စစ်ကောင်စီနှင့် MNDAA နှစ်ဘက်ပူးတွဲဖိတ်ခေါ်မှုကြောင့် ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ခဲ့ဟု တရုတ်ပြော

သျှမ်းပြည် လားရှိုးမြို့သို့ စစ်ကောင်စီနှင့် MNDAA နှစ်ဘက်ပူးတွဲ ဖိတ်ခေါ်မှုကြောင့် ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ကို စေလွှတ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က ပြောကြားလိုက်သည်။

ယမန်နေ့ (ဧပြီလ ၂၂ ရက်) တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပုံမှန်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး သတင်းထောက်တစ်ဦးမှ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီထံ လွှဲပြောင်းအပ်နှံရေး တရုတ်ဘက်မှ ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ခဲ့သည့် အခြေအနေကို မေးမြန်းစဉ် တရုတ်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူက ယင်းသို့ ထည့်သွင်းဖြေကြားခဲ့သည်။

တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ကူမင်း ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် နှစ်ဘက်ပူးတွဲ ဖိတ်ကြားချက်အရ ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ကို လားရှိုးမြို့သို့ စေလွှတ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က ဝန်ခံပြောဆိုသည်။

ထို့အပြင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ခဲ့သည့် လားရှိုးမြို့ကို စစ်ကောင်စီထံ လွှဲပြောင်းပေးအပ်ခြင်းကို မျက်မြင်သက်သေခံသွားမည်ဖြစ်ပြီး စစ်ကောင်စီနှင့် MNDAA နှစ်ဘက်အကြား ပစ်ခတ်ရပ်စဲရေးကို စောင့်ကြည့်သွားမည်ဟု ၎င်းက ဆိုသည်။

သို့သော် တရုတ်၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း ကိုယ်တိုင် MNDAA ထိန်းချုပ်ခဲ့သည့် လားရှိုးမြို့သို့ ရောက်လာပြီး စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းရေး ကြီးကြပ်ဆောင်ရွက်ခဲ့မှု အခြေအနေကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်မှ စတင်၍ မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ် နမ့်တစ်မြို့မှတဆင့် ဝင်ရောက်လာသည့် တရုတ်၏ ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့သည် ကားအစီးရေ (၃၀) ပါ ယာဉ်တန်းဖြင့် လားရှိုးမြို့ပေါ် ရောက်ရှိလာခဲ့သည်။

အလားတူ တရုတ်စေလွှတ်ထားသည့် ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့သည် လားရှိုးမြို့မှ ပြန်လည်ထွက်ခွာသွားခြင်း မရှိသေးဘဲ မည်သည့်အချိန်ထိ စောင့်ကြည့်သွားမည်ဟူသည့် အချိန်ကာလ သတ်မှတ်ချက်လည်း မသိရှိရကြောင်း ဒေသခံများက ပြောဆိုသည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ စစ်ပွဲရပ်တန့်ရန် ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ဘက်အသီးသီးနှင့်အတူ မြန်မာ-တရုတ်နယ်စပ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပူးပေါင်းဆောင်ရွက်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။

လားရှိုးမြို့သို့ ရောက်ရှိနေသည့် တရုတ်၏ ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့

ယမန်နေ့က စစ်ကောင်စီ၊ MNDAA နှင့် တရုတ်ကိုယ်စားလှယ်များ သုံးပွင့်ဆိုင် ဆွေးနွေးမှုရလဒ်အဖြစ် စစ်ကောင်စီ၏ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) မှ စစ်ကား အစီးရေ (၂၀၀) ကျော်သည် လက်နက်အင်အား အပြည့်အစုံဖြင့် လားရှိုးမြို့ပေါ်သို့ ပြန်လည်တပ်စွဲခဲ့ပြီး နေရာပြန်လည်ချထားရေး လုပ်ဆောင်နေသည်။

လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ် MNDAA တပ်ဆုတ်ခွာရပြီး တရုတ်အကူအညီဖြင့် စစ်ကောင်စီတပ် ပြန်လည်ခြေချခွင့် ရရှိခဲ့သော်လည်း နှစ်ဘက်စလုံးမှ တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးဘဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တစ်ခုသာ ထုတ်ဖော်ပြောကြားနေခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...