မိုင်းရယ် ဆိုင်ရှင်များထံ အမည်မသိလက်နက်ကိုင်တပ်ဖွဲ့မှ ကျည်ဆံတစ်ထောင်ဖြင့် ဆက်ကြေးတောင်းနေ


သျှမ်းပြည် မိုင်းရယ်မြို့တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တစ်စုမှ ပြည်သူများဖွင့်လှစ်ထားသည့် ဆိုင်များထံ ဆက်ကြေးကို ခြိမ်းခြောက် ကောက်ယူနေကြောင်း စုံစမ်းသိရသည်။

မိုင်းရယ်မြို့

သျှမ်းပြည် မိုင်းရယ်မြို့တွင် ပြီးခဲ့သည့် အောက်တိုလာလ ၂၆ရက်၌ အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ဆိုင်များထံ ဆက်ကြေး ကျပ်သိန်း (၅၀)ပေးရန် အတွက် စာရွက်တွင် Kpay ဖုန်းနံပါတ်ရေးသားပြီး ကျည်ဆံတစ်ထောင့်ဖြင့် ခြိမ်းခြောက်စာလာရောက်ပို့ကြောင့် မိုင်းရယ်ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ဆက်ကြေးပေးဆောင်ဖို့ အတွက် တရုတ်လိုရေးထားတဲ့စာနဲ့ ကျည်ဆံတစ်ထောင်ပတ်ထားတဲ့ ပလက်စတစ်အိတ် လာပေးသွားတယ်။ စာထဲမှာတော့ ကျပ်သိန်း (၅၀)ပေးဖို့ Kpay နံပါတ်ပါထည့်ရေးထားတယ်။”ဟု ၎င်းအမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ မိုင်းရယ်တွင် လှုပ်ရှားနေသည့် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့သည် ဒေသခံ စျေးဆိုင်များ၏ ဆိုင်းဘုတ်တွင်ရေးထားသော ဖုန်းနံပါတ်နှင့် ဆိုင်အမည်များကို မှတ်ယူပြီး လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောပြသည်။

“ကျမတို့ ဆိုင်ရဲ့ ဆိုင်းဘုတ်တွေကို ပေါ်ထင် မတင်ရဲဘူး။ မထားရဲဘူး။ အခုက ဘယ်သူမှန်းမသိ လက်နက်တွေကလည်း အလွယ်တကူဝယ်လို့ရတော့ အခွင့်ကောင်းယူပြီး ဓားပြတိုက်နေသလိုပဲ” ဟု ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလပိုင်းအစ တွင်လည်း မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုအတွင်း အရပ်ဝတ်ထားပြီး မျက်နှာဖုံးစွပ်ထားသည့် လူတစ်စုသည် ဈေးဆိုင်ဖွင့်လှစ်ရောင်းချသူများထံ တရုတ်စာဖြင့် ရေးသားထားသော စာအိတ်ပေးပြီး တစ်ဆိုင်လျှင် ကျပ်သိန်း ၁၀၀ ကို အောက်တိုဘာ ၁၉ရက်တွင် နောက်ဆုံးပေးပြီး ဆောင်ရန် ခြိမ်းခြောက်ပြောဆိုခဲ့သေးသည်။


Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်ဒေသခံများထံ လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ ဆက်ကြေးကောက်ခံ

0
သျှမ်းပြည် မူဆယ်မြို့နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ပေါင်းစုံမှ စီးပွားရေးလုပ်ငန်းရှင်များထံ အခွန်(ဆက်ကြေးငွေ)များ ထပ်မံကောက်ခံလာကြောင်း စုံစမ်းသိရသည်။ ဇွန်လဆန်းပိုင်းမှ စတင်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်မြို့ရှိ ကိုယ်ပိုင်ကျောင်းများ၊ ကုန်စုံဆိုင်များ၊ ဖုန်းဆိုင်များနှင့် ငွေလဲလုပ်ငန်း လုပ်ကိုင်သူများကို လက်နက်ကိုင်အဖွဲ့အစည်း ပေါင်းစုံမှ အခွန်(ဆက်ကြေးငွေ)များ ထပ်မံကောက်ခံလာကြောင်း မူဆယ်ဒေသခံများက ပြောသည်။ “ဒီတပတ်ထဲမှာ...

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

သျှမ်းပြည် အချို့မြို့နယ် စက်သုံးဆီ စတင်ပြတ်လပ်

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းရယ်မြို့နယ်တို့တွင် စက်သုံးဆီ စတင်ပြတ်လပ်လာပြီး အချို့ဆိုင်များအကန့်သတ်ဖြင့်ရောင်းကာ ဓာတ်ဆီတစ်လီတာလျှင် ၅၀၀၀ ကျပ် အထိရှိနေကြောင်း သတင်းရရှိသည်။ ယနေ့ (မတ်လ ၄ ရက်) မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ် နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ်ရှိရာ...

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...