တရုတ်လမ်းညွန်မှုဖြင့် လားရှိုးမြို့ပေါ် စစ်ကောင်စီနေရာပြန်ချရန် ဆွေးနွေးနေ

သျှမ်းပြည် လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA၊ စစ်ကောင်စီနှင့် တရုတ်ကိုယ်စားလှယ်တို့ ထပ်မံတွေ့ဆုံ ဆွေးနွေးနေကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ (ဧပြီ ၂၁ ရက်)တွင် လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA လားရှိုးမြို့မှ ထွက်ခွာသွားရန်နှင့် စစ်ကောင်စီအတွက် နေရာပြန်လည်ချမှတ်ရေးအတွက် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း လားရှိုးမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့တော့ တရုတ်၊ ကိုးကန့်၊ စစ်ကောင်စီတို့ ၃ ဖွဲ့လုံးတွေ့ကြတာ။ ၃ ဖွဲ့လုံးတွေ့ကြမှပဲ နိုင်ငံရေး အဖြေထွက်မယ်လေ။ ကျနော်တို့အထင်ကတော့ သူတို့ ၃ ဖွဲ့စလုံး အဆင်ပြေမယ်လို့ ယုံကြည်တယ်။ အပေးအယူကလည်း ရသင့်သလောက် ရထားကြပြီလေ။ ပြောရရင် ဒီနေ့ကတော့ အချောသပ် ဆွေးနွေးတာပဲ ဖြစ်မှာပေါ့။ အကြမ်းထည်ကတော့ သူတို့ တရုတ်နိုင်ငံထဲမှာ ဆွေးနွေးပြီးပြီဆိုတော့ ဒီနေ့တော့ အလွတ်သဘော အချောသပ်ကြတာပေါ့” ဟု လားရှိုးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့တို့ ပြေလည်သွားကြသော်လည်း တိုက်ပွဲအတွင်း ပျက်စီးသွားခဲ့သည့် ပြည်သူနေအိမ်၊ အဆောင်အအုံတွေအပေါ် တာဝန်ယူမှု တာဝန်ခံမှု ရှိခိုင်းစေလိုကြောင်းနှင့် ပြည်သူနစ်နာမှုအတွက်ပါ ထည့်တွေးစေချင်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက တောင်းဆိုလိုက်သည်။

“တာဝန်ယူမှု တာဝန်ခံမှု ရှိရင်တော့ သိပ်ကောင်းတာပေါ့။ တချိန်တုန်းကတော့ သူတို့တွေ ရန်ဖြစ်တယ်။ အိုးအိမ်တွေ ဖြိုခွဲကြတယ်။ အခုတော့ ပြန်ပြေလည်သွားကြတယ်။ ကျမတို့ ပြောချင်တာတော့ တစ်ခြားဟာတွေပဲ ဆွေးနွေးမနေနဲ့။ ကျမတို့ ပြည်သူတွေအပေါ် ပျက်စီးသွားတဲ့ အိမ်တွေကို ဘယ်လိုပြန်ဖြည့်ဆည်းပေးမလဲ ဆိုတာလည်း ထည့်စဉ်းစားခိုင်းစေချင်တယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ ယနေ့ ကိုးကန့်တပ်ဖွဲ့၊ တရုတ်ကိုယ်စားလှယ်နှင့် စစ်ကောင်စီတို့ တွေ့ဆုံမှုတွင် လားရှိုးမြို့အတွင်း အထင်ကရနေရာတွင် စိုက်ထူထားသော ကိုးကန့်တပ်ဖွဲ့ MNDAA အလံကိုလည်း ရုတ်သိမ်းသွားခဲ့ကြောင်း သိရသည်။

၎င်းအလံကို ရုတ်သိမ်းလိုက်သော်လည်း လက်ရှိအချိန်ထိ ကိုးကန့်တပ်ဖွဲ့သည် လားရှိုးမြို့အတွင်း လုံခြုံရေး စောင့်ကြည့်ပေးနေသေးကြောင်း၊ စစ်ကောင်စီဘက်မှ တပ်အင်အား ဝင်ရောက်လာခြင်း မရှိသေးကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

လားရှိုးမြို့ ပြည်သူ့ဆေးရုံပစ္စည်းများကို MNDAA သယ်ယူစဉ်

“ဒီနေ့ ထူးခြားတာတော့ လားရှိုးမြို့တွင်းက ကိုးကန့်အလံတွေ လွင့်ထားတဲ့နေရာတိုင်းက အလံတွေကို သိမ်းလိုက်ပြီ။ အခုထိတော့ ကိုးကန့်တပ်ဖွဲ့တချို့ကတော့ လားရှိုးမြို့ပေါ် ရှိသေးတယ်။ သူတို့တွေ့ဆုံ ဆွေးနွေးမှုကို လုံခြုံရေး ယူထားပေးတာလည်း ကိုးကန့်တပ်ပဲလေ။ စစ်ကောင်စီဘက်ကနေ တိုင်းမှူးတို့၊ ဆေးရုံအုပ်တို့ ၊ ရာထူးကြီးတဲ့သူတွေတော့ ရောက်နေပြီ။ စစ်အင်အား၊ စစ်သားတွေ လက်နက်ကိုင်ပြီးတော့ ဝင်လာတာတော့ မရှိသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

ဧပြီ ၁၉ ရက်တွင် လားရှိုးမြို့ပေါ်သို့ တရုတ်နိုင်ငံ အလံနှင့် “ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့” ဟူ၍ တရုတ်နှင့် မြန်မာစာတန်းရေးထိုးထားသည့် ကားအစီးရေ (၃၀)ခန့် ယာဉ်တန်းဖြင့် စတင်ဝင်ရောက်လာပြီး၊ လားရှိုးမြို့ကို တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း ကိုယ်တိုင် ရောက်ရှိလာခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး”သည် ၂၀၂၃ အောက်တိုဘာလမှ စတင်လာခဲ့ပြီး ၂၀၂၄ ဩဂုတ်လအတွင်း ကိုးကန့်တပ်ဖွဲ့က လားရှိုးမြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် တရုတ်၏ ကြားဝင်စေ့စပ် ညှိနှိုင်းပေးမှုကြောင့် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ၇ ကြိမ်တွေ့ဆုံပြီးနောက် ၂၀၂၅ ဇန်နဝါရီလအတွင်းမှာ အပစ်အခတ် ရပ်စဲရေး ကြေညာနိုင်ခဲ့ပြီး ယခုဧပြီလအတွင်း ကိုးကန့်တပ်ဖွဲ့သည် လားရှိုးမြို့မှ တပ်ဆုတ်ပေးရန်အထိ ဖြစ်လာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

တာချီလိတ် ကျားဖြန့်တွင် ရောင်းစားခံရသည့် ရုရှားသူ ထွက်ပြေးလွှတ်မြောက်လာ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းတနေရာတွင် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဉီး ရောင်းစားခံရပြီး  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါ ရုရှားနိုင်ငံသူသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များ မှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရသိရသည်။  သူမ၏ ထွက်ဆိုချက်အရ သွားရောက်ခဲ့သည့် နေရာများတွင် ရိုက်နှက်ခံခဲ့ရပြီးနောက် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကာ လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။​ လက်ရှိတွင် ရုရှားနိုင်ငံသူသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းချက်အရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရနိုင်ကြောင်း ယူဆထားသည်။ သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေခြင်းသည်ပုံမှန်ဖြစ်ပြီး လာအို နှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။အခုကရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါကရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်လျှင် လစာဖြတ်တောက်ခြင်း နှင့် ရိုက်နှက်ခြင်းများ ရှိနိုင်ကြောင်း အဆိုပါ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူက ဆက်ပြောသည်။ “ကျနော်တို့ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံအရဆိုရောင်းစားခံရတာဖြစ်ဖို့ များတယ်။ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ်ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ။” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ၂၀၂၆...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...