မိုင်းရယ် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်၊ ဗုံးခိုကျင်းများ တူးထားရ

သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့၏ စစ်ရေးလှုပ်ရှားမှုများကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး ဗုံးခိုကျင်းများ တူးထားရကြောင်း စုံစမ်းသိရသည်။

ယခု နိုဝင်ဘာ လဆန်းပိုင်းမှစပြီး မိုင်းရယ်မြို့နယ်အတွင်း TNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ စစ်ရေးလှုပ်ရှားမှုများကြောင့် မိုင်းရယ်မြို့ပေါ် ရပ်ကွက်များတွင် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး ဗုံးခိုကျင်းများ တူးထားရကြောင်း မိုင်းရယ်ဒေသခံများက ပြောသည်။

“လားရှိုးတို့ သိန္နီတို့ဘက်မှာ တိုက်ပွဲတွေက ပြင်းထန်နေတယ်လေ။ အဲ့ဒါကြောင့် မိုင်းရယ်က ပြည်သူတွေလည်း ကြောက်လန့်ပြီး မိုင်းရယ်ဘက်မှာလည်း တိုက်ပွဲဖြစ်မလားဆိုပြီး စိုးရိမ်နေကြတာ။ တချို့ မြို့ပေါ်က အိမ်တွေလည်း ဗုံးခိုကျင်းတူးနေကြပြီ”ဟု မိုင်းရယ်မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရယ်မြို့တွင် ခြေမြန်တပ်ရင်း ခမရ-၃၂၅ နှင့် အမြောက်တပ်တို့ အခြေစိုက်ပြီး သီပေါ၊ လားရှိုးမြို့သို့ သွားရာလမ်း၌ စစ်ကောင်စီတပ်သားများက မြို့ပတ်၍ ကင်းလှည့်နေပြီး မိုင်းရယ်မြို့ အရှေ့ဘက်ရှိ တောင်ကြောများတွင် TNLA တပ်ဖွဲ့များ ရောက်ရှိနေသည်ဟု မိုင်းရယ်ဒေသခံများက ပြောသည်။

“မိုင်းရယ်မြို့အရှေ့ဘက်က တောင်ကြောတွေပေါ်မှာ TNLA တပ်သားတွေ ရောက်လာနေကြတယ်လို့ ပြောကြတယ်။ နောက်ပြီးတော့ ရပ်ကွက် ၁ ဘက်မှာလဲ အဲ့ဘက်က လားရှိုး၊ သီပေါဘက်ကို သွားတဲ့လမ်းဆိုတော့လေ၊ အဲ့လမ်းဘက်မှာလဲ စစ်ကောင်စီတပ်သားတွေ မြို့ပတ်ပြီး ကင်းလှည့်နေတာကို ဒေသခံတွေ တွေ့တယ်”ဟု မိုင်းရယ်မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မိုင်းရယ်မြို့နယ်ရှိ မိုင်းဟ ဌာနေပြည်သူ့စစ် ထိန်းချုပ်ရာ မိုင်းဟ/မိုင်းဟိုင်းနယ်မြေတွင် “ဝ”ဒေသ ပန်ဆန်းမြို့မှ ထွက်ပြေးလာသည့် တရုတ်အွန်လိုင်း ငွေလိမ်ဂိုဏ်းအဖွဲ့ဝင် စုစုပေါင်း ၈၀၀ ခန့် လာရောက်ခိုလှုံနေကြောင်း သိရသည်။

လက်ရှိအချိန်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ခိုက်နေသည့် “စစ်ဆင်ရေး-၁၀၂၇”သည် သျှမ်းပြည် မြောက်ပိုင်းရှိ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ် ပန်ဆိုင်း(ကြူကုတ်)နှင့် ချင်းရွှေဟော်မြို့များတွင် တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...