လားရှိုး ရဲတပ်ဖွဲ့က မူးယစ်ဆေးစွဲ လက္ခဏာရှိသူ ၂၀၀ ကျော်ကို ဖမ်းဆီးပြီး မိုင်းရယ်သို့ ပို့ဆောင်

သျှမ်းပြည် လားရှိုးမြို့နယ်မှ မူးယစ်ဆေးစွဲသည့် လက္ခဏာရှိသူများကို လားရှိုးရဲတပ်ဖွဲ့က ဖမ်းဆီး၍ မိုင်းရယ်မြို့သို့ ကားတင်ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မတ်လ ၂၀ ရက်) နေ့လည် ၂ နာရီကျော်တွင် လားရှိုးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် မူးယစ်ဆေးစွဲ လက္ခဏာရှိသူ အမျိုးသား စုစုပေါင်း ၂၀၀ ကျော်ကို ၁၂ ဘီးကားဖြင့် တင်ဆောင်ပြီး မိုင်းရယ်မြို့နယ်အတွင်းရှိ မန်ပုံကျေးရွာ တောင်ဘက်အနီးသို့ လာရောက်ချသွားခဲ့ကြောင်း မိုင်းရယ်မြို့နယ် ဒေသခံများက ပြောသည်။

“မေးကြည့်တော့ လားရှိုးရဲတွေ သူတို့ကိုဖမ်းပြီး ကားတင်လာတာလို့ ပြောတာ။ ပုံစံကြည့်ရတာလည်း ထောင်ကျထားသလို ဆံပင်ရှည်နဲ့ အဝတ်အစားနွမ်းနေတာ၊ တချို့လည်း ဆေးစွဲနေသလိုမျိုးပဲ။ ရွာသားတွေကတော့ တာဝန်မယူနိုင်တော့ လာတဲ့လမ်းအတိုင်း ပြန်ကြဖို့ ပြောလိုက်တာ။ အဲ့တာနဲ့ သူတို့လည်း မိုင်းရယ်ဘက်ကို လမ်းလျှောက်သွားကြတယ်”ဟု မိုင်းရယ်မြို့နယ်မှ မန်ပုံကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးရဲတပ်ဖွဲ့က မူးယစ်ဆေးစွဲသည့် လက္ခဏာရှိသူ ၂၀၀ ကျော်ကို ဖမ်းဆီး၍ မိုင်းရယ်မြို့နှင့် ၉ မိုင်ခန့် ကွာဝေးသည့် မန်ပုံကျေးရွာအနီးသို့ ကားဖြင့် လာရောက်ပို့ဆောင်သွားခဲ့ပြီး ၎င်းတို့မှာ မိုင်းရယ်မြို့ဘက်သို့ လမ်းဆက်လျှောက်သွားခဲ့ကြောင်း မိုင်းရယ်ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရပြီး မိုင်းရယ်မြို့နယ်သို့ ပိုဆောင်ခံရသူများထဲတွင် သျှမ်း၊ ကချင်၊ ဗမာ၊ တအာင်း (ပလောင်) စသည်ဖြင့် လူမျိုးစုံ ပါဝင်ပြီး အများစုမှာ လားရှိုးမြို့နယ်အတွင်း နေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။

“ပြည်သူတွေကတော့ ရုတ်တရက်ကြီး သူစိမ်းအများကြီးတွေ့တော့ လန့်ကြတာပေါ့။ တချို့ကလည်း စစ်ဘေးရှောင်လို့ ထင်တာ၊ လမ်းလျှောက်သွားကြတာ လမ်းမပေါ် အပြည့်ပဲ။ သူတို့နဲ့ စကားပြောကြည့်တော့ လားရှိုးမှာ ရဲဖမ်းခံရလို့ ကားတင်ပြီး လာချသွားတာလို့ ပြောတာ။ သူတို့လဲ ကိုယ့်အိမ်ကို ပြန်ချင်တယ်ပြောတယ်”ဟု မိုင်းရယ်မြို့နယ်မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မိုင်းရယ်မြို့နယ် မန်ပုံကျေးရွာအနီးတွင် ယခုကဲ့သို့ မူးယစ်ဆေးစွဲသည့် လက္ခဏာရှိသူ အများအပြားကို လားရှိုးစစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့မှ ရုတ်တရက် လာရောက်ပို့ဆောင်သွားခြင်းကြောင့် ပြည်သူများမှာ လုံခြုံရေး စိုးရိမ်ထိတ်လန့်နေရကြောင်း မိုင်းရယ်ဒေသခံများထံမှ သိရသည်။

ထို့အပြင် ၎င်းမူးယစ်ဆေးစွဲသည့် လက္ခဏာရှိသူများက မန်ပုံကျေးရွာအနီး ရေမြောင်းတူးနေသည့် ဒေသခံပြည်သူတစ်ဦးကိုလည်း အုပ်စုဖွဲ့ ခြိမ်းခြောက်ကာ ဆိုင်ကယ် လုယူသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ သူ့ဆိုင်ကယ်က လမ်းဘေးမှာထားတာ၊ လမ်းလျှောက်လာတဲ့ အဲ့ဒီအဖွဲ့တွေက ဆိုင်ကယ်ကို ဖြုတ်နေတုန်း ပိုင်ရှင်က သွားကြည့်တော့ သူတို့က သော့ တောင်းတာပေါ့။ သော့မပေးရင် လူကိုရိုက်မယ်ဆိုပြီး လုပ်တာ၊ လွယ်အိတ်ထဲ နှိုက်ရှာကြည့်တော့ ဆိုင်ကယ်သော့ တွေ့တာနဲ့ လုယူသွားတယ်။ သူတို့မပြန်သေးခင် ညဘက်တွေ သတိထားဖို့ သူကြီးက မှာထားတယ်”ဟု ဖြစ်စဉ်သိရှိသူ မိုင်းရယ်မြို့ ဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မတ်လ (၁၉) ရက်မှ စတင်ပြီး မိုင်းရယ်မြို့နယ်လည်း စစ်ကောင်စီတပ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရန် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို အစည်းအဝေး ခေါ်ယူပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားကို ကျေးရွာအုပ်စု တစ်ခုလျှင် လူဦးရေ ၈၀ မှ ၁၅၀ အထိ စုဆောင်းပေးရန် အမိန့်ပေးညွှန်ကြားလာကြောင်း မိုင်းရယ်ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...