ကောင်စီမှ နယ်ပြောင်းရွှေ့လိုက်ကြောင်း လဝကရုံးနှင့် နီးစပ်သူများက ပြောသည်။

“နာမည်ထွက်တဲ့ သုံးပွင့်နဲ့ မြို့နယ်ဦးစီးမှူးကတော့ နယ်ပြောင်းခံရတယ်၊ သူ့လက်အောက်က နှစ်ပွင့်နဲ့ ဒုဦးစီးမှူးကတော့ ဆက်နေတုန်းပဲ။ သူတို့လုပ်ပုံက ရုံးထဲ ပွဲစားပေးမဝင်ဘူး၊ ပြည်သူက ကိုယ့်ဘာသာ အလှည့်ကျ တန်းစီရတယ် ဆိုတဲ့ ပုံစံပေါ့။ တရုတ်ဆိုရင်တော့ လဝကမှူးတွေ သိန်းတစ်ရာကျော်အထိ စိတ်ကြိုက်တောင်းတယ်၊ ပိုက်ဆံမရှိတဲ့ တိုင်းရင်းသားတွေကျတော့ နေ့တိုင်း တန်းသွားစီတာတောင် မလုပ်ရတာ အများကြီးရှိတယ်”ဟု လားရှိုးမြို့ရှိ လဝကရုံး အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – လားရှိုးမြို့ရှိ မြို့နယ်လဝကရုံး တာဝန်ရှိသူများကို မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – MIP)

လက်ရှိ လားရှိုးမြို့ရှိ မြို့နယ်လဝကရုံးတွင် တရုတ်လူမျိုးများကို မှတ်ပုံတင် ဦးစားပေး လုပ်ပေးကာ မွေးတိုးစာရင်းများကို ငွေအများအပြား တောင်းခံပြီး လာဘ်စားနေသူမှာ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွန်းနှင့် ဒုဦးစီးမှူး ဒေါ်သီတာမြင့် ဖြစ်ပြီး နယ်ပြောင်းခံရသည့် မြို့နယ်ဦးစီးမှူးအတွက် နှုတ်ဆက်ပွဲကို ဩဂုတ်လ (၁၀) ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

၎င်းတို့နှစ်ဦးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် မွေးတိုးစာရင်း ပြုလုပ်ပေးရန်အတွက် တရုတ်လူမျိုးများထံမှ ကျပ်ငွေ သိန်း ၂၀ မှ သိန်းရာဂဏန်းအထိ တောင်းခံပြီး တိုင်းရင်းသားလူမျိုး ဖြစ်ပါက တစ်ဦးလျှင် ကျပ်သုံးသိန်းမှ ဆယ်သိန်းခန့်အထိ ငွေတောင်းခံနေကြောင်း ဒေသခံများထံမှ သိရသည်။

“မွေးတိုးစာရင်းက တိုင်းရင်းသားဆိုရင် တစ်ယောက် ၃ သိန်း၊ တရုတ်ဆိုရင် သိန်း ၂၀ တောင်းတယ်။ အသက် တစ်နှစ်ကြီးသွားရင် တစ်သိန်း ထပ်တောင်းတယ်၊ ကလေးက အသက်ငါးနှစ်နေမှ မွေးတိုးစာရင်း သွားထည့်ရင် ငါးသိန်းထပ်ပေးရတယ်။ ဒေါ်သီတာမြင့်က လဝက ရုံးထဲမှာ ဂျင်ကလယ်၊ ပွဲစားတွေနဲ့ ချိတ်ပြီး ဦးစီးမှူးဆီ လူခေါ်သွင်းတယ်။ ပွဲစားအသေးတွေဆို စကားတောင်မပြောဘူး၊ ပိုက်ဆံကို သိန်းဆယ်ချီ ရာချီ ပေးနိုင်တယ့် တရုတ်ပွဲစားတွေမှပဲ အဖတ်လုပ်တယ်”ဟု လားရှိုးမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားပြီး စစ်ကောင်စီ လက်လှမ်းမမီသည့် ကျေးရွာများမှ ပြည်သူများ မှတ်ပုံတင်ပြုလုပ်လိုပါက ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံစာ မလိုအပ်သော်လည်း လားရှိုးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းထောက်ခံစာ ရရှိရန် ငွေထပ်ပေးရကြောင်း ဒေသခံများက ပြောဆိုသည်။

ပုံစာ – ဩဂုတ်လ ၁၂ ရက်တွင် စစ်ကောင်စီဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့ နောင်ချိုမြို့သို့ ရောက်ရှိလာစဉ် (ဓာတ်ပုံ – MIP)

“မှတ်ပုံတင်ဆိုရင် တိုင်းရင်းသားစစ်စစ် ဖြစ်တယ်၊ FRC ကိုင်တဲ့လူ မဟုတ်ရင် ၃ သိန်းခွဲကနေ ၈ သိန်းအထိ ပေးရတယ်။ အရာရှိတွေ မြို့နယ်မှူးတွေ ဘယ်လောက်ပြောင်းပြောင်း၊ အသစ်လာတဲ့လူလည်း သူတို့အကျင့်က ဒေါ်သီတာမြင့်နဲ့ ပေါင်းစားတွဲစား လုပ်ကြဦးမှာပဲ။ လူပြောင်းပြီး မူမပြောင်းရင် အလကားပဲ၊ လူပြောင်းဖို့ထက်ကို မူပြောင်းရမှာ”ဟု လားရှိုးဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

လားရှိုးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ခရိုင်နှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန လဝကရုံးများကို မေလ (၁၉) ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်နှင့် ကွမ်းလုံမြို့နယ်မှ ပြည်သူများလည်း လားရှိုးမြို့ရှိ ခရိုင်လဝကဦးစီးမှူးရုံးတွင် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ်နှင့် UID စမတ်ကတ်များ ပြုလုပ်နိုင်ကြောင်း ကြေညာထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၁၂) ရက်တွင် စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် နောင်ချိုမြို့သို့ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့ သွားရောက်ပြီး နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူမြို့နယ်များမှ ဒေသခံများအတွက် မှတ်ပုံတင်နှင့် UID စမတ်ကတ်များ ထုတ်ပေးမှုအခြေအနေကို သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...