မိုင်းရယ်မြို့နယ် ကြိုးပြင်ကာကွယ်တောလုပ်မည့်ကိစ္စ ဒေသခံများ ဝိုင်းဝန်းကန့်ကွက်

သျှမ်းပြည် လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း အမှတ် (၃) ကြိုးပြင် ကာကွယ်တောပြုလုပ်မည့် ကိစ္စနှင့် ပတ်သက်ပြီး ဒေသခံများက ဝိုင်းဝန်းကန့်ကွက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (စက်တင်ဘာလ ၁၀) ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် တန့်ယန်းမြို့မှ သစ်တောအရာရှိ နှစ်ဦး၊ လားရှိုးမြို့မှ တစ်ဦး နှင့် မိုင်းရယ်မြို့မှ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အရာရှိတစ်ဦး နှင့် သစ်တောဦးစီး ဌာနမှ အရာရှိ နှစ်ဦး စုစုပေါင်း (၇) တို့သည် မိုင်းရယ်မြို့နယ်မှ မြေဧကပေါင်း ၁၄၅၀၀ ဧကကို ကြိုးပြင် ကာကွယ်တော ပြုလုပ်မည်ဟု လာရောက်ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ သစ်တောအရာရှိများနှင့် ထွေအုပ်ရုံးမှ အရာရှိများသည် မိုင်းရယ်မြို့နယ်၊ မန်ပုံကျေးရွာရှိ ဘုန်းကြီး ကျောင်းတွင် ကျေးရွာ လူကြီး ၊ ဒေသခံများ (၁၀၀၀) ကျော်နှင့် လာရောက်တွေ့ဆုံ ပြောဆိုခြင်းဖြစ်ကြောင်း တွေ့ဆုံမှုတွင် တက်ရောက်ခဲ့သည့် ရွာခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ လုပ်မယ့် ကြိုးပြင်ကာကွယ်တော ဖြစ်သွားမယ်ဆိုရင် ကျနော်တို့ ရွာခံတွေက ရွာရွှေ့ပြောင်းရမယ်၊ ဝမ်းစာ အတွက် စိုက်ပျိုးရေးမြေနေရာတွေလည်း စွန့်ပစ်ပြီး အသစ်ပြန်လည်လုပ်ရမယ်၊ ဒါတွေနဲ့တင် ပြည်သူရဲ့ နေထိုင်စားသောက်ရေးတွေကို ထိခိုက်နေပြီ၊ ရွာသစ်ပြန်တည်ဖို့ ၊ နေရာပြန်ရှာဖို့ ဒါတွေကလည်း အစိုးရဘက်က တာဝန်ယူပေးမှာမဟုတ်ဘူး၊ကျနော်တို့ဘာသာ လုပ်ရမယ်ဆိုလို့ အားလုံးက ဝိုင်းဝန်းကန့်ကွက်ကြတာ” ဟု အမည်မဖော်လိုသူ ဒေသခံက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယနေ့ တွေ့ဆုံမှုတွင် မိုင်းရယ်မြို့နယ်မှ နားခိုကျေးရွာအုပ်စု၊ ခိုဆိုင်းကျေးရွာအုပ်စု၊ မန်ပုံကျေးရွာအုပ်စု တို့မှ ရွာလူကြီးများ ၊ ဒေသခံများ (၁၄၉၉) ယောက် တက်ရောက်ပြီး အားလုံးက သစ်တောအရာရှိ နှင့် ထွေအုပ်အရာရှိ တို့၏ ပြောဆိုမှုကို ဝိုင်းဝန်းကန့်ကွက်ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းရယ်မြို့နယ်အတွင်း ကြိုးပြင်ကာကွယ် သစ်ဝိုင်း ပြုလုပ်ပါက ကျေးရွာ အုပ်စု (၃) အုပ်စုမှ ကျေးရွာများ ဖြစ်ကြ သည့် နားငူးကျေးရွာ(ဝၢၼ်ႈၼႃးငူး) ၊ နားလောင်ကျေးရွာ(ဝၢၼ်ႈၼႃးလွင်ႈ) ၊ မက်လန်းကျေးရွာ (ဝၢၼ်ႈမၢၵ်ႇလၢင်း)၊ ဝၢၼ်ႈႁူၺ်ႈသိမ်ႇ စသည့်ကျေးရွာများအပြင် လယ်၊ ယာစိုက်ခင်း များလည်း ထိခိုက်နိုင်ကြောင်းလည်း ဒေသခံ များက ဆက်ပြောသည်။

“ထိခိုက်မယ့် နေရာတွေကတော့ ပြောရမယ်ဆိုရင် အုပ်စု (၃) အုပ်စုက ကျေးရွာ (၇) ရွာလောက်ရှိတယ်၊ ကျနော် တို့ကတော့ ကိုယ့်မြေ၊ ကိုယ်ရွာ၊ ကိုယ့်သစ်တောနယ်မြေကို ကိုယ့်ဘာသာ ထိန်းသိမ်းချင်တယ်၊ နှစ်စဥ်နှစ်တိုင်းက လည်း သစ်တောထိန်းသိမ်းမှုကို ကျနော်တို့ ကိုယ်ထူကိုယ်ထ လုပ်နေကြပဲ၊ အဲ့ကြောင့် သူတို့က လက်နက်နဲ့ပဲလာ လာ၊ အာဏာနဲ့ပဲလာလာ ကျနော်တို့ကတော့ ကိုယ့်မြေ၊ ကိုယ့်ဒေသကို ကာကွယ်ကြမယ်” ဟု အထက်ပါ အမျိုးသား က ဆက်ပြောသည်။

ဒေသခံများ၏ ဝိုင်းဝန့်ကန့်ကွက်မှုကြောင့် သစ်ဝောာအရာရှိ နှင့် ထွေအုပ်ဝန်ထမ်းတို့ကလည်း နောက်ကြောင်း လှည့် ပြန်သွားရပြီး ၊ အထက်ကို ပြန်တင်ပြမယ်ဟု ပြောဆိုသွားခဲ့ကြောင်းလည်း ဒေသခံများက ဆက်ပြော သည်။

လက်ရှိ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ ပြန်သွားသော်လည်း နောက်တစ်ကြိမ် ပြန်လာနိုင်သည့် အတွက် အခြေအနေများကို စောင့်ကြည့်နေရသေးကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...