Tuesday, January 27, 2026

လားရှိုးတွင် လမ်းလျှောက်လာသူတစ်ဦးကို သတင်းအရ ရပ်တန့်စစ်ဆေးရာမှ မူးယစ်ဆေးဝါးများဖမ်းမိ

သျှမ်းပြည် လားရှိုးမြို့ ရပ်ကွက် ၃ တွင် လမ်းလျှောက်လာသူ အမျိုးသားတစ်ဦးကို သတင်းအရ ရပ်တန့်စစ်ဆေးရာမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိကြောင်း သတင်းသိရသည်။

ဇွန်လ ၁၀ ရက်နေ့တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းအရ သက်သေများနှင့်အတူ သိန်းစိုးအောင် (ခ) အားဝေအား စစ်ဆေးရှာဖွေရာမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ပြားနှင့် လက်ကိုင်ဖုန်း ၁ လုံးကို သိမ်းဆည်းရမိကြောင်း CCDAC Myanmar က ယမန်နေ့ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထို့အပြင် ကွင်းဆက်ဖော်ထုတ်ချက်အရ လားရှိုးမြို့ ရပ်ကွက် (၇)တွင် နေထိုင်သော လောဝ်ဝူ (ခ) လီမင်ချန်ကိုလည်း စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၈၀၀ ပြား၊ ဘိန်းဖြူ အလေးချိန် ၁၁၀ ဂရမ်၊ လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ၎င်းနေအိမ်၌ သိမ်းဆည်းရမိကြောင်း သိရသည်။

၎င်းတို့ နှစ်ဦးထံမှ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ပြားမှာ ဒေသကာလပေါက်ဈေး တန်းဖိုးငွေကျပ် ၁၅၀ သိန်းရှိပြီး စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၈၀၀ ပြားမှာ တန်ဖိုးငွေ ကျပ် ၁၀၄ သိန်းနှင့် ဘိန်းဖြူ အလေးချိန် ၁၁၀ ဂရမ်မှာ တန်ဖိုးငွေကျပ် ၂၂ သိန်းရှိကြောင်း CCDAC Myanmar ကဖော်ပြထားသည်။

သိန်းစိုအောင် (ခ) အားဝေ အသက် ၂၉ နှစ်နှင့် လောဝ်ဝူ (ခ) လီမင်ချိန် အသက် ၃၆ နှစ်တို့အား လားရှိုးမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေယူထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

သတိပြုရမည့် မူးယစ်မှောင်ခိုလမ်းကြောင်း (သို့မဟုတ်) တားမြစ်နေရာများ အမဲလိုက်ခြင်း

0
ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သည့်အတွက် ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မုဆိုးများသည် တောကျို တောင်ကြားထဲ အမဲလိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုရာသီသည် တောတောင်ထဲတွင် တောဝက်များ၊ တောကြက်များ အစာရှာထွက်သည့်အတွက် အများစုက အမဲလိုက်ရန် သွားကြကြောင်း မိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဓိက တောဝက်၊ တောကြက်ရဖို့...
Lashio_Election_Station

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား နောင်ချို၊ လားရှိုးနှင့် မူဆယ်မြို့တွင် ဆန္ဒမဲပေးသူနည်း

0
သျှမ်းပြည် နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့များတွင် စစ်ရေးပဋိပက္ခကြား လုံခြုံရေး စိုးရိမ်မှုကြောင့် ဆန္ဒမဲပေးသူ နည်းပါးကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့ (၃)...

အတုအယောင် ရွေးကောက်ပွဲ တစ်ပတ်အလို လားရှိုးမြို့ပေါ် မိုင်းပေါက်ကွဲ၊ ပြည်သူထိတ်လန့်

0
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ အချို့တွင် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူထိတ်လန့်ခဲ့ကြောင်း စုံစမ်းသိရသည်။ လာမည့် (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ...