မိုင်းရယ်မြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့နှင့် SSPP/SSA တိုက်ပွဲဖြစ်

သျှမ်းပြည် လားရှိုးခရိုင် မိုင်းရယ်မြို့နယ်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီနဲ့ SSPP တိုက်ပွဲဖြစ်

ယမန်နေ့ (မတ်လ ၁၁) ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်မှ စတင်ကာ မိုင်းရယ်မြို့ အမှတ် (၁) ရပ်ကွက် အနောက်ဘက်ရှိ နားဆန်းကျေးရွာ နှင့် နားယန်းကျေးရွာကြားရှိ ခိုလောင်းတံတားအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် SSPP/SSA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အသက် ၃၀ ကျော် မိုင်းရယ်မြို့ခံ တစ်ဦးက ပြောသည်။

“SSPP က ခိုလောင်း နားတစ်ဝိုက် ဒေသလုံခြုံရေး စစ်ဆေးမှု လုပ်နေတဲ့ အချိန်မှာ၊ မြို့ထဲကနေ ရဲကားတစ်စီး စစ်ကားတစ်စီးက ခိုလောင်းဘက်ကို ဦးတည်ပြီး သွားတယ်။ SSPP/SSA ကို တပ်မတော်က စပစ်တာ၊ သေနတ်တွေ ဗုံးတွေရော သုံးတယ်၊ လယ်တွေ ယာတွေထဲမှာ ကျည်ဆံ ဗုံးဆံတွေ ရှိနေသေးတယ်” ဟု မိုင်းရယ် မြို့ခံ ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ ခိုလောင်းတံတားသည် သီပေါ – မိုင်းရယ် – လားရှိုး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တည်ရှိပြီး မိုင်းရယ်မြို့နှင့် တစ်မိုင်ခန့်သာ ကွာဝေးသည်။

ထိတွေ့တိုက်ပွဲသည် တစ်နာရီနီးပါး ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး နှစ်ဖက် တပ်ဖွဲ့ စစ်ကူအင်အားများ ရောက်ရှိလာပြီး ပစ်ခတ်ကြရာမှ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် မြို့ထဲသို့ ပြန်လည်ဆုတ်လာကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

“တိုက်ပွဲက ၁ နာရီကနေ ၂ နာရီထိုးခါနီးအထိ ဖြစ်တာ၊ နှစ်ဖက် တပ်ဖွဲ့ကစစ်အင်အား အကူတွေ ရောက်လာပြီး အချင်းချင်းပစ်ကြတယ်၊ တပ်မတော်ဘက်က မြို့ထဲ ပြန်ဆုတ်လာလို့ တိုက်ပွဲက ငြိမ်သွားတယ်၊ SSPP ဘက် ထိခိုက် ဒဏ်ရာရသူရှိတယ်” ဟု ၎င်းက ဆိုသည်။

SSPP


ထိတွေ့တိုက်ပွဲ ငြိမ်သွားပြီးနောက် ညနေ ၅ နာရီဝန်းကျင်အချိန်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ကား တစ်စီး နှင့် ခိုလောင်း အနီးတစ်ဝိုက်ရှိ ဈေးဆိုင်များ၊ အိမ်များရှိ ပြည်သူထူထုကို ညနေ ၆ နာရီကျော် အထိ သွားရောက်စစ်ဆေး မေးမြန်းမှုများ လုပ်ခဲ့ကြောင်းလည်း သိရသည်။

ယင်းထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး SSPP/SSA တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူများထံသို့ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

မိုင်းရယ်မြို့အတွင်း အခြေစိုက် စစ်ကောင်စီ တပ်သည် ခြေမြန်တပ်ရင်း ခမရ အမှတ် ၃၂၅ နှင့် အမြှောက်တပ် တို့ ရှိကြသည်။

စစ်ကောင်စီတပ်

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် NSPNC အဖွဲ့ နှင့် SSPP/SSA တပ်ဖွဲ့တို့ နေပြည်တော်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆွေးနွေး ဆောင်ရွက်မှု ၂ ကြိမ် ထက်မနည်းရှိခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းတွင်လည်း စစ်ကောင်စီဘက်မှ SSPP/SSA ဌာနချုပ်ရှိရာနေရာကို ဦးတည်ပြီး ရဟတ်ယာဥ်ဖြင့် လာရောက်ပျံဝဲခြိမ်းခြောက်မှု ပြုခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...