မိုင်းရယ်စစ်ကောင်စီတပ် အင်အားဖြည့်၊ ဒရုန်းဗုံးနှင့် အမြောက်ပစ် လုံခြုံရေးစိုးရိမ်ရ

သျှမ်းပြည် မိုင်းရယ်မြို့အခြေစိုက် စစ်ကောင်စီတပ်မှ လားရှိုးမြို့သို့ စက်သုံးဆီနှင့် ရိက္ခာသယ်ယူနေသည့် လမ်းကြောင်းဖြတ်တောက်ရေး ဂိတ်ဆောက်၍ တားဆီးနိုင်ရန် အင်အားဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၉ ရက်)မှ စတင်၍ မိုင်းရယ်မြို့အခြေစိုက် စစ်ကောင်စီတပ်များမှ ဟိုယကျေးရွာအုပ်စုအနီး နားဆန်း၊ နားယန်းနှင့် နောင်ပစ်အကြားတွင် နေရာယူကာ လားရှိုးမြို့သို့ စက်သုံးဆီနှင့် ရိက္ခာသယ်ယူနေသည့် လမ်းကြောင်းကို တားဆီးဖြတ်တောက်ရန်အတွက် ဂိတ်တည်ဆောက်နိုင်ရေး လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။

“စစ်တပ်က အနောက်ဘက်ကို ဖောက်သွားတာဆိုတော့ လားရှိုးကို ဓာတ်ဆီနဲ့ ရိက္ခာ ဖြတ်ချင်လို့၊ အဲ့နားတစ်လမ်းက လားရှိုးအထိ လမ်းပေါက်တယ်။ ထိုးစစ် မလုပ်ချင်ရင် အဲ့နားမှာ ဂိတ်ဆောက်ချင်လို့ပဲ။ နားဆန်း၊ နားယန်းနဲ့ နောင်ပစ်ကြားထဲက တောင်ပေါ်မှာ ရှိနေတာ၊ ဖြစ်နိုင်ရင် စစ်တပ်က မြို့နားမှာ ဂိတ်ဖွင့်ချင်တာ”ဟု မိုင်းရယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့ကြောင့် ယမန်နေ့ ည ၈ နာရီခန့်တွင် မိုင်းရယ်စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် သုံးကြိမ်ထက်မနည်း ဗုံးကြဲခြောက်လှန့်ခဲ့ခြင်းကြောင့် ထိခိုက်ပျက်စီးမှု မရှိသော်လည်း ဒေသခံများ လုံခြုံရေး စိုးရိမ်နေရကြောင်း သိရသည်။

ယနေ့ (စက်တင်ဘာလ ၁၀ ရက်) နံနက်ပိုင်းတွင်လည်း မိုင်းရယ်မြို့အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် တဘက်သက် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“မနေ့ကတော့ စစ်တပ်ထဲကပဲ မဟုတ်ဘူး၊ မြို့ထဲမြို့ပြင် နှစ်ဘက်လုံးဆီက ကြားရတာ။ ပစ်တဲ့အသံ မကြားရတော့ ဒရုန်းဗုံးချတာပဲ။ ဘယ်နားထိခိုက်လဲတော့ မကြားဘူး၊ ဒီတိုင်း အသံပေးတာ လျှောက်ချနေတာ။ ဒီမနက်ကျတော့ ပစ်သံလည်း ကြားတယ်၊ ကျကွဲတာလည်း ကြားရတော့ အမြောက် မဟုတ်ရင် လက်နက်ကြီးဖြစ်မှာ”ဟု ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အလားတူ ကျေးသီးမြို့နယ်ဘက်မှ မိုင်းရယ်စစ်ကောင်စီတပ်သို့ အင်အားဖြည့်ရန် လာသည့် စစ်ကား (၁၀) စီးကျော် ပါသည့် စစ်ယာဉ်တန်းလည်း မိုင်းရယ်မြို့သို့ ယမန်နေ့က ရောက်ရှိလာခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

လက်ရှိတွင် မိုင်းရယ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ မျက်နှာချင်းဆိုင် အနေအထား ဖြစ်နေပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း ဒေသခံများက ဆိုသည်။

မိုင်းရယ်မြို့ပေါ်တွင် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-(၃၂၅)နှင့် အမြောက်တပ် အမတ-(၃၅၀) တို့ ကျန်ရှိနေပြီး ဟိုယ-တန့်ယန်းလမ်းခွဲရှိ ခြေလျင်တပ်ရင်း ခလရ-(၆၇) တို့ ကျန်ရှိနေသေးသည်။

ဇူလိုင်လ ဒုတိယပတ်အတွင်း မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် သျှမ်းတပ် SSPP/SSA က မိုင်းရယ်မြို့ပေါ်သို့ ဝင်ရောက်တပ်စွဲထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...