လားရှိုးမြို့မှ MNDAA တပ်ဆုတ်ရန်ပြင်ဆင်၊ ဆေးရုံနှင့်ရုံးတွင်းပစ္စည်းများကို ကားတင်ပြောင်းရွှေ့

သျှမ်းပြည် လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆုတ်ခွာရန် ပြင်ဆင်နေပြီး ဆေးရုံနှင့် ဌာနဆိုင်ရာ ရုံးတွင်းပစ္စည်းများ အားလုံးကို ကားတင်ပြောင်းရွှေ့နေကြောင်း စုံစမ်းသိရသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီဘက်မှ ပြန်လည်ဝင်ရောက်မည် ဆိုခြင်းကြောင့် ယမန်နေ့ (ဧပြီလ ၃ ရက်) မှ စတင်၍ ဆေးရုံနှင့် ဌာနဆိုင်ရာရုံးများမှ ပစ္စည်းအားလုံးကို ကားကြီးကားငယ်ဖြင့် တင်ဆောင်ပြီး ကိုးကန့်တပ်သားများ မြို့ပေါ်မှ တပ်ဆုတ်ခွာရန် ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။

“ကိုးကန့်ကတော့ တပ်ဆုတ်မှာ သေချာသွားပြီ၊ အခု ဆေးရုံထဲက ပစ္စည်းအကုန်လုံး ကားကြီးကားငယ်နဲ့ အကုန်သယ်ထုတ်နေပြီ ဘာမှ မချန်ထားဘူး အခွံပဲ ကျန်တယ်။ မနေ့ကလည်း EPC ရုံးထဲ ကြေးနန်းကြိုးတွေကအစ သယ်သွားလို့ မြို့အတွက် ချန်ထားပေးပါဦး ပြောတာ ရန်တောင်ဖြစ်တဲ့အထဲပဲ”ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တရုတ်၏ ဖိအားပေးမှုကြောင့် သင်္ကြန်အပြီး မြန်မာနှစ်ဆန်း (၁) ရက်နေ့ ဖြစ်သည့် ဧပြီလ (၁၇) ရက်အထိ လားရှိုးမြို့ပေါ်မှ MNDAA တပ်ဖွဲ့ဝင်များကို တပ်ဆုတ်ခွာရန် အချိန်ပေးထားကြောင်း ပြောဆိုနေကြသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

လားရှိုးမြို့ တိုက်ပွဲပြီးနောက်ပိုင်းပုံ

လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုတွင် စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လဝက ကဲ့သို့ ဌာနဆိုင်ရာ ရုံးအဖွဲ့များ စတင်ဝင်ရောက်မည်ဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့၏ စစ်ရေးအုပ်ချုပ်မှုကော်မတီလည်း ဆက်ရှိနေမည်ဖြစ်ကာ ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများကို ထိန်းချုပ်ထားမည်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

“အခုတော့ အကုန်လုံး မဆုတ်သေးဘူး၊ မြို့ထိန်းဖို့လောက်တော့ ကျန်ဦးမယ်။ သိရသလောက် ဝ နဲ့ စကစနဲ့က အတူတူ ဝင်လာမယ်၊ ကိုးကန့်တပ်က နမ့်ပေါင်မှာ သွားကြိုမယ်လို့ ကြားတယ်။ ဧပြီ ၁၇ ရက်နေ့ နောက်ဆုံး ထွက်မယ်လို့ ပြောတယ်”ဟု လားရှိုးဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

ယခု တပ်ဆုတ်ခွာရန် ပြင်ဆင်နေသည့် ကိုးကန့်တပ်ဖွဲ့ နေရာတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ အစားထိုး ဝင်ရောက်နေရာယူရန် တွေ့မြင်နေရကြောင်း ဒေသခံများ ပြောဆိုချက်နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းထံ ဆက်သွယ်မေးမြန်းခဲ့ရာ “ကျနော်တို့အဖွဲ့ ပုံမှန်ပါပဲ”ဟု ပြန်လည်ဖြေကြားသည်။

ပြီးခဲ့သည့် မတ်လ (၂၂) ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ရာ သဘောတူညီချက် တစုံတရာ မရရှိခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း ယခုအခါ လားရှိုးမြို့ပေါ် MNDAA မှ သင်္ကြန်အပြီး တပ်ဆုတ်ပေးရန် ဖြစ်လာသည်။

ယင်းမတိုင်ခင် မတ်လ (၁၃) ရက်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ဖွဲ့စည်းသတ်မှတ်ထားသည့် ကိုးကန့်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ သိန္နီခရိုင်နှင့် မုံးကိုးခရိုင်တို့မှ စစ်ဦးစီးမှူးများကို တရုတ်အာဏာပိုင်များမှ ကူမင်းမြို့သို့ အရေးပေါ် ခေါ်ယူခဲ့ပြီး စစ်ကောင်စီနှင့် မတွေ့ဆုံခင် ကြိုတင်ဆွေးနွေး ဖိအားပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“အခုက ညှိနှိုင်းပြီး တပ်ဆုတ်တာဆိုတော့ တိုက်ပွဲ မဖြစ်ဖို့ မျှော်လင့်ရတာပေါ့။ ပြည်သူကတော့ စိတ်ထိခိုက်ရတာပေါ့၊ မြို့သိမ်းတိုက်ပွဲတုန်းကလည်း အသက်အိုးအိမ် စည်းစိမ်တွေ အကုန်ပေးဆပ်ထားရတော့ ကျွဲနှစ်ကောင် ခတ်တဲ့ကြား မြေစာပင် ဖြစ်ရသလိုပေါ့။ မြို့ကြီးကို အခွံပဲ ကျန်အောင် ဖျက်စီးပြီးမှ အခုလို ထွက်သွားတာ တရားသလား”ဟု လားရှိုးမြို့မှ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ မတ်လဆန်းပိုင်းမှ စတင်ပြီး လားရှိုးမြို့မှ ကိုးကန့်တပ်သား အင်အားအများအပြား စစ်လက်နက် အပြည့်အစုံ ကိုင်ဆောင်ပြီး သိန္နီမြို့ဘက်သို့ မျက်နှာမူ၍ ချီတက်သွားခဲ့ခြင်းကြောင့် ယခင်က သတင်းထွက်ပေါ်ခဲ့သည့်အတိုင်း ဇွန်လမတိုင်မီ လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ်များ အသုတ်လိုက် ဆုတ်ခွာသွားမည်ကို ဒေသခံများက စိုးရိမ်ခဲ့ကြသည်။

စစ်ကောင်စီ၏ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့များက ယမန်နှစ် ၂၀၂၄ ဩဂုတ်လ ပထမပတ်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး (၆) ကျော် ထိန်းချုပ်ထားနိုင်ခဲ့ရာမှ ဧပြီလကုန်ပိုင်းတွင် စစ်ကောင်စီထံ ပြန်လည်လက်လွှတ်ရမည့် အခြေအနေ ဖြစ်လာနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...