လားရှိုး MNDAA မှ သမီးအရင်းအား မုဒိမ်းကျင့်သူကို ‌တစ်သက်တစ်ကျွန်းထောင်ဒဏ် ချမှတ်ပြီး လူသတ်မှုနှင့် သူခိုးဓားပြမှုအတွက် သေဒဏ်ပေးကွပ်မျက်

သျှမ်းပြည် လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ရာဇဝတ်မှု ကျူးလွန်သူများကို အများပြည်သူရှေ့ သေဒဏ် ချမှတ်ပြီး ချက်ချင်းကွပ်မျက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဧပြီလ ၁၀ ရက်) နံနက်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် မန်ဆူကျောင်းတိုက်နှင့် အဝေရာလမ်းသွယ် အနီးတွင် MNDAA စစ်ရေးအုပ်ချုပ်မှုကော်မတီမှ ဖမ်းဆီးရမိထားသည့် ရာဇဝတ်မှု ကျူးလွန်သူ (၈) ဦးကို အများပြည်သူရှေ့ သေဒဏ်နှင့် တစ်သက်တစ်ကျွန်းထောင်ဒဏ် စီရင်ချမှတ်ခဲ့သည်။

၎င်းရာဇဝတ်မှု ကျူးလွန်သူ (၈) ဦးထဲမှ မုဒိမ်းမှုကျူးလွန်သူ တစ်ဦးကို တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်ပြီး လူသတ်မှု၊ ခိုးမှုနှင့် လုယက်မှု ကျူးလွန်သူ အမျိုးသား (၇) ဦးတို့ကို သေဒဏ်ချမှတ်ခဲ့ပြီးနောက် လားရှိုးလေဆိပ်ဘက်သို့ ခေါ်ဆောင်သွားကာ ချက်ချင်းကွပ်မျက်လိုက်ကြောင်း လားရှိုးဒေသခံများက ပြောသည်။

“မန်ဆူဘက် ကြားနာပွဲလုပ်တာ၊ အပြစ်သားလို့ ပြောတာ အားလုံးပေါင်း (၈) ယောက်။ တစ်ယောက်က ကိုယ့်သမီးအရင်းကို မုဒိမ်းကျင့်တာ၊ အဲ့တာက တစ်သက်တစ်ကျွန်း ထောင်ဒဏ်။ သေဒဏ်ပေးခံရတာ ၇ ယောက်၊ အကုန်လုံးက လူသတ်မှုနဲ့ ခိုးမှု ဓားပြမှု။ အရင်ရက်ကပဲ လူသတ်လို့ ဖမ်းထားတာ၊ မြို့ပေါ်လိုက်ပြပြီး လေယာဉ်ကွင်းဘက် ကိစ္စတုံး(သတ်)လိုက်တယ်”ဟု ကြားနာပွဲသို့ ကိုယ်တိုင်တက်ရောက်နားထောင်ခဲ့သူ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

MNDAA ကွပ်မျက်ချလိုက်သည့် သူများ

၎င်းရာဇဝတ်မှု ကျူးလွန်သူများကို အမှုကြားနာစဉ် မုဒိမ်းမှု၊ လူသတ်မှု၊ ခိုးမှုနှင့် လုယက်မှုတို့ကို ဖြစ်စဉ် (၁၀) ခုထက်မနည်း ကျူးလွန်ခဲ့ကြကြောင်း MNDAA အရာရှိများမှ ဖတ်ကြားခဲ့သည်ဟု ကိုယ်တိုင်တက်ရောက် နားထောင်ခဲ့သူများထံမှ သိရသည်။

သေဒဏ်ချမှတ်ခံရသူ (၇) ဦးထဲမှ (၅) ဦးကို လားရှိုးလေယာဉ်ကွင်းဘက်သို့ ခေါ်ဆောင်သွားပြီး အသင့်တူးဖော်ထားသည့် မြေကျင်းများရှေ့တွင် သေနတ်ပစ်ခတ်ကာ ချက်ချင်းကွပ်မျက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

လားရှိုးမြို့ကို ထိန်းချုပ်ထားသည့် MNDAA မှ ဧပြီလကုန်ပိုင်းတွင် စစ်ကောင်စီထံ ပြန်အပ်မည်ဟု သတင်းထွက်ပေါ်နေချိန် ယခုကဲ့သို့ ပထမဆုံး ပြစ်ဒဏ်စီရင်ခြင်း လုပ်ဆောင်လာသည့်အတွက် ဒေသခံများ ထိတ်လန့်နေရကြောင်း ဒေသခံများက ပြောဆိုသည်။

“အခုကျတော့လည်း လန့်စရာကြီးလေ။ သေဒဏ်ချပြီး ချက်ချင်း သတ်လိုက်တာဆိုတော့ အရင်က မကြားဖူးတဲ့ ကိုယ်တွေတောင် အံ့ဩတယ်။ ဒါက ဖြစ်သင့်လား မဖြစ်သင့်ဘူးလား ဆိုတာ ပြည်သူတွေ သဘောတူ လက်ခံထားတဲ့ ဥပဒေနဲ့ ဆုံးဖြတ်တာ မဟုတ်တော့ ပြောရခက်တယ်၊ ဥပဒေလို့ ပြောရင်တောင် တရားသော ဥပဒေမျိုး ဖြစ်ရမယ်”ဟု လားရှိုးမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နှစ် ၂၀၂၄ ဧပြီလနှင့် ဒီဇင်ဘာလတို့တွင်လည်း လောက်ကိုင်မြို့၌ ကိုးကန့်တပ်ဖွဲ့ MNDAA မှ ပြန်ပေးဆွဲမှု၊ ငွေညှစ်မှု၊ မုဒိမ်းမှုနှင့် လူသတ်မှု စသည့် ရာဇဝတ်မှု ကျူးလွန်သူများကို သေဒဏ် အပါအဝင် တစ်သက်တစ်ကျွန်းထောင်ဒဏ်များ လူစုလူဝေးရှေ့မှောက် နှစ်ကြိမ်တိုင်တိုင် စီရင်ချက် ချမှတ်ခဲ့သည်။

MNDAA မှ ကွပ်မျက်မည့်သူများ

ထိုသို့ သေဒဏ်ချမှတ်ခဲ့စဉ်က ဥရောပသမဂ္ဂ EU မှ အပြင်းထန်ဆုံး ရှုတ်ချပြီး သေဒဏ်ချမှတ်မှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးက ထုတ်ပြန်ခဲ့သည်။

၎င်းထုတ်ပြန်ချက်ထဲတွင် သေဒဏ်သည် လူမဆန်သည့် ယုတ်ညံ့သော ပြစ်ဒဏ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာကို အဆုံးစွန်သော ငြင်းပယ်မှုကို ကိုယ်စားပြုကြောင်း ဖော်ပြထားပြီး ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးအတွက် နိုင်ငံတကာ စံနှုန်းများနှင့်အညီ တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းရန်လည်း ကိုးကန့်တပ်ဖွဲ့ MNDAA ကို တိုက်တွန်းထားသည်။

ပြစ်မှုကျူးလွန်သူများကို MNDAA မှ ကွပ်မျက်သည့်နေရာ

လက်ရှိတွင် တရုတ်၏ ဖိအားပေးမှုကြောင့် လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆုတ်ခွာရန် ပြင်ဆင်နေပြီး သင်္ကြန်အပြီး မြန်မာနှစ်ဆန်း (၁) ရက်နေ့ ဖြစ်သည့် ဧပြီလ (၁၇) ရက်အထိ အချိန်ပေးထားကြောင်း ဒေသခံများ ပြောဆိုနေကြသည်။

လာမည့် ဧပြီလ (၂၂) ရက်တွင် တရုတ်၏ စီစဉ်ပေးမှုဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် တရုတ်နိုင်ငံ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း ဝါရင့် တော်လှန်ရေးရဲဘော် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...