မိုင်းရယ်မြို့နယ် အမည်မသိလူတစ်စုမှ ခြိမ်းခြောက်ပြီး အခွန်ဆောင်ခိုင်းနေ

သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုအတွင်း ဈေးဆိုင်ဖွင့်လှစ်ထားသူများကို အမည်မသိ လူတစ်ခုမှ ခြိမ်းခြောက်ပြီး အခွန်ဆောင်းခိုင်းနေကြောင်း စုံစမ်းသိရသည်။

မိုင်းရယ်

ပြီးခဲ့သည့် (အောက်တိုဘာလ ၁၇ ) ရက်မှစပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုအတွင်း မျက်နှာဖုံးစွပ်နှင့် အရပ်ဝတ် (အမည်မသိ) လူတစ်စုမှ ဈေးဆိုင်ဖွင့်လှစ်ရောင်းချသူများကို တရုတ်စာဖြင့် ရေးသားထားသော စာအိတ်ပေး၍ တစ်ဆိုင်လျှင် ကျပ်သိန်း ၁၀၀ အခွန်ဆောင်ခိုင်းနေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ (အောက်တိုဘာလ ၁၉) ရက်ကို နောက်ဆုံးအနေဖြင့် Kpay မှတဆင့် လွှဲပေးရန် ပြောဆိုခဲ့ပြီး အဆိုပါ စာအိတ်ထဲ၌ ကျည်ဆံတစ်ထောင့်ထည့်၍ ခြိမ်းခြောက်ထားသည်။

“ စာအိတ်လာပေးတဲ့သူတွေက သျှမ်းစကားပဲ ပြောကြတယ်။ အရပ်ဝတ်နဲ့ မျက်နှာဖုံးလည်း စွပ်ထားတယ်။ ဘယ်နှစ်ယောက် တောင်မှ လာကြတာလဲတော့ မသိဘူး။ လူများတယ်။ ဈေးဆိုင်ဖွင့်လှစ်ထားတဲ့သူ၊ ကုန်စုံဆိုင်တွေဆီ ဝင်လာပြီး စာအိတ်လာပေးတယ်။ ပြီးတော့ တစ်ဆိုင်ကို အခွန်ခဆိုပြီး ကျပ်သိန်း ၁၀၀ လွှဲပေးဖို့ ပြောတယ်။ တချို့တွေလည်း လွှဲပေးနေတယ် “ ဟု ၎င်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ မည်သည့် အဖွဲ့အစည့် လက်ချက်ဖြစ်ကြောင်း၊ မည်သူဖြစ်ကြောင်းကို မသိရှိရဘဲ တချို့ဒေသခံများက ကြောက်ရွံ့၍ ပိုက်ဆံ လွှဲပေးနေရကြောင်း ၎င်းကဆိုသည်။

တစ်ဖက်တွင် လားရှိုးမြို့မှာ မကြာခဏ ဗုံးပေါက်မှု ဖြစ်ပွားနေသောကြောင့် ထိုဗုံးပေါက်ကွဲမှုကို အခွင့်အရေး ယူပြီး ပြည်သူများကို ခြိမ်းခြောက် ဓားပြတိုက်နေကြောင်းလည်း ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

“ လားရှိုးမြို့မှာလည်း ခဏခဏ ဗုံးပေါက်ကွဲနေတာလေ။ အဲ့ဒါကို အခွင့်အရေး ယူပြီး ခြိမ်းခြောက် ဓားပြတိုက်နေတာ။ ပိုက်ဆံမလွှဲပေးရင် ဗုံးနဲ့လာပစ်မယ် ဘာညာခြိမ်းခြောက်ပြီး သူတို့ပိုက်ဆံ ရအောင် အမျိုးမျိုး လုပ်နေတာပဲ။ လက်နက်ကိုင်တပ်ဖွဲ့ ကနေ လာကောက်တာတော့ မဖြစ်နိုင်ဘူး “ ဟု ၎င်းက ယခုလို ပြောသည်။

ထို့အပြင် လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်အပြင် ပြည်သူ့စစ်တပ်ဖွဲ့များ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့လှုပ်ရှားနေလျက်ရှိသည်။

လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ဒေသအတွင်း ဖြစ်ပျက်နေသည့် ပြသာနာများ၊ ငွေလိမ်လည်မှုများကို စိစစ်၍ အရေးယူဆောင်ပေးစေလိုကြောင်းလည်း ဒေသခံများက တောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...