လားရှိုးမြို့ထဲ စစ်ကောင်စီအရာရှိအချို့ စတင်ဝင်ရောက်လာပြီး MNDAA၊ တရုတ်တို့နှင့် သုံးပွင့်ဆိုင်အစည်းအဝေးပြုလုပ်

သျှမ်းပြည် လားရှိုးမြို့ထဲသို့ စစ်ကောင်စီတပ်မှ အရာရှိအချို့ စတင်ဝင်ရောက်လာပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ၊ တရုတ်အစိုးရကိုယ်စားလှယ်များနှင့် သုံးပွင့်ဆိုင် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဧပြီလ ၁၇ ရက်) နေ့လယ်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ ရပ်ကွက် (၂) ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကောင်စီတပ်မှ အရာရှိအချို့သည် တရုတ်အစိုးရကိုယ်စားလှယ်များ လိုက်ပါလျက် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် သုံးပွင့်ဆိုင် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကြားတာတော့ စစ်တပ်က အရာရှိတွေ လာတယ်၊ တရုတ်အစိုးရ ကိုယ်စားလှယ်တွေကိုလည်း ခေါ်လာတယ်။ ဘယ်နှယောက်လဲ ဆိုတာတော့ မသိရဘူး။ မနေ့က (ဧပြီ ၁၇ ရက်) ဆင်နှစ်ကောင်ဟိုတယ်မှာ သူတို့ အစည်းအဝေး လုပ်ကြတယ်။ အဲ့ဘက်လမ်းကြောတလျောက် ကိုးကန့်တပ်သားတွေ လမ်းပိတ်ပြီး လုံခြုံရေးယူထားတာ တော်တော်များများပဲ”ဟု ၎င်းလားရှိုးဒေသခံ အမျိုးသားက ပြောဆိုသည်။

ဧပြီလ ၁၆ ရက် နေ့လယ်ပိုင်းကတည်းက စစ်ကောင်စီတပ် အရာရှိအချို့နှင့် တရုတ်အစိုးရ ကိုယ်စားလှယ်များသည် မူဆယ်မြို့မှ ရဟတ်ယာဉ် နှစ်စီးဖြင့် လားရှိုးမြို့ လေယာဉ်ကွင်းသို့ လာရောက် ဆင်းသက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တရုတ်၏ ဖိအားပေးမှုကြောင့် သင်္ကြန်အပြီး မြန်မာနှစ်ဆန်း (၁) ရက်နေ့ ဖြစ်သည့် ဧပြီလ (၁၇) ရက်အထိ လားရှိုးမြို့ပေါ်မှ MNDAA တပ်ဖွဲ့ဝင်များကို တပ်ဆုတ်ခွာရန် အချိန်ပေးထားကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးနောက် လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီ၊ MNDAA နှင့် တရုတ်ကိုယ်စားလှယ်များ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အလားတူ ဧပြီလ ၁၆ ရက်မှ ယမန်နေ့အထိ နှစ်ရက်အတွင်း စစ်ကောင်စီတပ်မှ Helicopter ရဟတ်ယာဉ် ၃ စီးခန့်ဖြင့် မူဆယ် – ကွတ်ခိုင် – သိန္နီ – လားရှိုး အနီးတဝိုက် ခေါက်တုံ့ခေါက်ပြန် ပျံသန်းသွားကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် လားရှိုးမြို့သို့ ဝင်ရောက်နိုင်သည့် ပြည်ထောင်စုလမ်းမကြီးပေါ် သီပေါ-လားရှိုးလမ်းပိုင်း နောင်မွန်ကျေးရွာတွင် ကိုးကန့်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်မှ အပြန်အလှန် သွားလာခွင့် ပိတ်ဆို့ထားပြီး တန့်ယန်း – မိုင်းရယ် – လားရှိုး လမ်းပိုင်းတွင် ဟိုယကျေးရွာအနီး အလားတူ လမ်းပိတ်ထားကြောင်း သိရသည်။

ယနေ့ (ဧပြီလ ၁၈ ရက်) မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲအပ်မည်ဖြစ်ပြီး ယခင်ရက်များကတည်းက စစ်ကောင်စီ၏ စစ်ဘက်ရေးရာ လုံခြုံရေး (စရဖ) တပ်ဖွဲ့ဝင်များ အရပ်ဝတ်ဖြင့် လားရှိုးမြို့ထဲသို့ ဝင်ရောက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။

“စစ်တပ်နဲ့ ကိုးကန့်တပ်ကို ကြားချဖို့ တရုတ်က လားရှိုးမှာ ကုန်သွယ်ရေးရုံးလိုမျိုး ဖွင့်မယ့်သဘောရှိတယ်။ စစ်တပ်ကလည်း ဒါကို သဘောတူမယ့် အခြေအနေ ရှိတယ်။ တရုတ်ရှိနေရင်တော့ နှစ်ဘက်လုံး သဘောတူထားတဲ့ အချက်တွေ မလိုက်နာချင်လည်း လိုက်နာရမယ့်သဘော ဖြစ်သွားမယ်”ဟု ဝါရင့် တော်လှန်ရေးရဲဘော် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA မှ လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်အပ်နှံပြီး လားရှိုးမြို့ပေါ်တွင် MNDAA ဆက်ဆံရေးရုံး ဆက်လက်ထားရှိမည့်အပြင် တရုတ်နိုင်ငံမှ ကုန်သွယ်ရေးရုံး ဖွင့်လှစ်မည့် ကိစ္စများကို နှစ်ဘက်တပ်ဖွဲ့မှ တရားဝင် ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

MNDAA ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ယမန်နေ့ (ဧပြီလ ၁၇ ရက်) ညပိုင်းအထိ လားရှိုးမြို့ပေါ် ရပ်ကွက်များတွင် တွေ့မြင်ခဲ့ရသော်လည်း ယနေ့ (ဧပြီလ ၁၈ ရက်) နံနက်ပိုင်းတွင် မတွေ့ရတော့ကြောင်း၊ အလားတူ စစ်ကောင်စီဘက်မှ စစ်ဝတ်စုံ ဝတ်ဆင်ထားသည့် တပ်သားများ ဝင်ရောက်လာသည်ကိုလည်း မတွေ့မြင်ရသေးကြောင်း လားရှိုးဒေသခံများက ပြောသည်။

လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုတွင် စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လဝက ကဲ့သို့ ဌာနဆိုင်ရာ ရုံးအဖွဲ့များ စတင်ဝင်ရောက်မည်ဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့မှ ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများကို ထိန်းချုပ်ထားမည်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

လာမည့် ဧပြီလ (၂၂) ရက်တွင် တရုတ်၏ စီစဉ်ပေးမှုဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် တရုတ်နိုင်ငံ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

တာချီလိတ် ကျားဖြန့်တွင် ရောင်းစားခံရသည့် ရုရှားသူ ထွက်ပြေးလွှတ်မြောက်လာ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းတနေရာတွင် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဉီး ရောင်းစားခံရပြီး  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါ ရုရှားနိုင်ငံသူသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များ မှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရသိရသည်။  သူမ၏ ထွက်ဆိုချက်အရ သွားရောက်ခဲ့သည့် နေရာများတွင် ရိုက်နှက်ခံခဲ့ရပြီးနောက် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကာ လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။​ လက်ရှိတွင် ရုရှားနိုင်ငံသူသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းချက်အရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရနိုင်ကြောင်း ယူဆထားသည်။ သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေခြင်းသည်ပုံမှန်ဖြစ်ပြီး လာအို နှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။အခုကရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါကရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်လျှင် လစာဖြတ်တောက်ခြင်း နှင့် ရိုက်နှက်ခြင်းများ ရှိနိုင်ကြောင်း အဆိုပါ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူက ဆက်ပြောသည်။ “ကျနော်တို့ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံအရဆိုရောင်းစားခံရတာဖြစ်ဖို့ များတယ်။ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ်ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ။” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ၂၀၂၆...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...