လားရှိုးမြို့ပေါ် တရုတ်အကူအညီဖြင့် စစ်ကောင်စီ၏ စစ်ကားရာနှင့်ချီ လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်လာ

သျှမ်းပြည် လားရှိုးမြို့ပေါ်သို့ တရုတ်အကူအညီဖြင့် စစ်ကောင်စီဘက်မှ လက်နက်အပြည့်အစုံ တပ်ဆင်ကာ စစ်ကားရာနှင့်ချီ ယာဉ်တန်းဖြင့် ဝင်ရောက်လာခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဧပြီလ ၂၂ ရက်) နံနက် ၈ နာရီခန့်မှ စတင်ပြီး စစ်ကောင်စီတပ်၏ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) မှ စစ်ကား (၁၂၀) ကျော်၊ အိမ်စီးကားငယ် (၁၀၀) နီးပါး၊ စုစုပေါင်း ကားအစီးရေ (၂၀၀) ကျော်ပါ စစ်ယာဉ်တန်းသည် မြန်မာနိုင်ငံအလံနှင့် ရခမ နေဝန်းနီအလံတို့ လွှင့်ထူကာ လားရှိုးမြို့ထဲ စစ်ကောင်စီတပ်သားများ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“မနက် ၈ နာရီလောက် စစ်ကားတွေ လက်နက်အပြည့်အစုံနဲ့ မြို့ထဲဝင်လာတယ်။ ကားကြီး ကားသေး အားလုံးပေါင်း ၂၀၀ ကျော်လာတာ မျက်စိတဆုံးပဲ။ အဝိုင်းပတ်နားကနေ တချို့လည်း လားရှိုးတက္ကသိုလ်ဘက် သွားရပ်ထားတယ်၊ ဘယ်လိုမျိုး နေရာပြန်ချမလဲတော့ မပြောတတ်သေးဘူး”ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးအခြေစိုက် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ကို ယမန်နှစ် ၂၀၂၄ ဩဂုတ်လ ပထမပတ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီက တန့်ယန်းမြို့နယ် မန်ပက်အခြေစိုက် အမှတ်(၈) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် ယာယီဌာနချုပ်အဖြစ် ဖွင့်လှစ်ခဲ့သည်။

လားရှိုးမြို့သို့ စစ်ကောင်စီ ယာဉ်တန်း စတင်ဝင်လာပုံ

သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် ဧပြီလ (၁၇) ရက်မှ စတင်ပြီး စစ်ခေါင်းဆောင် အရာရှိအချို့သည် တရုတ်ကိုယ်စားလှယ်များ လိုက်ပါလျက် လားရှိုးမြို့လယ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် ဧပြီလ (၂၂) ရက်အထိ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် လားရှိုးမြို့ ပြန်လည်လွှဲပြောင်းရေး သုံးပွင့်ဆိုင် ဆွေးနွေးခဲ့ကြသည်။

၎င်းနောက် ဧပြီလ (၁၈) ရက်တွင် မိုင်းရယ်မြို့သို့ ကြိုတင်ရောက်ရှိနေသည့် စစ်ကောင်စီဘက်မှ အထွေထွေအုပ်ချုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေး လဝက၊ ဆေးရုံအုပ်နှင့် စစ်ဘက်ရေးရာ လုံခြုံရေး စရဖ တပ်ဖွဲ့ဝင်များ အားလုံးမှာ အရပ်ဝတ်ဖြင့် မြို့ထဲ ဝင်ရောက်လာခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“ဌာနဆိုင်ရာကတော့ နဂိုမူလ ရုံးနေရာပဲ ပြန်ဝင်လိမ့်မယ်၊ စစ်တပ်ကတော့ ဘယ်နားနေမလဲ မပြောတတ်ဘူး။ စစ်တပ်အရင်နေရာကတော့ အကုန်ပျက်စီးသွားတော့ ပြန်နေလို့ မရလောက်ဘူး။ ဒါပေမယ့် သူတို့ဆွေးနွေးမှုရလဒ်ကို မသိရတော့ ပြောဖို့ခက်တယ်”ဟု လားရှိုးဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA မှ လားရှိုးမြို့ကို တရုတ်ဖိအားကြောင့် စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းခဲ့ရသည့်အပေါ် AFP သတင်းဌာနမှ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို မေးမြန်းခဲ့ရာ တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ပြန်စနိုင်ရန် မိတ်ဆွေအနေနဲ့သာ အကြံပြုပေးနေကြောင်း ဧပြီလ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် Mr. Guo Jiakun က ပြန်လည်ဖြေကြားခဲ့သည်။

သို့သော် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်အပ်နှံရေး ကြီးကြပ်ဆောင်ရွက်ရန် တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း ကိုယ်တိုင် ရောက်ရှိလာခဲ့ပြီး တရုတ်အလံပါ ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ ယာဉ်တန်းပါ နယ်စပ်မှတဆင့် ဝင်ရောက်လာခဲ့သည်။

ယနေ့ (ဧပြီလ ၂၂ ရက်) အထိ စစ်ကောင်စီ၊ MNDAA နှင့် တရုတ်ကိုယ်စားလှယ်တို့ သဘောတူညီမှု အချောသတ်နိုင်ရန် သုံးပွင့်ဆိုင် အစည်းအဝေး ဆက်ရှိနေပြီး ဆွေးနွေးမှုရလဒ်ကို ဘက်အသီးသီးမှ တရားဝင် ထုတ်ဖော်ခြင်း မရှိသေးပေ။

လက်ရှိ လားရှိုးမြို့ပေါ်တွင် ကိုးကန့်တပ်မှ လုံခြုံရေးအဖွဲ့အချို့လည်း ဆက်ရှိနေကာ စစ်ကောင်စီဘက်မှ စစ်ကားအစီးရေ ရာနှင့်ချီ ရောက်ရှိလာသော်လည်း အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေသည်ကို မတွေ့ရသေးကြောင်း ဒေသခံများက ပြောဆိုသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...