မိုင်းရယ်တွင် “ဝ”နယ်မှ ပို့ဆောင်လာသော စစ်ဘေး‌ရှောင် ၅၀၀ ကျော်ရှိ

သျှမ်းပြည် မိုင်းရယ်မြို့တွင် “ဝ”နယ် နမ့်တစ်မြို့မှတဆင့် ပို့ဆောင်လာသော စစ်ဘေးရှောင် ၅၀၀ ကျော် ရောက်ရှိလာပြီး မြို့ပေါ်ဘုန်းကြီးကျောင်းနှင့် ဘောလုံးကွင်းတို့တွင် ခေတ္တညအိပ် တည်းခိုခဲ့ကြောင်း စုံစမ်းသိရသည်။

မိုင်းရယ် စစ်ရှောင်

“ဝ”နယ် နမ့်တစ်မြို့တွင် ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်းလုံမြို့တို့မှ ထွက်ပြေး တိမ်းရှောင်လာသော စစ်ဘေးရှောင်များကို “ဝ”တပ်ဖွဲ့ UWSA မှ ပို့ဆောင်လျက်ရှိရာ မိုင်းမောမြို့နယ်မှတစ်ဆင့် တန့်ယန်းမြို့သို့ ပို့ဆောင်လာသည်။

ထိုစစ်ဘေးရှောင်များထဲမှ ၅၀၀ ခန့်သည် ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) ညနေပိုင်းအချိန်တွင် မိုင်းရယ်မြို့သို့ ခေတ္တညအိပ် တည်းခိုခဲ့ကြောင်း မိုင်းရယ်ဒေသခံများထံမှ သိရသည်။

မိုင်းရယ် စစ်ရှောင်

“ချင်းရွှေဟော်ကနေ တရုတ်ဘက် ဝင်သွားတဲ့လူတွေက မနေနိုင်ကြလို့ “ဝ”နယ် နမ့်တစ်ဘက်ကို ဝင်လာတာ။ အဲ့ဒီကနေမှ လူတွေကို မိုင်းမောကနေတဆင့် တန့်ယန်းဘက်ကို ပို့လာတာ၊ အဲ့မှာရောက်လာတဲ့လူတွေ အရမ်းများလို့ သူတို့တွက်ပြီး မိုင်းရယ်ဘက် ထပ်ပို့လာတာ။ မနေ့ညတုန်းက မိုင်းရယ်ကို ရောက်လာကြတာ စုစုပေါင်း ၅၀၄ ယောက်ရှိတယ်” ဟု မိုင်းရယ်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၎င်းစစ်ဘေးရှောင်များသည် ၁၀ ဘီးကား ၅ စီးဖြင့် မိုင်းရယ်သို့ ရောက်ရှိလာကြောင်း၊ ထိုသူများသည် တောင်ကြီး၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်းဘက်မှ ပြည်သူများဖြစ်ကြောင်း သိရသည်။

ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) ညပိုင်းက ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို မိုင်းရယ်မြို့ပေါ်ရှိ ကျောင်းဆိုင်မိန်း၊ မြို့လယ်ကျောင်း၊ အောင်စေတီကျောင်းနှင့် မိုင်းရယ်ဘောလုံးကွင်းတို့တွင် နေရာချပေးခဲ့ကြောင်း စစ်ဘေးရှောင် ကူညီပေးသူများထံမှ သိရသည်။

၎င်းစစ်ဘေးရှောင်များသည် ပြည်မမှ ချင်းရွှေဟော်ဘက်သို့ အလုပ်လုပ်ကိုင်ရန် ရောက်ရှိလာသူများဖြစ်ပြီး မိုင်းရယ်မြို့မှ ကျေးသီး၊ တောင်ကြီးလမ်းတို့မှတဆင့် ဇာတိရပ်မြေသို့ ပြန်ကြမည်ဟု ၎င်းစစ်ရှောင်ကူညီပေးသူက ဆက်ပြောသည်။

ထို့အပြင် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် မိုင်းရယ်မြို့နယ်အတွင်း စစ်မီးကူးစက်လာမည်ကို ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြပြီး ညအချိန်တွင် ဘုန်းကြီးကျောင်းသို့ ညအိပ်တိမ်းရှောင်နေခြင်းများ ရှိနေကြောင်း မိုင်းရယ်ဒေသခံများက ပြောသည်။

“မိုင်းရယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ရုံးတွေလည်း စစ်တပ်ထဲမှာ ပြောင်းအိပ်ကြတယ်လို့ ပြောတယ်။ ပြည်သူတွေလည်း အဲ့လိုကြားတော့ စိုးရိမ်ကြတာပေါ့။ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ အမျိုးသမီးတွေကတော့ ညဆို ဘုန်းကြီးကျောင်းမှာ သွားအိပ်ကြပြီ။ မိုင်းရယ်မှာလဲ တချို့ဘုန်းကြီးကျောင်းတွေက ခမရ-၃၂၅ တပ်တို့ အမြောက်တပ်တို့နဲ့ နီးတာတွေလဲ ရှိတော့လေ စိုးရိမ်ရတယ်”ဟု မိုင်းရယ်မြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခု နိုဝင်ဘာ လဆန်းပိုင်းမှ စ၍ မိုင်းရယ်မြို့နယ်အတွင်း TNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ စစ်ရေးလှုပ်ရှားမှုများကြောင့် မိုင်းရယ်မြို့ပေါ် ရပ်ကွက်များတွင် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်လျက်ရှိပြီး ဗုံးခိုကျင်းများ တူးထားရကြောင်းကိုလည်း ၎င်းမိုင်းရယ်ဒေသခံက ဆက်ပြောသည်။

လက်ရှိအချိန်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ခိုက်နေသည့် “စစ်ဆင်ရေး-၁၀၂၇”ကြောင့် သျှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ် (၁၂)ခုတွင် စစ်ဘေးရှောင်ဦးရေ ၄ သောင်းကျော်အထိရှိလာပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ အလျင်အမြန် အရေးပေါ်လိုအပ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...