ကျေးသီးမြို့ပေါ် စစ်ဘေးရှောင် အလုံးအရင်းရောက်ရှိ

သျှမ်းပြည် မိုင်းရယ်မြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံအများအပြား ကျေးသီးမြို့နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင် နေကြကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ ပထမပတ်မှ စ၍ မိုင်းရယ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအကြား လုံခြုံရေးစိုးရိမ်မှုကြောင့် ဒေသခံပြည်သူများ အလုံးအရင်း ကျေးသီးမြို့နယ်သို့ ‌ထွက်ပြေးတိမ်းရှောင်လာကြသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ကျေးသီးမြို့ရှိ ကျောင်းခမ်းဘုန်းကြီးကျောင်း၊ ကမ္မဌာန်းကျောင်းတို့တွင် တည်းခိုနေကြသကဲ့သို့ အချို့စစ်ဘေးရှောင်များသည် အိမ်ငှားရမ်းပြီး နေထိုင်ကြကြောင်း စစ်ဘေးရှောင်ကူညီသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘုန်းကြီးကျောင်းတွေမှာ ရောက်နေတာကတော့ တစ်ရာကျော်ရှိမယ်။ အိမ်ငှားတဲ့သူ ဆွေမျိုးတွေ အိမ်မှာ နေတဲ့သူတွေ ရှိမယ်။ အချို့ကျတော့ ကျေးသီးမှာ ခဏနေပြီး တခြားမြို့နယ် ကို ဆက်သွားကြတယ်။ ရေရှည်ဆိုရင် စားသောက်ဖို့က ခက်ခဲမယ်”ဟု ကျေးသီးမြို့မှ စစ်ဘေးရှောင် ကူညီသူ အမျိုးသားတစ်ဦးက ဆိုသည်။

လက်ရှိအချိန်သည် မိုးတွင်းကာလ ဖြစ်သည့်အတွက် ကျေးသီးမြို့ပေါ် ဘုန်းကြီးကျောင်းများတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်များမှာ ခြင်ထောင်နှင့် အိပ်စောင်များ အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီသူများထံမှ သိရသည်။

“မိုးတွင်းဆိုတော့ တချို့တွေကလည်း စောင်တွေ၊ ခြင်ထောင်တွေ မပါလာတဲ့အတွက် ကျန်းမာရေး စိုးရိမ်ရတာယ်။ အခုစစ်ရှောင်တွေမှာ သက်ကြီးရွယ်အိုနဲ့ ကလေးတွေက ပိုများတယ်”ဟု ၎င်းစစ်ဘေးရှောင် ကူညီသူက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ရမခ အခြေစိုက်ရာ လားရှိုးမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့မှ လေးရက်ကြာ တစ်ဖက်သက် အပစ်ရပ်ဆဲထားကြောင်း ကြေညာထားသော်လည်း သျှမ်းပြည်မြောက်ပိုင်း တခွင်တွင် စစ်ရေးတင်းမာမှုများ ဆက်လက်ပြင်းထန်နေသေးပြီး စစ်ဘေးရှောင်များလည်း ဘေးလွတ်ရာသို့ ဆက်လက်ထွက်ပြေး တိမ်းရှောင်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

ကျေးသီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၃ ဦး ထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် စစ်ကောင်စီတပ် စစ်ကြောင်းများက ကျေးသီးမြို့နယ်အတွင်း ရှာဖွေဖော်ထုတ်ရာမှ ကျေးသီးမြို့၊ ဝမ်ဖွန်းကျေးရွာ၏ မြောက်ဘက် နှင့်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...