မိုင်းရယ် စစ်ဆေးရေးဂိတ် တရုတ်ပြန် ရွှေ့ပြောင်းအလုပ်သမားများကို ငွေကြေးကောက်ခံနေ

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့ရှိ စစ်ဆေးရေးဂိတ်တွင် တရုတ်ပြည်မှ ပြန်လာသည့် ရွှေ့ပြောင်း အလုပ်သမား ၂ ဦးထံ ပိုက်ဆံတောင်းခံမှု ပြုလုပ်ကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် တရုတ်ပြည်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦးသည် မိုင်းရယ် မြို့အဝင် မီးသတ်စခန်းရှေ့တွင် ရှောင်တခင် စစ်ဆေးမှု ပြုနေကြသည့် စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆေးမှုကို ခံရပြီးနောက် ၎င်းတို့၏ ဖုန်းထဲတွင် တရုတ်ပြည်မှ ရိုက်လာသည့် စစ်သား နှင့် သေနတ်ပုံ တွေ့ရှိသဖြင့် ငွေကြေး တောင်းခံခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ကျန်တဲ့ ခရီးသည်တွေကတော့ မှတ်ပုံတင်ပြပြီး ဘယ်ကိုသွားမလဲဆိုတာကို ပြောရုံနဲ့ လွတ်ပေးတယ်၊ သူတို့ နှစ်ယောက်ကတော့ ဖုန်းထဲမှာ တရုတ်ပြည်က ရိုက်လာတဲ့ စစ်သား နဲ့ သေနတ်ပုံတွေ့လို့ ပိုက်ဆံ ၁ သိန်းခွဲ တောင်းတယ်တဲ့၊ ဒါပေမယ့် တောင်းတောင်းပန်ပန် နဲ့ ၃ သောင်းပေးခဲ့ရတယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

မိုင်းရယ်မြို့

အဆိုပါ စစ်ဆေးခံရသည့် တရုတ်ပြည်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမားသည် အသက် ၃၀ ကျော်ဖြစ်ပြီး မိုင်းရယ်မြို့နယ် မှ တရုတ်ပြည်ဘက်သို့ ၄ နှစ်ကျော်ကြာ အလုပ်သွားလုပ်ပြီး ပြန်လာသည့်အချိန်တွင် စစ်ဆေးခြင်းခံရကြောင်း သိရသည်။

“မီးသတ်စခန်းရှေ့မှာ လာစောင့်ပြီး စစ်ဆေးမှုတွေ လုပ်တာမျိုးတော့ မူးယစ်အဖွဲ့ နဲ့ လုံခြုံရေးအဖွဲ့ ပေါင်းပြီး တခါတလေမှ လုပ်ပါတယ်၊ ဘီးခွန်ကောက်တဲ့ မြို့အဝင် စစ်ဆေးရေး ဂိတ်မှာတော့ စစ်သားအစောင့် တစ်ယောက် နှစ်ယောက် နဲ့ ဘယ်ကလာ ဘယ်ကိုသွား ဆိုတာမျိုးပဲ စစ်တာ၊ မီးသတ်စခန်းရှေ့မှာ စောင့်ပြီး စစ်နေကြတာတော့ နည်းနည်းတင်းကြပ်တယ်၊ သွားလာဖို့လည်း လန့်ရတာပေါ့” ဟု မိုင်းရယ်မြို့ခံ အမျိုးသား တစ်ဦးက ပြောသည်။

အဆိုပါ မီးသတ်စခန်းရှေ့ရှိ မျက်နှာချင်းဆိုင်တွင် ဘီးခွန် ကောက်သည့် မြို့အဝင် စစ်ဆေးရေးဂိတ် ရှိနေပြီး ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့မှ လာရောက်စစ်ဆေးခြင်းသည် အမြဲတမ်း မဟုတ်ကြောင်းလည်း ဒေသခံများက ပြောသည်။

ယင်းကဲ့သို့ စစ်ဆေးမှုများ တင်းကြပ်ထားသော်လည်း ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့တွင် အမည် မသိ၊ နေရပ်လိပ်စာ မသိရှိရသည့် လူတစ်စုသည် မိုင်းရယ်မြို့အတွင်းသို့ ရောက်လာပြီး ပြည်သူများ၏ နေအိမ်ကို ဆေးသုတ်ပေးမည်ဟု ပြောကာ ပိုက်ဆံများ လိမ်ယူသွားသည့် ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

သျှမ်းပြည် အချို့မြို့နယ် စက်သုံးဆီ စတင်ပြတ်လပ်

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းရယ်မြို့နယ်တို့တွင် စက်သုံးဆီ စတင်ပြတ်လပ်လာပြီး အချို့ဆိုင်များအကန့်သတ်ဖြင့်ရောင်းကာ ဓာတ်ဆီတစ်လီတာလျှင် ၅၀၀၀ ကျပ် အထိရှိနေကြောင်း သတင်းရရှိသည်။ ယနေ့ (မတ်လ ၄ ရက်) မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ် နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ်ရှိရာ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...