မိုင်းရယ် စစ်ကောင်စီတပ်က ပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင် တပ်အရွှေ့အပြောင်း ပြုလုပ်

သျှမ်းပြည် မိုင်းရယ်မြို့နယ် စစ်ကောင်စီတပ်က ပြည်သူများ ထင်ယောင်ထင်မှားဖြစ်အောင် တပ်အရွှေ့အပြောင်း ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ဧပြီလ ၉ ရက်နှင့် ၁၀ ရက်တို့တွင် မိုင်းရယ်နှင့် ကျေးသီးမြို့နယ်အကြားရှိ မန်ဖြတ်ကျေးရွာ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ-၂၂ သို့ လားရှိုးမြို့ စစ်ကောင်စီတပ်မှ အရပ်ဝတ်ဖြင့် တပ်သား ၄၀၀ ကျော်ကို ကားကြီး ၈ စီးခန့်ဖြင့် ညအချိန်တွင် ပို့ဆောင်လာခဲ့ကြောင်း မိုင်းရယ်ဒေသခံများက ပြောသည်။

“ဒီတခေါက် လာပို့တာ ဆေးစွဲတဲ့လူတွေ မဟုတ်ဘူး၊ အရပ်ဝတ်နဲ့ စစ်သားတွေကို တွဲကား ၈ စီးနဲ့ လာပို့သွားတာ။ ဒီတခေါက်လာတာ လူကောင်ထွားထွားနဲ့၊ ဆေးသမားတွေတော့ မဟုတ်ဘူး။ တချို့လည်း သေနတ်လွယ်ထားတယ်။ ရှေ့နောက်မှာလည်း လုံခြုံရေးလိုက်ပေးတဲ့ကား ပါတယ်။ လားရှိုးကနေ မိုင်းရယ်ကို လာတာ”ဟု မိုင်းရယ်မြို့နယ်မှ ကိုယ်တိုင်မြင်တွေ့ခဲ့သည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရယ်မြို့နယ်သို့ ရောက်ရှိလာသည့် အရပ်ဝတ်နှင့် တပ်သားများကို လားရှိုး စစ်ကောင်စီတပ်များမှ ၆ ဘီးကား၊ ၁၀ ဘီးကား (၈)စီးခန့်ဖြင့် လာရောက်ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလ ၉ ရက်တွင် ၎င်းကားများကို မိုင်းရယ်မြို့နှင့် မိုင် ၂၀ ကျော် ကွာဝေးသည့် ဝမ်ပုံကျေးရွာအနီး တွေ့ရှိခဲ့ရပြီး မိုင်းရယ်နှင့် ကျေးသီးမြို့နယ်အကြား ဝမ်ဖြတ်ကျေးရွာရှိ ခလရ-၂၂ တပ်ရင်းအတွင်းသို့ ဝင်ရောက်သွားပြီး ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် လားရှိုးသို့ ပြန်လည်ထွက်ခွာသွားကြောင်း မိုင်းရယ်ဒေသခံများက ပြောသည်။

“ရှေ့ညကတော့ ဝမ်ဖြတ်က ခလရ-၂၂ တပ်ရင်းမှာ အိပ်လောက်တယ်၊ မိုင်းရယ်-ကျေးသီး အစပ်က။ ပြီးတော့ မနေ့မနက်မှာ ပြန်သွားတယ်။ တချို့ရက်တွေဆိုရင် သုံးလေးရက် တစ်ခါ လက်နက်အပြည့်အစုံနဲ့ တွဲကား ၄/၅ စီးလောက် သွားလာလှုပ်ရှားနေတာ တွေ့ရတယ်။ တစ်ဖွဲ့တည်း ဖြစ်မယ်ထင်တယ်”ဟု မိုင်းရယ်မြို့နယ်မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ထို့အပြင် မတ်လအတွင်းကလည်း စစ်ကောင်စီလက်အောက်ခံ လားရှိုးရဲ့တပ်ဖွဲ့နှင့် မူးယစ်တပ်ဖွဲ့များမှ မူးယစ်ဆေးစွဲ လက္ခဏာရှိသူများကို လိုက်လံဖမ်းဆီးပြီး မိုင်းရယ်မြို့အနီး မန်ပုံကျေးရွာဘက်သို့ (၂) ကြိမ်တိုင်တိုင် ကားတင်ပို့ဆောင်ခဲ့သည်။

ယခုအခါ လားရှိုးစစ်ကောင်စီတပ်မှ တပ်သားများကို အရပ်ဝတ်ဖြင့် ကားတင်ခေါ်ဆောင်လာပြီး မိုင်းရယ်မြို့နယ်သို့ ထပ်မံရောက်ရှိလာခြင်းကြောင့် ပြည်သူများမှာ လုံခြုံရေး စိုးရိမ်ထိတ်လန့်နေရကြောင်း မိုင်းရယ်မြို့နယ် ဒေသခံများက ပြောသည်။

“ရှေ့တခေါက်တုန်းကဆိုရင် ဆေးစွဲနေတဲ့ လူတွေကို တွဲကားနဲ့ နှစ်ခေါက် လာချတာ။ အခုကျတော့ အဲ့လိုပုံစံ ကားတင်ပြီးတော့ အရပ်ဝတ်နဲ့ စစ်သားတွေ ထပ်လာချတာဆိုတော့ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နေတာ။ နောက်ပိုင်း စစ်သားတွေက ဆေးသမားလို ပုံဖမ်းပြီး အများကြီး ထပ်လာမှာ စိုးရိမ်ရတာပေါ့”ဟု မိုင်းရယ်မြို့နယ်မှ အသက်(၄၀) ကျော်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီလက်အောက်ခံ လားရှိုးရဲ့တပ်ဖွဲ့နှင့် မူးယစ်တပ်ဖွဲ့များမှ လားရှိုးမြို့နယ်အတွင်း မူးယစ်ဆေးစွဲ လက္ခဏာရှိသူများကို ဖမ်းဆီးပြီး မတ်လ ၂၂ ရက်နှင့် ၂၉ ရက်တို့တွင် မိုင်းရယ်မြို့နယ်သို့ ကားတင်ပို့ဆောင်ခဲ့ရာ မိုင်းရယ်ဒေသခံများက ၎င်းတို့ကို ကားဖြင့် လားရှိုးမြို့ဘက်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...