မိုင်းရယ်မြို့ပေါ် SSPP တပ်အင်အား ထောင်နှင့်ချီ ဝင်ရောက်နေရာယူ

သျှမ်းပြည် မိုင်းရယ်မြို့နယ်သို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်အင်အား ထောင်နှင့်ချီ ဝင်ရောက်လာပြီး မြို့ပေါ်တွင် နေရာယူထားကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇူလိုင်လ ၁၃ ရက်) နံနက် ၅ နာရီကျော်မှ စတင်ပြီး မိုင်းရယ်မြို့ပေါ်သို့ SSPP ဌာနချုပ် ဝမ်ဟိုင်းမှ တပ်အင်အား အများအပြား ဝင်ရောက်နေရာယူထားပြီး မြို့ပတ်လည်တွင် လုံခြုံရေးယူထားကြောင်း မိုင်းရယ်ဒေသခံများက ပြောသည်။

“မနက်က မြို့ထဲကို ဝင်တာက ကားကြီး ၁၀ စီးကျော်လာတယ် စစ်သား ၂၀၀ ကျော်ပေါ့။ မြို့ပတ်လည်မှာ နေရာယူထားတဲ့ စစ်ကြောင်းနဲ့ဆိုရင် ၁ ထောင်ကျော်ရှိတယ်။ ဆောင်ကြဲ အထိ လမ်းမကြီးတလျှောက် အကုန်နေရာယူထားပြီ။ ဆောင်ကြဲက စစ်ကောင်စီတပ်ကိုလည်း ထွက်ခိုင်းတယ်လို့ ပြောနေကြတယ်။ မြို့ပေါ်စစ်တပ်ကတော့ မပြောတတ်သေးဘူး”ဟု မိုင်းရယ်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဇူလိုင်လ ဒုတိယပတ်အတွင်း မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် သျှမ်းတပ် SSPP/SSA က မိုင်းရယ်မြို့ပေါ်သို့ ဝင်ရောက်လာခြင်း ဖြစ်သည်။

“မနက်မိုးလင်း ၅ နာရီကျော်တုန်းက တစ်သုတ်ရောက်တယ်၊ ဒီနေ့လယ် နောက်ထပ်တစ်သုတ် ထပ်ရောက်မှာ အင်အား ၈၀၀ လောက်က ကောင်းလန်း (ၵွင်းလၢင်း) ကို ကျော်လာပြီ။ အခုကတော့ မြို့အပြင်ဘက် နေရာအားလုံးကို လုံခြုံရေး ယူထားပြီ၊ ထပ်လာဦးမှာနဲ့ဆိုရင် SSPP စစ်သားထောင်ချီ ရှိမယ်။ သူတို့ရှိနေတဲ့ နေရာတိုင်းမှာ SSPP အလံလွှင့်ထားတယ်”ဟု ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မိုင်းရယ်မြို့နယ်သို့ SSPP တပ်ဖွဲ့မှ ဝင်ရောက်နေရာယူထားခြင်းနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းဆက်ပိတ်ထားသည်။

မိုင်းရယ်မြို့နယ်မှ ပြည်သူလူထုများကို စစ်ဘေးဒဏ်မှ ကာကွယ်ပေးရန် SSPP တပ်ဖွဲ့မှ ဝင်ရောက်နေရာယူခဲ့ခြင်းဖြစ်ကြောင်း SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုက BBC သတင်းတွင် ဖြေကြားထားသည်။

မိုင်းရယ်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဝမ်စန့်နှင့် ဟိုယရှိ တပ်စခန်းအသေးများမှာ တပ်ဆုတ်သွားပြီး ကိုးကန့်တပ်ဖွဲ့ MNDAA လည်း နမ့်ထွန်၊ ကွန်ယက်နှင့် ဟိုတိကျေးရွာအနီးတွင် တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။

အလားတူ ဇူလိုင်လ ၁၀ ရက်မှ စတင်ပြီး တန့်ယန်းမြို့နယ်ထဲသို့ ‘ဝ’တပ်ဖွဲ့ UWSA မှ တပ်အင်အား ၂၀၀၀ ကျော်ဖြင့် သံလွင်မြစ်အနောက်ဘက်သို့ ကမ်းကူး၍ အင်အားဖြည့်တင်းလာခဲ့ပြီး အချို့မှာ တိုက်ပွဲပြင်းထန်နေသည့် လားရှိုးမြို့သို့ ဆက်လက်ချီတက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...