လားရှိုးမြို့ ပွဲအမျိုးမျိုးအကြောင်းပြ ၃လ နီးပါးကြာ လောင်းကစားဝိုင်းများ အကြီးအကျယ်လုပ်

သျှမ်းပြည် လားရှိုးမြို့တွင် ပွဲအမျိုးမျိုး အကြောင်းပြပြီး သုံးလနီးပါး လောင်းကစားဝိုင်းများ အကြီးအကျယ် ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။

ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်၍ လက်ရှိ မတ်လအထိ ၃လနီးပါး ပွဲအမျိုးမျိုး အကြောင်းပြကာ လောင်းကစားဝိုင်းများကို MNDAA ခွင့်ပြုချက်ဖြင့် အကြီးအကျယ် ဆက်တိုက်ဖွင့်လှစ်နေကြောင်း လားရှိုးမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု ဘုရားပွဲမှာ ၁၀ ရက်လောက် လုပ်တာ၊ အဲ့တာကို လောင်းကစားဝိုင်းတွေပါ လုပ်တယ်။ ၃ လလောက် လားရှိုးမှာက ပွဲတွေ ဆက်တိုက် လုပ်နေတာ။ တစ်နေရာပြီး တစ်နေရာ လုပ်နေတာ လုပ်တဲ့ နေရာတိုင်းမှာလည်း လောင်းကစားဝိုင်းက ရှိတယ်။ ဇန်နဝါရီလကတည်းက စတာ ခုထိ”ဟု လားရှိုးမြို့ ဒေသခံ အမျိုးသာတစ်ဦးက ပြောသည်။


ထိုသို့ လောင်းကစားဝိုင်းများ ပေါများလာခြင်းသည် တရုတ်နှစ်သစ်ကူး ကာလမှ စ၍ တပေါင်းပွဲ အချိန်ထိ ပွဲအကြောင်းပြကာ လောင်းကစားဝိုင်းများကို အဆက်မပြတ် ဖွင့်လှစ်ခွင့်ပြု ထားခြင်းကြောင့် ခိုးဆိုးလုနှိုက်နှင့် ဓားပြတိုက်မှု အန္တရာယ်အပြင် လုံခြုံရေး စိုးရိမ်ရကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးကို ပြောသည်။

လားရှိုးလောင်းကစား

“အခုကတော့ သူခိုးတွေ ပေါလာတယ်။ နာရေးတောင် မကျန်ဘူး၊ ဂုံးဂင်းဝိုင်းတွေက ရှိတယ်။ ပြည်သူတချို့ အတွက်တော့ အခက်အခဲ ဖြစ်စေတယ်။ တချို့ကြတော့လည်း ရှာလို့ ရသလောက်နဲ့ လာလောင်းပြီး သွားဆော့၊ ပြီးရင် အကုန်ရှုံး။ တချို့လည်း အိမ်မှာနေပြီး ခိုးတာတွေကို သတိထား နေရတာပေါ့။ သင်္ကြန်မှာ‌တောင် လောင်းကစားဝိုင်းတွေ ရှိမယ်လို့ ပြောသံကြားနေရတာ”ဟု လားရှိုးမြို့ဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

လားရှိုးမြို့တွင် ဂုံးဂင်းဝိုင်း၊ ရှမ်းကိုးမီး ဖဲဝိုင်း၊ ငါးပစ်ဝိုင်း စသည့် လောင်းကစားဝိုင်း အမျိုးမျိုး ဖွင့်လှစ်ထားပြီး၊ ထိုလောင်းကစားဖွင့်လှစ်ထားသော ဒိုင်များသည် ကိုးကန့်တပ်ဖွဲ့ MNDAA ထံ အခွန်ပေးဆောင်ကာ ခွင့်ပြုချက်ရယူပြီး ဖွင့်လှစ်ကြကြောင်း သိရသည်။

အဆိုပါ လောင်းကစားဝိုင်းများသည် MNDAA ထံ အခွန်ပေးဆောင်ကာ လားရှိုးမြို့၌ ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်ထားပြီး၊ လက်ရှိ MNDAA ထိန်းချုပ်ထားသော ဒေသများတွင် လောင်းကစားဝိုင်းများအပြင် KTV ၊ မာဆက် အနှိပ်ဆိုင်များနှင့် ပြည့်တန်ဆာ လုပ်ငန်းများလည်း ပိုမို ပေါများလာကြောင်း ဒေသခံများက ပြောသည်။

လားရှိုးမြို့ပေါ်တွင် ပြည့်တန်ဆာ လုပ်ငန်းအတွက် ပွင့်လင်းစွာ ပိုစတာများကပ်ပြီး ကြော်ငြာလာသည် အထိ ဈေးကွက်ရှာဖွေလာကြောင်း သိရသည်။

လားရှိုးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန်အတွက် MNDAA က အစည်းအဝေး ခေါ်ယူပြီး ဧပြီလ ၁၃ ရက်မှ ၁၇ ရက်နေ့အတွင်း သင်္ကြန်အကြိုနေ့မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ငါးရက်တိုင်တိုင် လားရှိုး မြို့တော်ခန်းမတွင် ဗဟိုမဏ္ဍပ် ထားရှိကာ ရပ်ကွက်အလိုက် ယိမ်းအကအဖွဲ့များနှင့် တိုင်းရင်းသား ရိုးရာအကများဖြင့် ဖျော်ဖြေနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...