မိုင်းရယ်

မိုင်းရယ် MNDAA တပ်သားများ ဈေးဆိုင်များတွင် အကြွေးယူစားပြီး ပြန်မဆပ်

ိသျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုမှ MNDAA တပ်ဆုတ်ခွာစဉ် ကိုးကန့်တပ်သားများ ဈေးဆိုင်တွင် အကြွေးယူစားခဲ့သည်ကို ပိုက်ဆံမရှင်းခဲ့ခြင်းကြောင့် ဆိုင်ရှင်များ စိတ်ဆိုးဒေါသထွက်နေကြောင်း စုံစမ်းသိရသည်။ ဧပြီလ (၁၈) ရက်တွင် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စု နောင်မိုကျေးရွာရှိ MNDAA စစ်ဆေးရေးဂိတ်မှ ကိုးကန့်တပ်သားများသည် ဝမ်လုံကျေးရွာအတွင်း ကုန်စုံဆိုင်များမှ စားသောက်ကုန်များကို အကြွေးယူစားခဲ့ပြီး...

မိုင်းရယ်မြို့ စစ်ကောာင်စီ စစ်ဆေးရေးဂိတ် စစ်ဆေးမှုတင်းကြပ်၊ငွေညှစ်တောင်ခံ

သျှမ်းပြည် မိုင်းရယ်မြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်နေပြီး ခရီးသွားပြည်သူများထံ ငွေညှစ်တောင်ခံ မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းရယ်မြို့ အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် နှင့် ဟိုယကျေးရွာအုပ်စု တန့်ယန်း-မိုင်းရယ်လမ်းခွဲရှိ စစ်‌ဆေးရေးဂိတ်တို့တွင် ယခုနှစ်ဆန်းပိုင်းမှစ၍ စစ်ဆေးမှုတင်းကြပ်လာပြီး ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း အသက် ၄၀ ဝန်းကျင် မိုင်ရယ်ဒေသခံအမျိုးသားတစ်ဦးက...

ရမခတိုင်းမှူး၊ တန့်ယန်းနှင့် မိုင်းရယ် စစ်ဗျူဟာမှူးတို့ကို ကျားဖြန့်ကိစ္စဖြင့် စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးနေ

သျှမ်းပြည် တန့်ယန်းမြို့နယ်အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး၊ မိုင်းရယ်နှင့် တန့်ယန်းမြို့ရှိ စစ်ဗျူဟာမှူးများကို စစ်ကောင်စီက ကျားဖြန့်ကိစ္စ ဆက်နွှယ်မှုဖြင့် အချင်းချင်း ပြန်လည်ဖမ်းဆီးပြီး စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တန့်ယန်းမြို့နယ်အတွင်း ပြောင်းရွှေ့အခြေစိုက်ထားသည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ် ကျော်မြင့်ထွန်း...

မိုင်းရယ်မြို့နယ် တစ်ပတ်အတွင်း ကျားဖြန့်လုပ်ကိုင်သူ (၁၀၀) ကျော်ကို စစ်ကောင်စီဖမ်းဆီး

သျှမ်းပြည် မိုင်းရယ်မြို့နယ် မိုင်းဟဒေသတွင် ကျားဖြန့်လုပ်ကိုင်သူ ဗီယက်နမ်နှင့် တရုတ်နိုင်ငံသားများ အပါအဝင် လူ (၁၀၀) ကျော်ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ (၅) ရက်မှ (၉) ရက်အတွင်း မိုင်းရယ်မြို့နယ် မိုင်းဟဒေသရှိ မုံးဟ-မုံးဟင်းပြည်သူ့စစ် နယ်မြေတွင် ဖွင့်လှစ်လုပ်ကိုင်နေသည့် အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများကို...

မိုင်းရယ် ကျားဖြန့်လုပ်ငန်းတွင် ဗီယက်နမ်နှင့် တရုတ်နိုင်ငံသား အများအပြား ဖမ်းဆီးရမိ

သျှမ်းပြည် မိုင်းရယ်မြို့နယ် မိုင်းဟဒေသတွင် အွန်လိုင်းကျားဖြန့်လုပ်ကိုင်နေသည့် ဗီယက်နမ်နှင့် တရုတ်နိုင်ငံသား အများအပြားကို စစ်ကောင်စီတပ်က တိုက်ပွဲဖော်ဆောင် ဖမ်းဆီးခဲ့ရာ စုစုပေါင်း (၈၀) ကျော် ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၅) ရက်မှ (၇) ရက်အတွင်း မိုင်းရယ်မြို့နယ် စစ်ကောင်စီတပ်မှ မိုင်းရယ်နှင့် မိုင်းကောင်ဘက်မှ စစ်ကြောင်းနှစ်ခု...

လားရှိုးမြို့ပြန်သိမ်းပိုက်နိုင်ပါက အစားထိုးနိုင်ရန် မိုင်းရယ်မြို့အခြေပြု စစ်ကောင်စီတပ် အင်အားပြင်ဆင်စုဖွဲ့နေ

သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများကို အခြေပြု၍ ဆုံးရှုံးလိုက်ရသည့် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) ဖွဲ့စည်းပုံ ယန္တရားအတိုင်း အင်အားတိုးချဲ့၍ ပြင်ဆင် စုဖွဲ့နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်အတွင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်သည်...

မိုင်းရယ် – လားရှိုးလမ်း စစ်ကောင်စီက ရက်အကန့်အသတ်မရှိပိတ်

သျှမ်းပြည် မိုင်းရယ် - လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၃ ရက် ) နေ့လည် ၂ နာရီမှစ၍ မိုင်ရယ် - လားရှိုးမြို့ သွားသည့် လမ်းပိုင်းရှိ ဟိုယ စစ်ကောင်စီစစ် ဆေးရေး ဂိတ်တွင်...

တရုတ်ခရီးစဉ်နောက်ပိုင်း မိုင်းရယ်မြို့ဘက် စစ်ကောင်စီ ဆက်တိုက်အင်အားဖြည့်နေ

သျှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်မှာ စစ်တပ်မှ ဆက်တိုက်အင်အားဖြည့်တင်းလာနေကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ နိုဝင်ဘာလ( ၆ ရက်)တွင်  တရုတ်ခရီးစဉ်ကို သွားရောက်ခဲ့ပြီး တရုတ်-မြန်မာနယ်စပ် ဂိတ်များကို စစ်တပ်မှ အပြည့်ဝ စီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု တရုတ်ဝန်ကြီးချုပ် Mr. Li Qiang က မင်းအောင်လှိုင်ကိုပြောသည်။ ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏...

သီပေါ စစ်ကောင်စီတပ်သား (၄၀၀) ကျော် မိုင်းရယ်သို့ တပ်ဆုတ်၊ လားရှိုးမြေပြင်ထိုးစစ်အတွက် အင်အားဖြန့်ကျက်ဟုဆို

သျှမ်းပြည် သီပေါမြို့နယ်ရှိ စစ်ကောင်စီလက်ကျန်တပ် ခြေလျင်တပ်ရင်း ခလရ(၂၃)မှ တပ်သားနှင့် မိသားစုဝင် (၄၀၀) ကျော်သည် မိုင်းရယ်မြို့သို့ လက်နက်အပြည့်အစုံဖြင့် တပ်ဆုတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၄ ရက်) ညနေပိုင်းတွင် သီပေါမြို့၌ နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၂၃) မှ အရာရှိ...

မိုင်းရယ် စစ်ကောင်စီ လေကြောင်းဗုံးကြဲ အရပ်သား ၁ ဦးသေဆုံး၊ ၈ ဦးထက်မနည်းဒဏ်ရာရ

သျှမ်းပြည် မိုင်းရယ်မြို့နယ်တွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ ၈ ဦးထက်မနည်း ဒဏ်ရာရပြီးပြည်သူများ အထိတ်တလန့်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၉ ရက်) နံနက် ၂ နာရီခွဲအချိန်တွင် မိုင်းရယ်မြို့အနီးရှိ သကြားစက်ရုံ ဧည်ရိပ်သာနှင့် အလုပ်သမားနေအိမ်အဆောင်များကို စစ်ကောင်စီ လေကြောင့်ဖြင့်...

Latest news