မိုင်းရယ် MNDAA တပ်သားများ ဈေးဆိုင်များတွင် အကြွေးယူစားပြီး ပြန်မဆပ်

ိသျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုမှ MNDAA တပ်ဆုတ်ခွာစဉ် ကိုးကန့်တပ်သားများ ဈေးဆိုင်တွင် အကြွေးယူစားခဲ့သည်ကို ပိုက်ဆံမရှင်းခဲ့ခြင်းကြောင့် ဆိုင်ရှင်များ စိတ်ဆိုးဒေါသထွက်နေကြောင်း စုံစမ်းသိရသည်။

ဧပြီလ (၁၈) ရက်တွင် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စု နောင်မိုကျေးရွာရှိ MNDAA စစ်ဆေးရေးဂိတ်မှ ကိုးကန့်တပ်သားများသည် ဝမ်လုံကျေးရွာအတွင်း ကုန်စုံဆိုင်များမှ စားသောက်ကုန်များကို အကြွေးယူစားခဲ့ပြီး ပိုက်ဆံမရှင်းဘဲ တပ်ဆုတ်ခွာသွားခဲ့ခြင်းကြောင့် ဆိုင်ရှင်များ စိတ်ဆိုးဒေါသထွက်နေကြောင်း ဒေသခံများက ပြောသည်။

ဝမ်လုံကျေးရွာရှိ ဈေးဆိုင်စုစုပေါင်း (၇) ဆိုင်တွင် ကိုးကန့်တပ်သားများမှ တစ်ဆိုင်လျှင် ကျပ်နှစ်သိန်းမှ သုံးသိန်းခန့်အထိ ပိုက်ဆံမရှင်းဘဲ အကြွေးယူစားခဲ့ကြောင်း ဒေသခံပြောဆိုချက်အရ သိရသည်။

“အစတုန်းကတော့ လူလူချင်း ကိုယ်ချင်းစာလို့ သနားပြီး နည်းနည်းပါးပါး အကြွေးနဲ့ ရောင်းပေးတာ။ ကိုးကန့်စစ်သားတွေ အကြွေးစားထားတာ တချို့ဆိုင်လည်း တစ်သိန်းကျော်၊ တချို့လည်း နှစ်သိန်းကျော်။ နောက်ပြီး ဖုန်းဘေလ်နဲ့ဆို တချို့ဆိုင်မှာ သုံးသိန်းကျော်တယ်။ ပိုက်ဆံမပေးဘဲ အကြွေးတင်နေတာ အားလုံးပေါင်း ၇ ဆိုင် ရှိတယ်”ဟု ဖြစ်စဉ်သိရှိသူ မိုင်းရယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုဖြစ်စဉ်ကို MNDAA အထက်အရာရှိများ သိရှိပါက လက်အောက်ငယ်သားများကို အကြွေးပြန်လာဆပ်ရန် တိုက်တွန်းပေးစေလိုပြီး ပြည်သူများသည် စစ်ဘေးဒဏ် ထိခိုက်ခဲ့ရခြင်းကြောင့် ယခုကဲ့သို့ လိမ်လည်မှုမျိုး ထပ်မဖြစ်စေလိုဘဲ ကိုးကန့်တပ်သားများမှ ပြည်သူကို အလေးထားရန် ဒေသခံများမှ တောင်းဆိုသည်။

“တချို့စစ်သားဆိုရင် ရွာသားဆီက ပိုက်ဆံချေးငှားပြီး ရုတ်တရက် တပ်ဆုတ်သွားရတာ။ နောင်မိုဘက်မှာ ကြက် ၄ ကောင်လည်း ခိုးခံရတယ်။ အခု ကိုးကန့်တပ်က လားရှိုး-မိုင်းရယ် လမ်းမကြီးတလျှောက်မှာပဲ ရှိတော့တယ်”ဟု ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ MNDAA ပြောရေးဆိုခွင့်ရှိသူထံ စုံစမ်းမေးမြန်းနိုင်ရန် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စု နောင်မိုကျေးရွာတွင် MNDAA မှ (၁၀) လကြာ စစ်ဆေးရေးဂိတ် ဖွင့်လှစ်ခဲ့ကာ ၎င်းနေရာမှ သီပေါမြို့နယ် ဝမ်စန့်ကျေးရွာသို့ သွားရောက်နိုင်ပြီး ဧပြီလ (၁၈) ရက်နေ့မှ စတင်ကာ ကိုးကန့်တပ်သားများ အားလုံးဆုတ်ခွာသွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...