ချင်းမိုင်တွင် စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းသူများနှင့် ရာဇဝတ်မှုများကို စောင့်ကြည့်ရန် “ဒရုန်းစစ်ဆေးရေးအဖွဲ့” ဖွဲ့စည်း

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စစ်ဆေးရေးဂိတ်များကို တိမ်းရှောင်သူများနှင့် ပိုမိုရှုပ်ထွေးလာသော ခေတ်သစ်ရာဇဝတ်မှုများကို ဝေဟင်မှ တဆင့် စောင့်ကြည့်နိုင်ရန် လူမဲ့လေယာဉ် (Unmanned Aerial Vehicles-UAV) များ အသုံးပြုသည့် “ဒရုန်းကင်းလှည့်အဖွဲ့” (Drone Patrol) စစ်ဆင်ရေးကို စတင်အသုံးပြုပြီ ဖြစ်ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။

ယမန်နေ့ (ဇွန်လ ၁၅ ရက်) နေ့လယ် ၁၁:၀၀ နာရီအချိန်တွင် ချင်းမိုင်မြို့ရှိ Phu Ping Ratchaniwet Police Station သည် စစ်ဆေးရေးဂိတ်များ ပိတ်ဆို့ရှာဖွေမှုအတွင်း ဒရုန်းအသုံးပြုရှာဖွေစစ်ဆေးမှုများကို စတင်ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ထားသည်။

လက်ရှိအသုံးပြုမည့် ဒရုန်းများသည် စစ်ဆေးရေးဂိတ်များသို့ မရောက်ရှိမီ လမ်းခုလတ်မှ လှည့်ပြေးရန် ကြိုးပမ်းသည့် သံသယဖြစ်ဖွယ်ယာဉ်များကို ဝေဟင်မှတဆင့် မပြတ်တမ်းစောင့်ကြည့် ခြေရာခံကာ လိုက်လံဖမ်းဆီး တားဆီးသွားမည်ဖြစ်သည်။

ထို့သို့ ဒရုန်းများ အသုံးပြုရန်ပြင်ဆင်ခြင်းသည် ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်က ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့ ခန်းမဆောင်တွင် တရားဝင်ဖွင့်လှစ်ခဲ့သည့် “နည်းဗျူဟာမြောက် ထိရောက်မှု မြှင့်တင်ရေး စီမံကိန်း (ခြောက်ယောက်ပါအဖွဲ့နှင့် ဒရုန်းလှည့်ကင်း)” ၏ နောက်ဆက်တွဲ အစီအစဉ်တစ်ခု ဖြစ်သည်။

ထိုစီမံကိန်း၏ ရည်ရွက်ချက်မှာ ဓားစာခံဖမ်းဆီးခံရမှု၊ အန္တရာယ်ကြီးမားသော မူးယစ်ဆေးဝါး စစ်ဆင်ရေးများ၊ အရေးကြီးလူပုဂ္ဂိုလ် (VIP) ကာကွယ်ရေးနှင့် လူအုပ်ကြား သေနတ်ပစ်ခတ်မှု (Active shooter) ကဲ့သို့သော အသက်အန္တရာယ်ရှိသည့် ရာဇဝတ်မှုများကို တာဝန်ကျ ရဲအရာရှိများက ထိရောက်စွာ ကိုင်တွယ်နိုင်ရန်နှင့် အရပ်သား ထိခိုက်သေဆုံးမှု လျှော့ချနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် စီမံကိန်းကို ထိရောက်စွာ လည်ပတ်နိုင်ရန် ချင်းမိုင်ခရိုင် ရဲတပ်ဖွဲ့မှ အဆင့်မြင့် ဒရုန်းအစင်းရေ ၄၀ ကို ဝယ်ယူထားပြီး ဒေသခံရဲစခန်းများနှင့် မှုခင်းစုံစမ်းစစ်ဆေးရေးဌာနခွဲများသို့ ခွဲဝေချထားသည်။ တပ်ဖွဲ့ဝင်များကိုလည်း ဒရုန်းနည်းပညာအား အရေးကြီးသည့် ကဏ္ဍ ၃ ခုတွင် စနစ်တကျ အသုံးချနိုင်ရန် အထူးပြုဆင်ထားသည်။

လက်ရှိအသုံးပြုမည့် အရေးကြီး ကဏ္ဍ ၃ ခုမှာ အန္တရာယ်ရှိသော ဇုန်များနှင့် စစ်ဆေးရေးဂိတ်များကို ဝေဟင်မှ စောင့်ကြည့်ခြင်း၊ ထွက်ပြေးရှောင်တိမ်းသည့် သံသယရှိသူများကို ခြေရာခံခြင်းနှင့် မြေပုံများ ရေးဆွဲခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုများနှင့် မတော်တဆဖြစ်ပွားရာ နယ်မြေများကို တိုင်းတာစစ်ဆေးခြင်း စသည့် ကဏ္ဍများတွင် အသုံးပြုသွားမည်ဖြစ်သည်။

ကိုးကား – Chiang Mai News

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင် တွင်အမည်ခံကုမ္ပဏီများ နှိမ်နင်းမှု မြန်မာ ၇ ဦး ပါဝင်၊ ပိုင်ဆိုင်မှု ဘတ် ၆၃၃ သန်းကျော် ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း ဥပဒေဟာကွက်များကို အလွဲသုံးစားလုပ်ကာ တရားမဝင် လှုပ်ရှားနေသည့် နိုင်ငံခြားသား အမည်ခံ ကုမ္ပဏီကွန်ရက်ကြီးတခုကို ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၇ ဦး အပါအဝင် နိုင်ငံ ၄ ခုမှ သံသယရှိသူများကို ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ ဇူလိုင်လ...

ချင်းမိုင် တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်ဖြစ်၊ ဆန္ဒပြသူ ၂ဉီးဒဏ်ရာရ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့တွင် ယနေ့ (ဇူလိုင် ၆ ရက်) နံနက်က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု သတ္တုတွင်းများမှ ထွက်ရှိသော အဆိပ်သင့်ဓာတုပစ္စည်းများက နယ်စပ်ဖြတ်ကျော်ကာ...

စစ်ဆေးရေးဂိတ် ဖျက်သိမ်းမှုကြား ကားခနှင့် ကုန်ဈေးနှုန်း မကျသေး

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်းရှိ စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်အချို့ကို ဖျက်သိမ်းထားသော်လည်း ကားခနှုန်းထားများနှင့် ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းလာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် တောင်ကြီး–ဟိုပုံးလမ်း ၈ မိုင် စစ်ဆေးရေးဂိတ်၊ ပင်လုံမြို့အဝင် စစ်ဆေးရေးဂိတ်နှင့် မိုင်းနောင်–လဲချားလမ်းဆုံ စစ်ဆေးရေးဂိတ်တို့ကို ဖျက်သိမ်းထားသည်။ သို့သော် ၎င်းလမ်းပိုင်းရှိ အခြားစစ်ဆေးရေးဂိတ်များ နှင့် စက်သုံးဆီကန့်သတ်ချက်များကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် မြင့်မားနေဆဲဖြစ်ကြောင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဂိတ်တွေကို အကုန်ဖျက်သိမ်းတာတော့ မဟုတ်သေးဘူး။ လဲချားဂိတ်၊ မိုင်းပွန်ဂိတ်နဲ့ ၄ မိုင်ဂိတ်တွေမှာ ပစ္စည်းတွေအလွယ်တကူ ဖြတ်လို့မရသေးဘူး။ ပိုက်ဆံတောင်းတာထက် ပစ္စည်းတွေကို သိမ်းရမလား၊ ဂိတ်မှာချထားခဲ့မလားဆိုပြီးပြောတာတွေ ရှိနေတုန်းပဲ။ အဲဒါကြောင့် ကားခဈေးကို လျှော့ဖို့ ခက်နေပါတယ်” ဟု တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးကပြောသည်။ ယခုအချိန်ထိ စစ်ကော်မရှင်မှ စက်သုံးဆီကို တစ်ပတ်လျှင် လီတာ ၉၀ သာ ကန့်သတ်ထုတ်ပေးသဖြင့် လမ်းကြောင်း တစ်ကြောင်းပြေးဆွဲရန် မလုံလောက်ဘဲ ပြင်ပပေါက်ဈေးဖြင့် ထပ်မံဝယ်ယူ အသုံးပြု နေရကြောင်း ၎င်းက ဆက်ပြောသည်။ တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာ ၄၈၀၀ ကျပ်ခန့်ရှိသော်လည်း ကန့်သတ်ပမာဏ ကုန်လျှင် ကျပ် ၈,၀၀၀ဝန်းကျင်ဖြင့် ဝယ်ယူနေရပြီး မိုင်းရှူးတွင်လည်း တစ်လီတာ ၈၀၀၀ ကျပ် ဝန်းကျင်ရှိနေကြောင်း၎င်းကပြောသည်။ ထိုအခက်အခဲများကြောင့် ခရီးသည်များအတွက် ကားခများကို ပုံမှန်ဈေးနှုန်းထိ ပြန်လျော့ပေးရန် ခက်ခဲနေကြောင်း ဂိတ်မှူးတစ်ဦးကပြောသည်။ အဆိုပါ တောင်ကြီး – မိုင်းရှူးလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်များ ဖျက်သိမ်းထားသော်လည်း ကုန်ပစ္စည်းဈေးနှုန်းများမှာကျဆင်းခြင်းမရှိသေးကြောင်း မိုင်းရှူးမြို့ရှိ...

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း...

ချင်းမိုင်တွင် တရားမဝင် ဧည့်လမ်းညွှန်လုပ်နေသည့် မြန်မာအမျိုးသမီးတစ်ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံသားများအတွက်သာ ဥပဒေအရ သီးသန့်ကန့်သတ်ထားသော ဧည့်လမ်းညွှန် (Guide) အလုပ်ကို လုပ်ပိုင်ခွင့်ကျော်လွန်ပြီး မြန်မာခရီးသွားများအား လိုက်လံပို့ဆောင်ကာ ဧည့်လမ်းညွှန်လုပ်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ရဲတပ်ဖွဲ့သည် တိုင်ကြားချက်များရရှိပြီးနောက် သံသယရှိသူများနောက်သို့ ၂ ရက်ခန့် အနီးကပ်နောက်ယောင်ခံကာ သက်သေများကို စုဆောင်းခဲ့သည်။ ထို့နောက် ဒွိုင်ဆူတေ့ပ် ဘုရားပေါ်၌ မြန်မာခရီးသွားအဖွဲ့တစ်စုကို...