လားရှိုးမြို့အတွင်း တိုက်ပွဲကြောင့် ပျက်စီးသွားသည့်နေအိမ်များကို ကိုးကန့်တပ်ဖွဲ့က လျော်ကြေးပေး

သျှမ်းပြည် လားရှိုးမြို့တွင် မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေသခံ နေအိမ်များကို ကိုးကန့်တပ်ဖွဲ့က လျော်ကြေးပေးခဲ့ကြောင်း သတင်းသိရသည်။

လားရှိုးမြို့ပေါ်တွင် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ တိုက်ပွဲများကြောင့် ဒေသခံနေအိမ်များသည် လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများ ခံခဲ့ရပြီး ဒေသခံနေအိမ် များစွာ ထိခိုက်ပျက်စီးခဲ့သည်။

အိမ်ခြေတစ်သောင်းကျော်ရှိသည့် လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ လုံးဝ ထိခိုက်ပျက်စီးသွားပြီး ပြန်လည်နေထိုင်၍ မရတော့သည့် အိမ်ခြေ (၃၀၉) အိမ်ကို ယမန်နေ့ (ဧပြီလ ၇ ရက်) တွင် တစ်အိမ်လျှင် ကျပ်သိန်း (၅၀) နှုန်းဖြင့် လျော်ကြေးငွေ ပေးအပ်ခဲ့ကြောင်း လားရှိုးမြို့ ‌ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – လားရှိုးမြို့ပေါ် ပျက်စီးသွားသည့် နေအိမ်များအတွက်‌ MNDAA တာဝန်ရှိသူများမှ လျော်ကြေးငွေ ပေးအပ်စဉ် (ဓာတ်ပုံ – လားရှိုးမြို့ ပြန်လည်ထူထောင်ရေး)

“သူတို့ကတော့ နည်းတာ များတာ ဆိုတာထက် လိုအပ်တာကို အရင်ကူညီတာပေါ့။ ဗုံးကျလို့ မီးလောင်သွားတဲ့ အိမ်တွေ လုံးဝပျက်စီးသွားတဲ့ အိမ်တွေကို အရင်ကူညီတာပေါ့။ ပြီးတော့ နေတဲ့အိမ် နည်းနည်းပါးပါး ထိခိုက်ပျက်ဆီးသွားတဲ့ အိမ်တွေကိုတော့ နောက်တစ်ခါ ကူညီမယ်ပြောတာပဲ။ တစ်အိမ်ကို သိန်း ၅၀ ကူညီတာပေါ့ မနေ့ကပေးတာ။ ဒီနေ့ပဲ သွားယူလာတာ အိမ်ခြေကတော့ ၃၀၉ အိမ်ရတာပေါ့”ဟု လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လားရှိုးမြို့ရှိ နေအိမ် ၃၀၉ အိမ်အပြင် တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးခဲ့သည့် အခြားကျန်ရှိနေသော နေအိမ်များကို မည်သည့်အချိန်တွင် လျော်ကြေးငွေ ထပ်ပေးရန် ပြောကြားခြင်း မရှိခဲ့ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

“ဒုတိယအကြိမ် ကူညီရင်တော့ တန်ဖိုးနည်းသွားမှာပေါ့ ရတာနည်းမယ်ပြောတယ်။ ဒါက ပထမဆုံး အကြိမ်ပါပဲ ဒီလိုပေးတာ။ ကျန်တဲ့အိမ်တွေကို နောက်ထပ် ဘယ်အချိန် ထပ်ပေးမလဲ ဆိုတာတော့ မပြောသေးပါဘူး”ဟု ၎င်းဒေသခံအမျိုးသားက ပြောသည်။

လတ်တလောတွင် တရုတ်၏ ဖိအားပေးမှုကြောင့် သင်္ကြန်အပြီး မြန်မာနှစ်ဆန်း (၁) ရက်နေ့ ဖြစ်သည့် ဧပြီလ (၁၇) ရက်အထိ လားရှိုးမြို့ပေါ်မှ MNDAA တပ်ဖွဲ့ဝင်များကို တပ်ဆုတ်ခွာရန် အချိန်ပေးထားကြောင်း သိရသည်။

ပုံစာ – လားရှိုးမြို့ပေါ် ပျက်စီးသွားသည့် နေအိမ်များအတွက်‌ MNDAA တာဝန်ရှိသူများမှ လျော်ကြေးငွေ ပေးအပ်စဉ် (ဓာတ်ပုံ – လားရှိုးမြို့ ပြန်လည်ထူထောင်ရေး)

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီဘက်မှ ပြန်လည် ဝင်ရောက်မည် ဆိုခြင်းကြောင့် (ဧပြီလ ၃ ရက်) မှ စတင်၍ ဆေးရုံနှင့် ဌာနဆိုင်ရာရုံးများမှ ပစ္စည်းအားလုံးကို ကားကြီးကားငယ်ဖြင့် တင်ဆောင်ပြီး ကိုးကန့်တပ်သားများ မြို့ပေါ်မှ တပ်ဆုတ်ခွာရန် ပြင်ဆင်နေကြောင်း ဒေသခံများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...