“ဝ”ဒေသဘက်မှ ပြေးလာသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း မိုင်းရယ်ထိရောက်ရှိနေ

သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း “ ဝ “ ဒေသမှထွက်ပြေးလာသည့် တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်း အဖွဲ့ဝင် အများအပြား ရောက်ရှိနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

မိုင်းရယ်မြို့ပုံ

ပြီးခဲ့သည့် အောက်တိုဘာလ လဆန်းပိုင်းမှစပြီး “ ဝ “ ဒေသရှိ ပန်ဆိုင်းမြို့မှ ထွက်ပြေးလာသော တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းအဖွဲ့ဝင် စုစုပေါင်း လူဦးရေ ၈၀၀ ခန့်သည် မိုင်းဟပြည်သူ့စစ်ဌာနာ ထိန်းချုပ်ရာ နယ်မြေ မိုင်းဟ/မိုင်းဟိုင်းရွာသို့ လာရောက်ခိုလှုံနေကြကြောင်း တိကျသည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ရောက်လာတဲ့သူတွေက တရုတ်ကြီးပဲ။ သူတို့ရောက်လာတာ ဒီနေ့နဲ့ဆိုရင် ၁၀ ရက်ကျော်နေပြီ။ လုံခြုံရေးကို မိုင်းဟပြည်သူ့စစ်က လုပ်ပေးတယ်။ ဘယ်လိုနေ၊ ဘယ်လိုစားရသလဲတော့ သေချာမသိရဘူး။ သူတို့ကိုတော့ နေရာအဝေးကြီးသွားဖို့ တားမြစ်ထားလောက်တယ် “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ကျေးရွာအတွင်း တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းများ ရောက်ရှိလာသောကြောင့် ဒေသခံများလည်း လုံခြုံရေးအတွက် စိုးရိမ်နေကြရသည်။

“ ဟုတ်တယ်။ ကျနော်တို့လည်း စိုးရိမ်နေရတယ်။ ဒါပေမယ့် လက်နက်ကိုင်တပ်ဖွဲ့တွေကိုတော့ သူတို့မလွန်ဆန်နိုင်ဘူး။ ကျနော်တို့ပြည်သူတွေကတော့ ထိတ်လန့်မှုဖြစ်နေတယ်။ တခုခုဆို ရွာထဲဝင်လာပြီး တောင်းကျန်းမှာကိုပဲ ကြောက်တယ် “ ကျေးရွာနေဒေသခံ တစ်ဦးကပြောသည်။

ယခုရက်ပိုင်း သျှမ်းပြည် ကိုးကန့် နှင့် “ဝ” ဒေအတွင်း တရုတ်နိုင်ငံ၏ ဖိအားကြောင့် “ဝ”တပ်ဖွဲ့ (UWSA) က အွန်လိုင်း ငွေလိမ်ဂိုဏ်းဖမ်းဆီးမှု ကြမ်းလာသဖြင့် ထိုတရုတ်များသည် မိုင်းရယ်မြို့နယ် ပြည်သူ့စစ်များရှိသည့်နေရာသို့ လာရောက်ခိုလှုံနေသည့် သဘောဖြစ်ကြောင်း မိုင်းရယ်မြို့ ရပ်မိရပ်ဖများက ဆိုသည်။

အလားတူ (အောက်တိုဘာလ ၇ ရက်)တွင် ကိုးကန့်ဒေသအတွင်း တရားမဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၃၇၇ ဦးကိုလည်း ကိုးကန့်တပ်ဖွဲ့မှ ဖမ်းဆီးပြီး တရုတ်နိုင်ငံ၏ ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်း ပေးခဲ့သည်။

အောက်တိုဘာလ ၁၄ တွင်လည်း မိုင်းဆတ်ခရိုင် မိုင်းယွင်းကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်များ နေထိုင်အလုပ်လုပ်သည့် နေရာကို “ ဝ “ တပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့သည်။

ယခုလပိုင်းအတွင်း မြန်မာ – တရုတ်နယ်စပ်တလျှောက် ကိုးကန့် ဒေသ၊ “ဝ” ဒေသ နှင့် မူဆယ်မြို့ နယ်အတွင်း အွန်လိုင်း ငွေလိမ်ဂိုဏ်း များကို တရုတ် – မြန်မာ – ထိုင်း (၃) နိုင်ငံ ပူးပေါင်းပြီး ဖမ်းဆီးမှု ပြုလုပ်သွားမည်ဟု ကြေညာထားသည်။

ယခုလ (အောက်တိုဘာ) ၁၆ ရက်တွင်လည်း မြန်မာနယ်စပ်တလျှောက်တွင် အွန်လိုင်း ငွေလိမ်ဂိုဏ်း နှင့် ဆက်စပ်သည့် သံသယရှိသူ ၄၆၀၀ ကျော် ဖမ်းဆီးရမိကြောင်း တရုတ်နိုင်ငံပြည်သူ့လုံခြုံရေး ဌာန ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...