မိုင်းရယ် ဟိုယကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် MNDAA တိုက်ပွဲဖြစ်

သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ လေးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇူလိုင်လ ၇ ရက်) နေ့လယ် ၂ နာရီခွဲကျော်မှ စတင်ပြီး ည ၇ ကျော်အထိ မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုအတွင်း လွယ်ဟိုတုံးတောင်ပေါ်တွင် စခန်းချ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ လေးနာရီကျော်ကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြည်သူနေအိမ် ထိခိုက်ပျက်စီးမှုရှိကြောင်း မိုင်းရယ်ဒေသခံများက ပြောသည်။

“ဒီနေ့ဟိုယမှာ တိုက်ပွဲအပြင်းအထန် ဖြစ်တာ။ လွယ်ဟိုတုံး တောင်ပေါ်ကနေ ဝမ်လုံ၊ ပန်ညောင် အဲ့ဘက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တာ။ ဝမ်လုံ ဟိုယ ဘက်မှာတော့ အိမ် ၂ လုံး မီးလောင်တာ တွေ့တယ်။ အိမ်တော်တော်များများ လက်နက်ကြီးထိတယ်၊ ဒီနေ့တိုက်ပွဲဖြစ်တာ ၄ နာရီလောက် ကြာတယ်။ မိုင်းရယ်မြို့ပေါ် တပ်ကနေလည်း လက်နက်ကြီး ပစ်ကူလာတယ်”ဟု မိုင်းရယ်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုအတွင်း လွယ်ဟိုတုံးတောင်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းသည် ဟိုယ-တန့်ယန်း လမ်းခွဲတွင် ခလရ-၆၇ တပ် အထိုင်ချပြီးနောက် လုံခြုံရေးအခြေအနေအရ တောင်ပေါ်သို့ ထပ်မံတပ်စွဲထားသည့် တပ်စခန်းဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က ယနေ့ နေ့လယ်ပိုင်းတွင် ဒရုန်းဖြင့် စတင်တိုက်ခိုက်ခဲ့ပြီးနောက် လက်နက်ကြီး ပစ်ခတ်သံများ ငြိမ်သက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“လွယ်ဟိုတုံးတောင်ပေါ်က စစ်ကောင်စီစခန်းကို MNDAA ရပြီးတော့ ည ၇ ကျော်မှာ အသံငြိမ်သွားတယ်။ လွယ်ဟိုတုံးက ဒီဘက်မှာ အမြင့်ဆုံးဆိုတော့ အဲ့ပေါ်ကနေ စစ်တပ်က လက်နက်ကြီးနဲ့ စပစ်တာ၊ MNDAA က အဲ့ပေါ်ထိ ဒရုန်းနဲ့ တက်ပစ်တော့ အကုန်ကျသွားတယ်ထင်တယ် လက်နက်ကြီးသံ ငြိမ်သွားတယ်”ဟု ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် တန့်ယန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ မန်တပ် တပ်စခန်းမှ လားရှိုးမြို့ဘက်သို့ လက်နက်ကြီး ပစ်ကူနေပြီး မိုင်းရယ်မြို့ဘက်သို့လည်း သီပေါနှင့် ခိုလမ်ဘက်မှ စစ်ကောင်စီတပ်သားများ အင်အားဖြည့်တင်းနေခြင်းကြောင့် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ရေးတင်းမာလျက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။

မိုင်းရယ်မြို့နယ်အတွင်း ဟိုယ၊ ဝမ်လုံ၊ ပန်ညောင် စသည့် ကျေးရွာများမှ ဒေသခံများမှာ လုံခြုံရေးစိုးရိမ်မှုကြောင့် လွယ်ဟန်း၊ ဝမ်စန့် ကုန်းစုံ၊ ဟိုတိကျေးရွာရှိ ဘုန်းကြီးကျောင်းများသို့ စစ်ဘေးရှောင် ၈၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မိုင်းရယ်ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ကတည်းက မိုင်းရယ်မြို့နယ်အတွင်း ဟိုယ-တန့်ယန်းလမ်းခွဲရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၆၇ မှ ဟိုယကျေးရွာ အုပ်စုဘက်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ရာ အထက(ခွဲ)၊ ကြံ့ခိုင်ရေးရုံးနှင့် ဝမ်လုံကျေးရွာ ထမင်းဆိုင်တန်းဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...