မိုင်းရယ်
မိုင်းရယ် စစ်ရေးတင်းမာမှုကြောင့် ဒေသခံများ တောင်ယာသွားဖို့အခက်ကြုံ
SHAN -
သျှမ်းပြည် မိုင်းရယ်မြို့နယ် စစ်ကောင်စီနှင့် ကိုးကန့်တပ် (MNDAA) တို့စစ်ရေးတင်းမာမှုကြောင့် တောင်ယာသွားရန် အခက်ကြုံနေကြောင်း သတင်းရရှိသည်။ မိုင်းရယ်မြို့နယ် ဟိုယကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှ စပြီး အင်အားဖြည့်တင်းလာတာကြောင့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့ စစ်ရေးတင်းမာမှုများဖြစ်ပေါ်နေပြီး စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သဖြင့် ဒေသခံပြည်သူများ တောင်ယာ ကြံစိုက်ခင်းသို့ မသွားရဲဖြစ်နေကြသည်။ စစ်ကောင်စီမှ...
မိုင်းရယ်မြို့နယ် MNDAA စစ်အင်အားဖြည့် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ
သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သို့စစ်အင်အားဖြည့်ပြီးနောက် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခဲ့ကြောင်း သိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မိုင်းရယ်မြို့နယ် ဟိုယကျေးရွာကို ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် စစ်အင်အားများဖြည့်တင်းခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ကိုးကန့်တွေ နဲ့ PDF တော်လှန်ရေးတပ်ဖွဲ့တွေက...
မိုင်းရယ်စစ်ကောင်စီတပ် အင်အားဖြည့်၊ ဒရုန်းဗုံးနှင့် အမြောက်ပစ် လုံခြုံရေးစိုးရိမ်ရ
သျှမ်းပြည် မိုင်းရယ်မြို့အခြေစိုက် စစ်ကောင်စီတပ်မှ လားရှိုးမြို့သို့ စက်သုံးဆီနှင့် ရိက္ခာသယ်ယူနေသည့် လမ်းကြောင်းဖြတ်တောက်ရေး ဂိတ်ဆောက်၍ တားဆီးနိုင်ရန် အင်အားဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၉ ရက်)မှ စတင်၍ မိုင်းရယ်မြို့အခြေစိုက် စစ်ကောင်စီတပ်များမှ ဟိုယကျေးရွာအုပ်စုအနီး နားဆန်း၊ နားယန်းနှင့် နောင်ပစ်အကြားတွင် နေရာယူကာ လားရှိုးမြို့သို့ စက်သုံးဆီနှင့်...
မိုင်းရယ်မြို့နယ် နေအိမ်များထံ စစ်ကောင်စီ အဓမ္မဝင်ပြီး ပစ္စည်းများသယ်ဆောင်နေ
သျှမ်းပြည် မိုင်းရယ်မြို့နယ် ကျေးရွာတစ်ရွာရှိ နေအိမ်များထံ စစ်ကောင်စီတပ်သားများက အတင်းအဓမ္မ ဝင်ရောက်ကာ လိုချင်သည့် ပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ဒုတိယပတ်မှ စတင်၍ မိုင်းရယ်မြို့နယ် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၆၇ အနီးရှိ ဝမ်မုရွာ(ဝၢၼ်ႈမူႉ)တွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်လာပြီး...
စစ်ကောင်စီ တပ်သားအချင်းချင်း ပစ်ခတ် စစ်သား ၃ ဦး နှင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ
သျှမ်းပြည် မိုင်းရယ်မြို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ ၁ ဦး နှင့် စစ်ကောင်စီ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ်လ ၄ ရက်) နေ့လည် ၁၁ နာရီကျော်တွင် မိုင်းရယ်မြို့ ပြည်သူ့ ဆေးရုံအရှေ့တွင် စစ်ကောင်စီ...
ကျေးသီးမြို့ပေါ် စစ်ဘေးရှောင် အလုံးအရင်းရောက်ရှိ
သျှမ်းပြည် မိုင်းရယ်မြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံအများအပြား ကျေးသီးမြို့နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင် နေကြကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ပထမပတ်မှ စ၍ မိုင်းရယ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအကြား လုံခြုံရေးစိုးရိမ်မှုကြောင့် ဒေသခံပြည်သူများ အလုံးအရင်း ကျေးသီးမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည်။ အဆိုပါ စစ်ဘေးရှောင်များသည်...
မိုင်းရယ်မြို့ပေါ် SSPP တပ်အင်အား ထောင်နှင့်ချီ ဝင်ရောက်နေရာယူ
သျှမ်းပြည် မိုင်းရယ်မြို့နယ်သို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်အင်အား ထောင်နှင့်ချီ ဝင်ရောက်လာပြီး မြို့ပေါ်တွင် နေရာယူထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၃ ရက်) နံနက် ၅ နာရီကျော်မှ စတင်ပြီး မိုင်းရယ်မြို့ပေါ်သို့ SSPP ဌာနချုပ် ဝမ်ဟိုင်းမှ တပ်အင်အား အများအပြား...
မိုင်းရယ် ဟိုယကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် MNDAA တိုက်ပွဲဖြစ်
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ လေးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၇ ရက်) နေ့လယ် ၂ နာရီခွဲကျော်မှ စတင်ပြီး ည ၇ ကျော်အထိ မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုအတွင်း လွယ်ဟိုတုံးတောင်ပေါ်တွင် စခန်းချ...
မိုင်းရယ် ခလရ-၆၇ တပ်မှ ဟိုယကျေးရွာဘက်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေ
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ-၆၇ မှ ဟိုယကျေးရွာအုပ်စုဘက်သို့ လက်နက်ကြီးဖြင့် တစ်ဘက်သက် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၄ ရက်) ည ၇ နာရီခွဲခန့်တွင် မိုင်းရယ်မြို့နယ်အတွင်း ဟိုယ-တန့်ယန်းလမ်းခွဲရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၆၇ မှ ဟိုယကျေးရွာအုပ်စုဘက်သို့ လက်နက်ကြီးဖြင့်...
မိုင်းရယ် စစ်ကောင်စီတပ်က ပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင် တပ်အရွှေ့အပြောင်း ပြုလုပ်
သျှမ်းပြည် မိုင်းရယ်မြို့နယ် စစ်ကောင်စီတပ်က ပြည်သူများ ထင်ယောင်ထင်မှားဖြစ်အောင် တပ်အရွှေ့အပြောင်း ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၉ ရက်နှင့် ၁၀ ရက်တို့တွင် မိုင်းရယ်နှင့် ကျေးသီးမြို့နယ်အကြားရှိ မန်ဖြတ်ကျေးရွာ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ-၂၂ သို့ လားရှိုးမြို့ စစ်ကောင်စီတပ်မှ အရပ်ဝတ်ဖြင့် တပ်သား ၄၀၀...





