လားရှိုး

လားရှိုးမြို့ပေါ် တရုတ်အလံပါ ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ ယာဉ်တန်းရောက်လာ

သျှမ်းပြည် လားရှိုးမြို့ပေါ်သို့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း ရောက်ရှိနေပြီး တရုတ်နိုင်ငံအလံပါ ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့ ယာဉ်တန်းများလည်း ရောက်ရှိလာကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၁၉ ရက်) တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ တရုတ်နိုင်ငံအလံနှင့် “ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့”ဟူ၍ တရုတ်နှင့်...

လားရှိုးမြို့ထဲ စစ်ကောင်စီအရာရှိအချို့ စတင်ဝင်ရောက်လာပြီး MNDAA၊ တရုတ်တို့နှင့် သုံးပွင့်ဆိုင်အစည်းအဝေးပြုလုပ်

သျှမ်းပြည် လားရှိုးမြို့ထဲသို့ စစ်ကောင်စီတပ်မှ အရာရှိအချို့ စတင်ဝင်ရောက်လာပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ၊ တရုတ်အစိုးရကိုယ်စားလှယ်များနှင့် သုံးပွင့်ဆိုင် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၁၇ ရက်) နေ့လယ်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ ရပ်ကွက် (၂) ရှိ...

တောင်ကြီးရောက် လားရှိုးစစ်ဘေးရှောင်ရာချီ စီးပွားရေးခက်ခဲ  ဝမ်းရေးကျပ်တည်း

 ‘၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း’ ကြောင့် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့သို့ စစ်ဘေးရှောင်လာကြသော လားရှိုးမှ စစ်ဘေးရှောင်ရာဂဏန်း စီးပွားရေးခက်ခဲပြီး ဝမ်းရေးကျပ်တည်းနေသည်ဟု သိရှိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် စတင်ခဲ့သော ‘၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း’ တိုက်ပွဲကြောင့် တောင်ကြီးမြို့သို့ စစ်ဘေးတိမ်းရှောင်လာသည့် သျှမ်းပြည်မြောက်ပိုင်းဒေသခံများအနက် ယနေ့ကျန်ရှိနေသေးသော  လားရှိုးမြို့ဒေသခံ အယောက် ၃၀၀...

လားရှိုး MNDAA မှ သမီးအရင်းအား မုဒိမ်းကျင့်သူကို ‌တစ်သက်တစ်ကျွန်းထောင်ဒဏ် ချမှတ်ပြီး လူသတ်မှုနှင့် သူခိုးဓားပြမှုအတွက် သေဒဏ်ပေးကွပ်မျက်

သျှမ်းပြည် လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ရာဇဝတ်မှု ကျူးလွန်သူများကို အများပြည်သူရှေ့ သေဒဏ် ချမှတ်ပြီး ချက်ချင်းကွပ်မျက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁၀ ရက်) နံနက်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် မန်ဆူကျောင်းတိုက်နှင့် အဝေရာလမ်းသွယ် အနီးတွင် MNDAA...

လားရှိုးမြို့အတွင်း တိုက်ပွဲကြောင့် ပျက်စီးသွားသည့်နေအိမ်များကို ကိုးကန့်တပ်ဖွဲ့က လျော်ကြေးပေး

သျှမ်းပြည် လားရှိုးမြို့တွင် မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေသခံ နေအိမ်များကို ကိုးကန့်တပ်ဖွဲ့က လျော်ကြေးပေးခဲ့ကြောင်း သတင်းသိရသည်။ လားရှိုးမြို့ပေါ်တွင် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ တိုက်ပွဲများကြောင့် ဒေသခံနေအိမ်များသည် လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများ ခံခဲ့ရပြီး ဒေသခံနေအိမ်...

လားရှိုးမြို့မှ MNDAA တပ်ဆုတ်ရန်ပြင်ဆင်၊ ဆေးရုံနှင့်ရုံးတွင်းပစ္စည်းများကို ကားတင်ပြောင်းရွှေ့

သျှမ်းပြည် လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆုတ်ခွာရန် ပြင်ဆင်နေပြီး ဆေးရုံနှင့် ဌာနဆိုင်ရာ ရုံးတွင်းပစ္စည်းများ အားလုံးကို ကားတင်ပြောင်းရွှေ့နေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီဘက်မှ ပြန်လည်ဝင်ရောက်မည် ဆိုခြင်းကြောင့် ယမန်နေ့ (ဧပြီလ ၃ ရက်) မှ စတင်၍...

MNDAA ထိန်းချုပ်နယ်မြေ ပြည့်တန်ဆာလုပ်ငန်း ကြီးထွားလာ

လမ်းဘေး မီးတိုင်မှာ အမျိုးသမီး အလှပုံနဲ့ ဖုန်းနံပတ်ပါ တရုတ်စာသား ဆိုင်းဘုတ်ကို ထင်ထင်ရှားရှား ချိတ်ဆွဲထားပါတယ်။ အဲ့ဒီဒေသဟာ တရုတ်ပြည် မဟုတ်ဘဲ ညီနောင်မဟာမိတ် တပ်ပေါင်းစုတွေ “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ခဲ့ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က ၂၀၂၄ ခုနစ် သြဂုတ်လတွင် အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တဲ့...

လားရှိုးမြို့ ပွဲအမျိုးမျိုးအကြောင်းပြ ၃လ နီးပါးကြာ လောင်းကစားဝိုင်းများ အကြီးအကျယ်လုပ်

သျှမ်းပြည် လားရှိုးမြို့တွင် ပွဲအမျိုးမျိုး အကြောင်းပြပြီး သုံးလနီးပါး လောင်းကစားဝိုင်းများ အကြီးအကျယ် ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်၍ လက်ရှိ မတ်လအထိ ၃လနီးပါး ပွဲအမျိုးမျိုး အကြောင်းပြကာ လောင်းကစားဝိုင်းများကို MNDAA ခွင့်ပြုချက်ဖြင့် အကြီးအကျယ်...

လားရှိုးမြို့ သင်္ကြန်ကျင်းပရေး ပြည်သူပါဝင်ရန် MNDAA ကြိုးစားနေ

သျှမ်းပြည် လားရှိုးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန်အတွက် ကိုးကန့်တပ်ဖွဲ့ MNDAA က အစည်းအဝေး ခေါ်ယူပြီး ရပ်ကွက်အလိုက် ယိမ်းအကအဖွဲ့များ ပြင်ဆင်လေ့ကျင့်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ၁၆ ရက် နေ့လယ်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် လားရှိုးဧရိယာ...

လားရှိုး MNDAA အင်အားရာနှင့်ချီ လက်နက်အပြည့်အစုံဖြင့် သိန္နီဘက်သို့ တပ်ပြောင်းရွှေ့

သျှမ်းပြည် လားရှိုးမြို့မှ ကိုးကန့်တပ်သား အင်အားအများအပြားသည် စစ်လက်နက် အပြည့်အစုံ ကိုင်ဆောင်ပြီး ကား (၇) စီးဖြင့် သိန္နီမြို့ဘက်သို့ မျက်နှာမူ၍ ချီတက်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၀ ရက်) နံနက်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့မှ ကိုးကန့်တပ်သားများသည် စစ်လက်နက်...

Latest news