တောင်ကြီးရောက် လားရှိုးစစ်ဘေးရှောင်ရာချီ စီးပွားရေးခက်ခဲ  ဝမ်းရေးကျပ်တည်း

 ‘၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း’ ကြောင့် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့သို့ စစ်ဘေးရှောင်လာကြသော လားရှိုးမှ စစ်ဘေးရှောင်ရာဂဏန်း စီးပွားရေးခက်ခဲပြီး ဝမ်းရေးကျပ်တည်းနေသည်ဟု သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် စတင်ခဲ့သော ‘၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း’ တိုက်ပွဲကြောင့် တောင်ကြီးမြို့သို့ စစ်ဘေးတိမ်းရှောင်လာသည့် သျှမ်းပြည်မြောက်ပိုင်းဒေသခံများအနက် ယနေ့ကျန်ရှိနေသေးသော  လားရှိုးမြို့ဒေသခံ အယောက် ၃၀၀ နီးပါး စားဝတ်နေရေးခက်ခဲ နေသည်ဟု စစ်ဘေးရှောင်များကို ကူညီနေသည့် တောင်ကြီးမြို့ခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ ပိဋိကတ်ကျောင်းမှာ ၂၀၀ ကျော်နဲ့ သျှမ်းစာပေနဲ့ယဉ်ကျေးမှုမှာ ၈၀ ကျော် ကျန်တယ်၊ တချို့အိမ်ကဗုံးထိ ပြီးပျက်သွားပြီ၊ တချို့ကျ စစ်ပွဲကြောင့် ဆွေမျိုးတွေဆုံးရှုံး ရတာတွေရှိတော့ တချို့ဆို စိတ်ပိုင်းဆိုင်ရာထိခိုက်ပြီး မပြန်ကြရဲတာတွေရှိတယ်၊ ဒီမှာလဲ သူတို့နယ်မဟုတ်တော့ စီးပွားရေးလုပ်ရတာလဲ ကျပ်တည်းကြတာ ” ဟု သျှမ်း သံတော်ဆင့်သို့ပြောသည်။

နယ်ခံမဟုတ်သောကြောင့် စီးပွားရေးလုပ်ရာတွင် ခက်ခဲကျပ်တည်းသည့် အကြောင်းကို တောင်ကြီးရောက် လားရှိုး စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြော သည်။

အလားတူ MNDAA ကိုးကန့်တပ် ထိန်းချုပ်ထားသော လားရှိုးမြို့ တွင်လည်း စီးပွားရေး ကျဆင်းနေပြီး လောင်းကစားဝိုင်း၊ KTV ၊ အနှိပ်ခန်းနှင့် ပြည့်တန်ဆာလုပ်ငန်း ပေါများ လာသည့်အတွက် နောင်လာမည့် သားသမီးများအတွက်နှင့် လက်ရှိလူငယ်များ အိမ်ထောင်သည်များ အကျင့်စာရိတ္တပျက်ပြားလာမည်ကိုလည်း စိုးရိမ်သည်ဟု ဆက်ပြောသည်။

“လားရှိုးကိုမပြန်ရဲသေးဘူး၊ ပြန်ရင်လည်း ဘာမှလုပ်စားလို့မရဘူးလေ၊ တစ်ခေါက်ပြန်ကြည့်သေးတယ် ဘယ်လို မှအဆင်မပြေဘူး၊ တောင်ကြီးမှာ နေဖို့အဆင်မပြေတော့တဲ့လူတွေ ပြန်သာသွားကြတာ၊ ပြန်သွားလည်း စျေးရောင်း တာနဲ့ လောင်းကစားဝိုင်းမှာ ဝင်လုပ်တာလောက်ပဲရှိတယ်၊ တောင်ကြီးမှာလည်း ကိုယ့်နယ်မဟုတ် တော့ စီးပွား လုပ်စားတာမလွယ်ဘူး” ဟု ထိုစစ်ရှောင်အမျိုးသမီးက ဆိုသည်။

ထိုစစ်ဘေးရှောင်များကို နေစရာနှင့် ဆန်တို့ကို ထောက်ပံ့ပေးထားသော်လည်း ကျန်သည့်ဝမ်းရေးကိစ္စများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းနေရသည်။ လက်တလောတွင်လည်း လာရောက်လှူဒါန်း သည့်အလှူရှင် များလည်း မရှိတော့ကြောင်း စစ်ရှောင်များကိုကူညီသည့် ထိုဒေသခံအမျိုးသမီးကဆက်ပြောသည်။

“သျှမ်းစာပေနဲ့ယဉ်ကျေးမှုမှာ ရှိနေတဲ့ စစ်ဘေးရှောင်တွေ အတွက်တော့ နေဖို့နေရာ၊ ရေ၊ မီး အပြည့်စုံပေးထားပေး တယ်။ စားဖို့သောက်ဖို့ဆို ဆန် ပဲပေးထားနိုင်တာ၊ အလှူရှင်တွေလဲ မလာတော့ဘူးလေ၊ ကျန်တဲ့ ဟင်းသီးဟင်း ရွက် တို့၊ မီးသွေးတို့ဆိုရင် ကိုယ့်ဘာသာအလုပ်လုပ်ပြီး ရှာဝယ်၊ ရှာစားရတာပေါ့ ဟု စစ်ဘေးရှောင်များ၏ အခက်ခဲများ ကို ပြောပြထားပါသည်။

၂၀၂၄ ခုနှစ် ‘၁၀၂၇ စစ်ဆင်ရေး’ တိုက်ပွဲကြောင့် လားရှိုးမြို့ ဒေသခံပြည်သူ ထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြ ရပြီး တိုက်ပွဲအတွင်း အရပ်သား ၃၀၀ ကျော်သေဆုံးခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၄ စက်တင်ဘာလထဲတွင် စစ်ဘေး ရှောင်ဒေသခံများ နေရပ်ပြန် ကြသော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ဖန် နေရပ်ပြန်လည်စွန့်ခွာခဲ့သည်။

အလုပ်သင်သတင်းထောက် စိုင်းဟန်မော(ဝ်) ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...