Wednesday, January 28, 2026

လားရှိုးမြို့မှ ဆုတ်ခွါရသည့် ကိုးကန့် MNDAA တပ်က စကစ စစ်သုံ့ပန်းများအား ပြန်လွှတ်ပေး

လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်စဉ်က ဖမ်းဆီးရမိသည့် စစ်ကောင်စီ အရာရှိကြီးငယ် သုံ့ပန်းများအား ကိုးကန့် MNDAA က ပြန်လည် လွှတ်ပေးနေကြောင်း စုံစမ်းသိရသည်။

တရုတ်ဖိအားကြောင့် လားရှိုးမြို့ပေါ်မှ တပ်ဆုတ်ပြီး တစ်လမပြည့်မီ သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသည့် စစ်ကောင်စီသုံ့ပန်း များကို အသုတ်လိုက်ခွဲပြီး ပြန်လွှတ်ပေးနေကြောင်း သံချပ်ကာ တပ်ရင်း၊ ခလရ ၆၈ ၊ ၄၁ တို့မှ အရာရှိများလည်း ပါဝင်ကြောင်း ဟု လားရှိုးဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“တကယ်တော့ ကိုးကန့်က တော်လှန်ရေးကို ကျောခိုင်းသွားပြီလေ၊ အရင်က တပ်မိသားစုတို့ ဘာတို့ လွတ်ပေး တယ်…လွန်ခဲ့တဲ့ရက်ပိုင်းက ထပ်လွှတ်ပေးသေးတယ်၊ ဒီတစ်ခေါက်က အရာရှိတွေပါတယ်လို့ သိရတယ်၊ ဖမ်းခံ ရတဲ့ လားရှိုး သံချပ်ကာ တပ်ရင်းမှူး၊ ခလရ၊ ခမရ နဲ့ စရဖက အရာရှိ တချို့လွှတ်လာတယ်” ဟု အမည်မဖေါ်လို သည့် လားရှိုးဒေသခံက ပြောသည်။

ထို့ပြင် ကိုးကန့်တပ် ပြန်လွတ်ပေးသည့် အရာရှိတစ်ချို့သည် တပ်တွင်းသို့ ပြန်လာရန်ဆန္ဒ မရှိသဖြင့် ရှိရင်းနေရာ တွင်သာ ဆက်ရှိနေကြောင်း ထိုဒေသခံက ဆက်ပြောသည်။

“အဲ့ဒီလွှတ်ပေးတဲ့ စစ်သုံ့ပန်းထဲမှာ ပြန်မလာချင်တဲ့လူတွေလည်းရှိတယ်၊ တချို့ပြန်ချင်တယ်ဟေ့ လို့ပြော တဲ့လူတွေ ကိုလည်း လွှတ်ပေးတယ်…စကစနဲ့ ကိုးကန့်တွေလဲ အတူတူပဲလို့ပြောလို့ရတယ်”- ဟု ဆက်ပြောသည်။

၁၀၂၇ စစ်ဆင်ရေးကြောင့် လာရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အပါအဝင်၊ အမြောက်တပ်၊ သံချပ်ကာတပ်ရင်း၊ ဝန်တင်တပ်ရင်း၊ ထောက်ပို့တပ်၊ ဆက်သွယ်ရေးတပ်၊ စစ်မြေပြင်ဆေးတပ်ရင်း၊ ခြေမြန် တပ်ရင်း၊ ခြေလျင်တပ်ရင်း၊ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့၊ ရဲစခန်း အစသည့် ဌာနများမှ ဖမ်းဆီးခံထားရသည့် စစ်ကောင်စီ စစ်သုံ့ပန်းများအား ကိုးကန့်တပ်တို့ မှ အသုတ်လိုက်ခွဲပြီး ပြန်လည်လွှတ်ပေးနေခြင်းဖြစ်သည်။

အလုပ်သင် သတင်းထောက် စိုင်းဟန်မော(ဝ်) ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...