လားရှိုး တိုက်ပွဲအတွင်း MNDAA တပ်သား ၈ ဦးကျဆုံးဟု SSPP ပြော၊ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့

သျှမ်းပြည် လားရှိုးမြို့နယ်တွင် SSPP/SSA နှင့် MNDAA တို့အကြား တစ်ရက်တည်း ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး MNDAA တပ်သား ၈ ဦး ကျဆုံးကြောင်း SSPP ဘက်မှ ထုတ်ပြန်ခဲ့သည်။

ယမန်နေ့ (ဇွန်လ ၁ ရက်) နေ့လယ် ၂ နာရီကျော်မှ စတင်ပြီး လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စုအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တစ်ရက်တည်း ထိတွေ့တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

“နေ့လယ် ၂ နာရီလောက်မှာ တစ်ခါ၊ ညနေ ၄ နာရီခွဲလောက်မှာ နောက်တစ်ခါ ထပ်ပစ်ကြတာ။ SSPP စစ်ကြောင်းကို ကိုးကန့်ဘက်က လမ်းမကြီးအတိုင်း ပေးမသွားဘဲ တောလမ်းက သွားခိုင်းတာ၊ နောက်ပြီး စစ်ကြောင်းနောက်ကို ဆိုင်ကယ်နဲ့ လိုက်တယ်ပြောတယ်။ နားလိုင်အပေါ်ရွာနဲ့ နမ့်လုတ်ရွာ နတ်စင်မှာ ပစ်ကြတာ၊ ကိုးကန့်ဘက်က ၈ ယောက် ကျတယ်”ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့နယ်အတွင်း ယမန်နေ့တွင် ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲနှင့် ပတ်သက်၍ SSPP/SSA စစ်ကြောင်းထွက်နေချိန် ကိုးကန့်တပ်ဖွဲ့ MNDAA တပ်မ (၆၁၁) လက်အောက်ခံ ခြုံခိုဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် နှစ်ဘက်တပ်ဖွဲ့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ရာ ကိုးကန့်တပ်သား (၈) ဦး ကျဆုံးပြီး ဒဏ်ရာရသူရှိကြောင်း SSPP Info မှ သတင်းထုတ်ပြန်ထားသည်။

လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စုရှိ မောက်လွမ့်ကျေးရွာမှ SSPP စစ်ကြောင်းသည် ပုန်းထွန်၊ နောင်မွန်ကျေးရွာဘက်သို့ သီပေါ-လားရှိုး ပြည်ထောင်စုလမ်းမကြီးအတိုင်း သွားရောက်ရန် MNDAA ထံ အကြောင်းကြားခဲ့သော်လည်း တောလမ်းဖြင့်သာ သွားခွင့်ပြုကြောင်း ဆိုသည်။

၎င်းနောက် ဟန်နားကျေးရွာအုပ်စုမှ တောလမ်းအတိုင်း ထွက်ခွာလာသည့် SSPP စစ်ကြောင်းကို MNDAA တပ်သားများမှ ဆိုင်ကယ်ဖြင့် နောက်ယောင်ခံ လိုက်ပါလာခြင်းကြောင့် နှစ်ဘက်တပ်ဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“SSPP က ဆက်မသွားတော့ဘဲ တပ်ပြန်ဆုတ်တဲ့အချိန် ဟန်နားရွာ နတ်စင်နား စောင့်နေတဲ့ ကိုးကန့်စစ်သားနဲ့ နောက်တစ်ခါ ထပ်ပစ်ကြတာ။ လားရှိုးဘက်က ကိုးကန့်စစ်သားတွေ တစ်ညလုံး အင်အားဖြည့်လာပြီး နှစ်ဘက် တင်းမာနေတုန်းပဲ။ ဟန်နားနတ်စင်က ဖြူနီအလံတွေလည်း ဘာမှမဆိုင်ဘဲ ကိုးကန့်စစ်သားတွေ ဖြုတ်လိုက်တယ်”ဟု လားရှိုးဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

ယမန်နေ့ ညပိုင်းတွင် တိုက်ပွဲဖြစ်ပွားသည့်နေရာမှ ကိုးကန့်တပ်ဖွဲ့ ပြန်လည်ဆုတ်ခွာခဲ့သော်လည်း လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စုတွင် SSPP/SSA နှင့် MNDAA တို့ နှစ်ဘက်စလုံး အင်အားဖြည့်တင်းမှုကြောင့် စစ်ရေးတင်းမာလျက်ရှိပြီး ကိုးကန့်တပ်ဘက်မှ ပြည်သူများကို အသွားအလာ ကန့်သတ်ပိတ်ပင်ထားကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် တိုက်ပွဲဆက်လက် ဖြစ်ပွားမည်ကို စိုးရိမ်ခြင်းကြောင့် ဟန်နားကျေးရွာအုပ်စုအတွင်းမှ နားလိုင်ကျေးရွာ၊ ဟန်နားကျေးရွာ၊ ဟိန်းလွမ့်ကျေးရွာ၊ ကောင်းကော်ကျေးရွာ စသည့် ကျေးရွာများမှ ဒေသခံများသည် ဘေးလွတ်ကင်းသည့် နေရာသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ဧပြီလ ၂၈-၂၉ ရက်တွင် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်း၌ စတင်ဖြစ်ပွားခဲ့သည့် SSPP/SSA နှင့် MNDAA တို့အကြား စစ်ရေးပဋိပက္ခသည် တစ်လကျော် ကြာသည်အထိ ဆက်လက်တင်းမာနေသည်။

ပြီးခဲ့သည့် မေလ (၂၅) ရက်က စတင်ပြီး SSPP ဘက်မှ MNDAA ယခင်လကတည်းက ဝင်ရောက်နေရာယူခဲ့သည့် နေရာများသို့ စစ်အင်အား အလုံးအရင်း ပြန်လည်ဖြည့်တင်းခဲ့ပြီးနောက် ယခုကဲ့သို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

မေလဆန်းပိုင်းတွင် SSPP ဘက်မှ ဗဟိုနိုင်ငံရေးကော်မတီနှင့် MNDAA ဘက်မှ ဗဟိုအဆင့် တာဝန်ရှိသူများသည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ် ပန်ဆန်းမြို့၌ လက်ရှိဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှု အခြေအနေများကို တွေ့ဆုံဆွေး‌နွေးခဲ့ကြသော်လည်း သဘောတူညီမှု တစုံတရာ မရရှိခဲ့ဘဲ အစည်းအဝေး ပြီးဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...