မိုင်းရယ်
လားရှိုး ရဲတပ်ဖွဲ့က မူးယစ်ဆေးစွဲ လက္ခဏာရှိသူ ၂၀၀ ကျော်ကို ဖမ်းဆီးပြီး မိုင်းရယ်သို့ ပို့ဆောင်
သျှမ်းပြည် လားရှိုးမြို့နယ်မှ မူးယစ်ဆေးစွဲသည့် လက္ခဏာရှိသူများကို လားရှိုးရဲတပ်ဖွဲ့က ဖမ်းဆီး၍ မိုင်းရယ်မြို့သို့ ကားတင်ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၀ ရက်) နေ့လည် ၂ နာရီကျော်တွင် လားရှိုးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် မူးယစ်ဆေးစွဲ လက္ခဏာရှိသူ အမျိုးသား စုစုပေါင်း ၂၀၀ ကျော်ကို ၁၂...
မိုင်းရယ်တွင် “ဝ”နယ်မှ ပို့ဆောင်လာသော စစ်ဘေးရှောင် ၅၀၀ ကျော်ရှိ
SHAN -
သျှမ်းပြည် မိုင်းရယ်မြို့တွင် “ဝ”နယ် နမ့်တစ်မြို့မှတဆင့် ပို့ဆောင်လာသော စစ်ဘေးရှောင် ၅၀၀ ကျော် ရောက်ရှိလာပြီး မြို့ပေါ်ဘုန်းကြီးကျောင်းနှင့် ဘောလုံးကွင်းတို့တွင် ခေတ္တညအိပ် တည်းခိုခဲ့ကြောင်း စုံစမ်းသိရသည်။ “ဝ”နယ် နမ့်တစ်မြို့တွင် ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်းလုံမြို့တို့မှ ထွက်ပြေး တိမ်းရှောင်လာသော စစ်ဘေးရှောင်များကို “ဝ”တပ်ဖွဲ့ UWSA မှ...
မိုင်းရယ် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်၊ ဗုံးခိုကျင်းများ တူးထားရ
SHAN -
သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့၏ စစ်ရေးလှုပ်ရှားမှုများကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး ဗုံးခိုကျင်းများ တူးထားရကြောင်း စုံစမ်းသိရသည်။ ယခု နိုဝင်ဘာ လဆန်းပိုင်းမှစပြီး မိုင်းရယ်မြို့နယ်အတွင်း TNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ စစ်ရေးလှုပ်ရှားမှုများကြောင့် မိုင်းရယ်မြို့ပေါ် ရပ်ကွက်များတွင် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး ဗုံးခိုကျင်းများ တူးထားရကြောင်း မိုင်းရယ်ဒေသခံများက...
မိုင်းရယ် ဆိုင်ရှင်များထံ အမည်မသိလက်နက်ကိုင်တပ်ဖွဲ့မှ ကျည်ဆံတစ်ထောင်ဖြင့် ဆက်ကြေးတောင်းနေ
သျှမ်းပြည် မိုင်းရယ်မြို့တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တစ်စုမှ ပြည်သူများဖွင့်လှစ်ထားသည့် ဆိုင်များထံ ဆက်ကြေးကို ခြိမ်းခြောက် ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မိုင်းရယ်မြို့တွင် ပြီးခဲ့သည့် အောက်တိုလာလ ၂၆ရက်၌ အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ဆိုင်များထံ ဆက်ကြေး ကျပ်သိန်း (၅၀)ပေးရန် အတွက် စာရွက်တွင် Kpay ဖုန်းနံပါတ်ရေးသားပြီး ကျည်ဆံတစ်ထောင့်ဖြင့် ခြိမ်းခြောက်စာလာရောက်ပို့ကြောင့်...
“ဝ”ဒေသဘက်မှ ပြေးလာသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း မိုင်းရယ်ထိရောက်ရှိနေ
သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း “ ဝ “ ဒေသမှထွက်ပြေးလာသည့် တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်း အဖွဲ့ဝင် အများအပြား ရောက်ရှိနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ လဆန်းပိုင်းမှစပြီး “ ဝ “ ဒေသရှိ ပန်ဆိုင်းမြို့မှ ထွက်ပြေးလာသော တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းအဖွဲ့ဝင် စုစုပေါင်း လူဦးရေ...
မိုင်းရယ်မြို့နယ် အမည်မသိလူတစ်စုမှ ခြိမ်းခြောက်ပြီး အခွန်ဆောင်ခိုင်းနေ
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုအတွင်း ဈေးဆိုင်ဖွင့်လှစ်ထားသူများကို အမည်မသိ လူတစ်ခုမှ ခြိမ်းခြောက်ပြီး အခွန်ဆောင်းခိုင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (အောက်တိုဘာလ ၁၇ ) ရက်မှစပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုအတွင်း မျက်နှာဖုံးစွပ်နှင့် အရပ်ဝတ် (အမည်မသိ) လူတစ်စုမှ ဈေးဆိုင်ဖွင့်လှစ်ရောင်းချသူများကို တရုတ်စာဖြင့် ရေးသားထားသော စာအိတ်ပေး၍ တစ်ဆိုင်လျှင်...
မိုင်းရယ်မြို့နယ် ကြိုးပြင်ကာကွယ်တောလုပ်မည့်ကိစ္စ ဒေသခံများ ဝိုင်းဝန်းကန့်ကွက်
သျှမ်းပြည် လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း အမှတ် (၃) ကြိုးပြင် ကာကွယ်တောပြုလုပ်မည့် ကိစ္စနှင့် ပတ်သက်ပြီး ဒေသခံများက ဝိုင်းဝန်းကန့်ကွက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၁၀) ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် တန့်ယန်းမြို့မှ သစ်တောအရာရှိ နှစ်ဦး၊ လားရှိုးမြို့မှ တစ်ဦး နှင့်...
မိုင်းရယ်မြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့နှင့် SSPP/SSA တိုက်ပွဲဖြစ်
သျှမ်းပြည် လားရှိုးခရိုင် မိုင်းရယ်မြို့နယ်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၁၁) ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်မှ စတင်ကာ မိုင်းရယ်မြို့ အမှတ်...
မိုင်းရယ် စစ်ဆေးရေးဂိတ် တရုတ်ပြန် ရွှေ့ပြောင်းအလုပ်သမားများကို ငွေကြေးကောက်ခံနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့ရှိ စစ်ဆေးရေးဂိတ်တွင် တရုတ်ပြည်မှ ပြန်လာသည့် ရွှေ့ပြောင်း အလုပ်သမား ၂ ဦးထံ ပိုက်ဆံတောင်းခံမှု ပြုလုပ်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် တရုတ်ပြည်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦးသည် မိုင်းရယ် မြို့အဝင် မီးသတ်စခန်းရှေ့တွင်...
မိုင်းရယ် – ကျေးသီးလမ်းတွင် ကားတစ်စီး တိမ်းမှောက်မီးလောင်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နှင့် တောင်ပိုင်း ဆက်သွယ်ထားသည့် မိုင်းရယ် - ကျေးသီး ကားလမ်းမကြီးတွင် ကားတစ်စီးတိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်း သိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၇ )ရက် မွန်းလွဲပိုင်း ၂ နာရီ ဝန်းကျင်တွင် မိုင်းရယ် - ကျေးသီး ကားလမ်းမ ရှိ...





