လားရှိုးမြို့ပေါ် တရုတ်အလံပါ ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ ယာဉ်တန်းရောက်လာ

သျှမ်းပြည် လားရှိုးမြို့ပေါ်သို့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း ရောက်ရှိနေပြီး တရုတ်နိုင်ငံအလံပါ ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့ ယာဉ်တန်းများလည်း ရောက်ရှိလာကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဧပြီလ ၁၉ ရက်) တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ တရုတ်နိုင်ငံအလံနှင့် “ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့”ဟူ၍ တရုတ်နှင့် မြန်မာစာတန်း ရေးထိုးထားသည့် ကားအစီးရေ (၃၀) ခန့် ယာဉ်တန်းများ စတင်ဝင်ရောက်လာခဲ့ကြောင်း လားရှိုးမြို့ ဒေသခံများက ပြောဆိုသည်။

“တရုတ်က အပစ်ရပ်အဖွဲ့ မြို့ပေါ်ရောက်လာတာ ဟုတ်တယ်။ တရုတ်တွေ ဝင်လာတဲ့ လမ်းကြောင်းက ချင်းရွှေဟော်ဘက်က ဖြစ်နိုင်တယ်။ တချို့လည်း ‘ဝ’ထိန်းချုပ်တဲ့ နမ့်တစ်ဘက်က လာတယ်လို့ ပြောကြတယ်။ ဗီဒီယိုထဲ တွေ့ရတာက ချင်းရွှေဟော်နဲ့ ကွမ်းလုံ ကြားထဲမှာ ရိုက်ထားတာ၊ ကားအစီး ၃၀ လောက် ကိုးကန့်လုံခြုံရေးနဲ့ လာတာ”ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီဘက်မှ ထိပ်တန်းအရာရှိအချို့နှင့်အတူ တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းလည်း ရောက်ရှိနေပြီး ကိုးကန့်တပ်ဖွဲ့ MNDAA တာဝန်ရှိသူများနှင့် သုံးပွင့်ဆိုင် ဆွေးနွေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။

“တိန့်ရှီကျွင်းလည်း လားရှိုးရောက်နေတယ်၊ စကစဘက်က တိုင်းစစ်ဦးစီးချုပ်လည်း ရောက်နေတယ်။ စရဖ တပ်မှူးတွေလည်း ရောက်နေတယ်။ ၂၁ ရက်နေ့ကျရင် တရုတ်မှာ ကိုးကန့်နဲ့ သွားဆွေးနွေးခဲ့တဲ့ ဗိုလ်ချုပ် ကိုကိုဦး ရောက်လာမယ်လို့ ပြောတယ်။ အစည်းအဝေး ပြီးမှပဲ တိန့်ရှီကျွင်းက တရုတ်ပြည် ပြန်မယ့်သဘောရှိတယ်”ဟု ၎င်းစစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။

တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွမ်း အနေဖြင့် စစ်ကောင်စီအရာရှိများနှင့်အတူ လားရှိုးမြို့ပေါ်သို့ မည်သည့်အချိန်ကတည်းက စတင်ရောက်ရှိနေသည်ကို မသိရဘဲ သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။

သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်ဖြစ်သည့် ဧပြီလ ၁၇ ရက်မှ စတင်၍ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ ရပ်ကွက် (၂) ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကောင်စီတပ်မှ အရာရှိအချို့သည် တရုတ်အစိုးရကိုယ်စားလှယ်များ လိုက်ပါလျက် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် သုံးပွင့်ဆိုင် အစည်းအဝေး ပြုလုပ်ခဲ့သော်လည်း သက်ဆိုင်ရာ ဘက်အသီးသီးမှ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

၎င်းနောက် ဧပြီလ ၁၈ ရက် နံနက်ပိုင်းတွင် မိုင်းရယ်မြို့သို့ ရောက်ရှိနေသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများကို ကိုးကန့်တပ်ဖွဲ့က နမ့်ပေါင်မှတဆင့် သွားရောက်ကြိုဆိုခဲ့ပြီး လမ်းတလျှောက် လုံခြုံရေး ယူပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ လားရှိုးမြို့ပေါ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ဆက်လက်နေရာယူထားပြီး စစ်ကောင်စီဘက်မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ လူဝင်မှုကြီးကြပ်ရေး လဝက၊ ဆေးရုံအုပ်နှင့် စစ်ဘက်ရေးရာ လုံခြုံရေး စရဖ တပ်ဖွဲ့ဝင်များ အားလုံးမှာ အရပ်ဝတ်ဖြင့် မြို့ထဲ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

လာမည့် ဧပြီလ (၂၁) ရက်တွင် MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်အပ်နှံရန် စစ်ကောင်စီ၊ MNDAA နှင့် တရုတ်ကိုယ်စားလှယ်တို့ ထပ်မံဆွေးနွေးမည်ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇန်နဝါရီလ (၂၀) ရက်တွင် ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် MNDAA နှင့် စစ်ကောင်စီအကြား ကူမင်းမြို့၌ (၇) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီးနောက် တရားဝင် အပစ်အခတ် ရပ်စဲရန် သဘောတူညီမှု ရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ မစ္စ မော်နင်းက ထုတ်ဖော်ပြောကြားခဲ့သည်။

ချင်းရွှေဟော်နှင့် ကွမ်းလုံမြို့ကြား တွေ့ရသည့် တရုတ်အလံပါ ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေး ယာဉ်တန်း

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...