Tuesday, January 27, 2026

မိုင်းရယ် ဆိုင်ရှင်များထံ အမည်မသိလက်နက်ကိုင်တပ်ဖွဲ့မှ ကျည်ဆံတစ်ထောင်ဖြင့် ဆက်ကြေးတောင်းနေ


သျှမ်းပြည် မိုင်းရယ်မြို့တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တစ်စုမှ ပြည်သူများဖွင့်လှစ်ထားသည့် ဆိုင်များထံ ဆက်ကြေးကို ခြိမ်းခြောက် ကောက်ယူနေကြောင်း စုံစမ်းသိရသည်။

မိုင်းရယ်မြို့

သျှမ်းပြည် မိုင်းရယ်မြို့တွင် ပြီးခဲ့သည့် အောက်တိုလာလ ၂၆ရက်၌ အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ဆိုင်များထံ ဆက်ကြေး ကျပ်သိန်း (၅၀)ပေးရန် အတွက် စာရွက်တွင် Kpay ဖုန်းနံပါတ်ရေးသားပြီး ကျည်ဆံတစ်ထောင့်ဖြင့် ခြိမ်းခြောက်စာလာရောက်ပို့ကြောင့် မိုင်းရယ်ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ဆက်ကြေးပေးဆောင်ဖို့ အတွက် တရုတ်လိုရေးထားတဲ့စာနဲ့ ကျည်ဆံတစ်ထောင်ပတ်ထားတဲ့ ပလက်စတစ်အိတ် လာပေးသွားတယ်။ စာထဲမှာတော့ ကျပ်သိန်း (၅၀)ပေးဖို့ Kpay နံပါတ်ပါထည့်ရေးထားတယ်။”ဟု ၎င်းအမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ မိုင်းရယ်တွင် လှုပ်ရှားနေသည့် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့သည် ဒေသခံ စျေးဆိုင်များ၏ ဆိုင်းဘုတ်တွင်ရေးထားသော ဖုန်းနံပါတ်နှင့် ဆိုင်အမည်များကို မှတ်ယူပြီး လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောပြသည်။

“ကျမတို့ ဆိုင်ရဲ့ ဆိုင်းဘုတ်တွေကို ပေါ်ထင် မတင်ရဲဘူး။ မထားရဲဘူး။ အခုက ဘယ်သူမှန်းမသိ လက်နက်တွေကလည်း အလွယ်တကူဝယ်လို့ရတော့ အခွင့်ကောင်းယူပြီး ဓားပြတိုက်နေသလိုပဲ” ဟု ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလပိုင်းအစ တွင်လည်း မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုအတွင်း အရပ်ဝတ်ထားပြီး မျက်နှာဖုံးစွပ်ထားသည့် လူတစ်စုသည် ဈေးဆိုင်ဖွင့်လှစ်ရောင်းချသူများထံ တရုတ်စာဖြင့် ရေးသားထားသော စာအိတ်ပေးပြီး တစ်ဆိုင်လျှင် ကျပ်သိန်း ၁၀၀ ကို အောက်တိုဘာ ၁၉ရက်တွင် နောက်ဆုံးပေးပြီး ဆောင်ရန် ခြိမ်းခြောက်ပြောဆိုခဲ့သေးသည်။


Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...

ကလောမြို့နယ် PNO ပြည်သူ့စစ် အနိုင်ရပါက ဆက်ကြေးနှင့် စစ်သားကောက်မည်ကို ဒေသခံများ စိုးရိမ်

0
သျှပြည်တောင်ပိုင်း၊ ကလေမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် PNO ပအိုဝ်း ပြည်သူ့စစ်ပါတီ အနိုင်ရပါက ဆက်ကြေးနှင့် စစ်သား ကောက်မည်ကို စိုးရိမ်ကြောင်း ကျေးရွာနေ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ပြောသည်။ မနက်ဖြန် (ဇန်နဝါရီ ၁၁ )ရက်တွင် ကျင်းပမည့်...

မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို စစ်တပ်က ဗုံးကြဲတိုက်ခိုက်

0
မိုင်းရယ်မြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို စစ်ကော်မရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ လာမည့် ဇန်နဝါရီလ (၁၁) ရက်တွင် ပြုလုပ်ကျင်းပမည့် စစ်ကော်မရှင်ဦးဆောင်သော ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ်မြို့နယ်လည်း ပါဝင်သည်။ ယနေ့ (ဇန်နဝါရီလ ၉ ရက်) မနက် ၁၁ နာရီဝန်းကျင်တွင်...

လားရှိုး-မိုင်းရယ်ကြား ဈေးဆိုင်များကို ၂၀၂၆ အတွက် အခွန်ကောက်ရန် MNDAA မြေလာတိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များထံ ၂၀၂၆ ခုနှစ်အတွက် အခွန်ကောက်ခံရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မြေနေရာအကျယ်အဝန်း တိုင်းတာခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများထံ ၂၀၂၆...
Hsenwi_MNDAA_Learns_Burmese_Language_1

လားရှိုး- မိုင်းရယ်ကြား ဈေးဆိုင်ဆိုင်းဘုတ်များ တရုတ်စာထည့်ရန် MNDAA ညွှန်ကြား

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်ဆိုင်းဘုတ်များကို မြန်မာစာ၊ သျှမ်းစာအပြင် တရုတ်စာပါ မဖြစ်မနေ ထည့်သွင်းရေးသားရန် ကိုးကန့်တပ်ဖွဲ့ MNDAA က ညွှန်ကြားခဲ့ကြောင်း စုံစမ်းသိရှိရသည်။