မိုင်းရယ်မြို့နယ် MNDAA စစ်အင်အားဖြည့် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ

သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သို့စစ်အင်အားဖြည့်ပြီးနောက် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခဲ့ကြောင်း သိရသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မိုင်းရယ်မြို့နယ် ဟိုယကျေးရွာကို ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် စစ်အင်အားများဖြည့်တင်းခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ကိုးကန့်တွေ နဲ့ PDF တော်လှန်ရေးတပ်ဖွဲ့တွေက သီပေါ၊နောင်ကော်ဘက်ကနေ ဟိုဟရွာကို စစ်အင်အား ဖြည့်လာတာ။တော်လှန်ရေးတပ်ဖွဲ့တွေက သူတို့က မန္တလေး တစ်ကြောဖက်ကနေတက်လာကြတာ။ ဒီ ၃ ရက်အတွင်းကို သူတို့ အင်အားဖြည့်ပြီး ပိုလှုပ်ရှားနေတာ။” ဟု စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။

ထိုနောက် ပြီးခဲ့သည့် (စက်တင်ဘာလ ၂၉ ရက်) ညတွင် ကောင်းနောင်ကျေးရွာကို စစ်ကောင်စီ မှ လေယာဉ် ၃ စီး ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးဒေသခံများ စိုးရိမ်နေရကြောင်း မိုင်းရယ်မြို့နယ် ဒေသခံအမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“လေယာဉ် ၃ စီး နဲ့ ဗုံး ၇ လုံးလောက် ကျသွားတယ်။ကိုးကန့်ကလည်း အင်အားဖြည့်ဝင်လာတော့ စစ်ကောင်စီကလည်း အဲ့လိုလျှောက်ပစ်တာပေါ့။ဒေသခံတွေကတော့ စိုးရိမ်နေကြတော့ နီးစပ်ရွာကို ပြေးကြ တယ်။ကိုးကန့်တပ်ဖွဲ့ တွေ ရွာတွေထဲရှိနေတော့ စစ်ကောင်စီက ရွာထဲကိုပစ်တာ။”ဟု မိုင်းရယ်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မိုင်းရယ်မြို့နယ် ကိုးကန့်တပ်ဖွဲ့စစ်အင်အားဖြည့်တင်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ

စစ်ကောင်စီဖက် မှ တစ်ဖက်သက် လက်နက်ကြီး၊ လေကြောင်းလိုင်းဖြင့် ဗုံးကြဲတိုက်နေသည့် အပြင် ဉပဒေကင်းမဲ့နေသည့် နိုင်ငံဖြစ်နေသည့် အတွက် စစ်ကောင်စီမှ ကိုးကန့်တပ်ဖွဲ့ MNDAA ကို ကျူးကျော်စစ်အဖြစ် သဘောထား၍ တိုက်ခိုင်နေကြောင်း စစ်‌ရေးသတင်းရင်းမြစ်တစ်ဦးက ထပ်မံလောင်းပြောသည်။

“ဒီပြည်တွင်း မှာ ဉပဒေဆိုတာမရှိတော့ဘူး။ ‌အခုက ကိုးကန့်တွေကို ကျူးကျော်စစ်လို့ စစ်ကောင်စီက သဘောထားပြီး လေယာဉ်တွေနဲ့ တုန့်ပြန်နေတာလေ။ တောက်လျှောက် သူတို့က ပစ်မှာပဲ။ မိုးကုန်ရင် သူတို့ ဆက် ချမှာပဲ ကိုယ်ပိုင်းအုပ်ချုပ်ခွင့်ကို ဘယ်သူကိုမှ မပေးနိုင်တာ။”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီမှ လက်ရှိတွင် လက်လွှတ်ဆုံးရှုံသွားသည့် လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို လေယာဉ်ဖြင့် စက်တင်ဘာ ၃၀ ရက်ထိ ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

လက်ရှိ မိုင်းရယ်မြိုနယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA၊ တော်လှန်ရေးတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ သွားလာလှုပ်ရှားသည့် ဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...