Wednesday, January 28, 2026

မိုင်းရယ်မြို့နယ် MNDAA စစ်အင်အားဖြည့် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ

သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သို့စစ်အင်အားဖြည့်ပြီးနောက် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခဲ့ကြောင်း သိရသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မိုင်းရယ်မြို့နယ် ဟိုယကျေးရွာကို ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် စစ်အင်အားများဖြည့်တင်းခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ကိုးကန့်တွေ နဲ့ PDF တော်လှန်ရေးတပ်ဖွဲ့တွေက သီပေါ၊နောင်ကော်ဘက်ကနေ ဟိုဟရွာကို စစ်အင်အား ဖြည့်လာတာ။တော်လှန်ရေးတပ်ဖွဲ့တွေက သူတို့က မန္တလေး တစ်ကြောဖက်ကနေတက်လာကြတာ။ ဒီ ၃ ရက်အတွင်းကို သူတို့ အင်အားဖြည့်ပြီး ပိုလှုပ်ရှားနေတာ။” ဟု စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။

ထိုနောက် ပြီးခဲ့သည့် (စက်တင်ဘာလ ၂၉ ရက်) ညတွင် ကောင်းနောင်ကျေးရွာကို စစ်ကောင်စီ မှ လေယာဉ် ၃ စီး ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးဒေသခံများ စိုးရိမ်နေရကြောင်း မိုင်းရယ်မြို့နယ် ဒေသခံအမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“လေယာဉ် ၃ စီး နဲ့ ဗုံး ၇ လုံးလောက် ကျသွားတယ်။ကိုးကန့်ကလည်း အင်အားဖြည့်ဝင်လာတော့ စစ်ကောင်စီကလည်း အဲ့လိုလျှောက်ပစ်တာပေါ့။ဒေသခံတွေကတော့ စိုးရိမ်နေကြတော့ နီးစပ်ရွာကို ပြေးကြ တယ်။ကိုးကန့်တပ်ဖွဲ့ တွေ ရွာတွေထဲရှိနေတော့ စစ်ကောင်စီက ရွာထဲကိုပစ်တာ။”ဟု မိုင်းရယ်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မိုင်းရယ်မြို့နယ် ကိုးကန့်တပ်ဖွဲ့စစ်အင်အားဖြည့်တင်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ

စစ်ကောင်စီဖက် မှ တစ်ဖက်သက် လက်နက်ကြီး၊ လေကြောင်းလိုင်းဖြင့် ဗုံးကြဲတိုက်နေသည့် အပြင် ဉပဒေကင်းမဲ့နေသည့် နိုင်ငံဖြစ်နေသည့် အတွက် စစ်ကောင်စီမှ ကိုးကန့်တပ်ဖွဲ့ MNDAA ကို ကျူးကျော်စစ်အဖြစ် သဘောထား၍ တိုက်ခိုင်နေကြောင်း စစ်‌ရေးသတင်းရင်းမြစ်တစ်ဦးက ထပ်မံလောင်းပြောသည်။

“ဒီပြည်တွင်း မှာ ဉပဒေဆိုတာမရှိတော့ဘူး။ ‌အခုက ကိုးကန့်တွေကို ကျူးကျော်စစ်လို့ စစ်ကောင်စီက သဘောထားပြီး လေယာဉ်တွေနဲ့ တုန့်ပြန်နေတာလေ။ တောက်လျှောက် သူတို့က ပစ်မှာပဲ။ မိုးကုန်ရင် သူတို့ ဆက် ချမှာပဲ ကိုယ်ပိုင်းအုပ်ချုပ်ခွင့်ကို ဘယ်သူကိုမှ မပေးနိုင်တာ။”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီမှ လက်ရှိတွင် လက်လွှတ်ဆုံးရှုံသွားသည့် လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို လေယာဉ်ဖြင့် စက်တင်ဘာ ၃၀ ရက်ထိ ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

လက်ရှိ မိုင်းရယ်မြိုနယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA၊ တော်လှန်ရေးတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ သွားလာလှုပ်ရှားသည့် ဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...

လားရှိုး-မိုင်းရယ်တွင် ရွေးကောက်ပွဲနောက်ပိုင်း ဒေသခံများကို MNDAA အခွန်ဆောင်ခိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များကို ၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်ပြီး တစ်လချင်း အခွန်ပေးဆောင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့်...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...