လားရှိုးမြို့မှ ဆုတ်ခွါရသည့် ကိုးကန့် MNDAA တပ်က စကစ စစ်သုံ့ပန်းများအား ပြန်လွှတ်ပေး

လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်စဉ်က ဖမ်းဆီးရမိသည့် စစ်ကောင်စီ အရာရှိကြီးငယ် သုံ့ပန်းများအား ကိုးကန့် MNDAA က ပြန်လည် လွှတ်ပေးနေကြောင်း စုံစမ်းသိရသည်။

တရုတ်ဖိအားကြောင့် လားရှိုးမြို့ပေါ်မှ တပ်ဆုတ်ပြီး တစ်လမပြည့်မီ သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသည့် စစ်ကောင်စီသုံ့ပန်း များကို အသုတ်လိုက်ခွဲပြီး ပြန်လွှတ်ပေးနေကြောင်း သံချပ်ကာ တပ်ရင်း၊ ခလရ ၆၈ ၊ ၄၁ တို့မှ အရာရှိများလည်း ပါဝင်ကြောင်း ဟု လားရှိုးဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“တကယ်တော့ ကိုးကန့်က တော်လှန်ရေးကို ကျောခိုင်းသွားပြီလေ၊ အရင်က တပ်မိသားစုတို့ ဘာတို့ လွတ်ပေး တယ်…လွန်ခဲ့တဲ့ရက်ပိုင်းက ထပ်လွှတ်ပေးသေးတယ်၊ ဒီတစ်ခေါက်က အရာရှိတွေပါတယ်လို့ သိရတယ်၊ ဖမ်းခံ ရတဲ့ လားရှိုး သံချပ်ကာ တပ်ရင်းမှူး၊ ခလရ၊ ခမရ နဲ့ စရဖက အရာရှိ တချို့လွှတ်လာတယ်” ဟု အမည်မဖေါ်လို သည့် လားရှိုးဒေသခံက ပြောသည်။

ထို့ပြင် ကိုးကန့်တပ် ပြန်လွတ်ပေးသည့် အရာရှိတစ်ချို့သည် တပ်တွင်းသို့ ပြန်လာရန်ဆန္ဒ မရှိသဖြင့် ရှိရင်းနေရာ တွင်သာ ဆက်ရှိနေကြောင်း ထိုဒေသခံက ဆက်ပြောသည်။

“အဲ့ဒီလွှတ်ပေးတဲ့ စစ်သုံ့ပန်းထဲမှာ ပြန်မလာချင်တဲ့လူတွေလည်းရှိတယ်၊ တချို့ပြန်ချင်တယ်ဟေ့ လို့ပြော တဲ့လူတွေ ကိုလည်း လွှတ်ပေးတယ်…စကစနဲ့ ကိုးကန့်တွေလဲ အတူတူပဲလို့ပြောလို့ရတယ်”- ဟု ဆက်ပြောသည်။

၁၀၂၇ စစ်ဆင်ရေးကြောင့် လာရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အပါအဝင်၊ အမြောက်တပ်၊ သံချပ်ကာတပ်ရင်း၊ ဝန်တင်တပ်ရင်း၊ ထောက်ပို့တပ်၊ ဆက်သွယ်ရေးတပ်၊ စစ်မြေပြင်ဆေးတပ်ရင်း၊ ခြေမြန် တပ်ရင်း၊ ခြေလျင်တပ်ရင်း၊ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့၊ ရဲစခန်း အစသည့် ဌာနများမှ ဖမ်းဆီးခံထားရသည့် စစ်ကောင်စီ စစ်သုံ့ပန်းများအား ကိုးကန့်တပ်တို့ မှ အသုတ်လိုက်ခွဲပြီး ပြန်လည်လွှတ်ပေးနေခြင်းဖြစ်သည်။

အလုပ်သင် သတင်းထောက် စိုင်းဟန်မော(ဝ်) ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...