Tuesday, January 27, 2026

ရမခတိုင်းမှူး၊ တန့်ယန်းနှင့် မိုင်းရယ် စစ်ဗျူဟာမှူးတို့ကို ကျားဖြန့်ကိစ္စဖြင့် စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးနေ

သျှမ်းပြည် တန့်ယန်းမြို့နယ်အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး၊ မိုင်းရယ်နှင့် တန့်ယန်းမြို့ရှိ စစ်ဗျူဟာမှူးများကို စစ်ကောင်စီက ကျားဖြန့်ကိစ္စ ဆက်နွှယ်မှုဖြင့် အချင်းချင်း ပြန်လည်ဖမ်းဆီးပြီး စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တန့်ယန်းမြို့နယ်အတွင်း ပြောင်းရွှေ့အခြေစိုက်ထားသည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ် ကျော်မြင့်ထွန်း အပါအဝင် တန့်ယန်းနှင့် မိုင်းရယ်စစ်ဗျူဟာမှူး တို့ကို စစ်ကောင်စီက ကျားဖြန့်ကိစ္စနှင့် ဆက်စပ်၍ ဖမ်းဆီးပြီး နေပြည်တော်သို့ ခေါ်ယူစစ်ဆေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တန့်ယန်းနဲ့ မိုင်းရယ် ဗျူဟာမှူး (၂) ယောက်ကတော့ ၂၆ ရက်က အပြောင်းအလဲ လုပ်တယ်။ အရင် ဗျူဟာမှူးကို နေပြည်တော် ခေါ်သွားပြီး စစ်နေတယ်လို့ ကြားတယ်၊ ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်မယ်ထင်တယ်။ အောက်ခြေက ရသလောက် အပေါ်က မရလို့ ခေါ်စစ်တယ်လို့လည်း အသံထွက်နေတယ်၊ ဒီမှာ တစ်ရာရရင် အထက်ကို တစ်ကျပ်လောက်ပဲ ပြောတာမျိုး။ အရင်တစ်ခါ ဖမ်းတာက အပေါ်ကို စာရင်းတက်တာ နည်းလို့ ခေါ်စစ်ခံရတယ်လည်း ပြောတယ်”ဟု တန့်ယန်းမြို့နယ်မှ ၎င်းစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ပုံစာ -တန့်ယန်းမြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်

လက်ရှိတွင် မိုင်းရယ်စစ်ဗျူဟာမှူး အသစ်မှာ ဗိုလ်မှူးကြီး ဇေယျာနိုင်ဟု သိရပြီး အောက်ခြေတပ် အပြောင်းအရွှေ့မှာ ပုံမှန်အတိုင်း ဆက်ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

အလားတူ ရမခ တိုင်းမှူး အဖြစ် ယမန်နှစ်က MNDAA ထံ လက်နက်ချ အညံ့ခံခဲ့သည့် ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အသစ်ခန့်အပ်လိုက်ကြောင်း စစ်တပ်သတင်းရင်းမြစ်ကို ကိုးကား၍ CDM ဗိုလ်ကြီး ဇင်ယော်က ခေတ်သစ်သတင်းဌာနကို ယနေ့ (မတ် ၃ ရက်) တွင် ပြောကြားထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် မိုင်းရယ်မြို့နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်း နေရာများကို တိုက်ပွဲဖော်ဆောင်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်ကို ဦးဆောင်ခဲ့သူမှာ လက်ရှိဖမ်းဆီး စစ်ဆေးခံနေရသည့် တန့်ယန်းနှင့် မိုင်းရယ် စစ်ဗျူဟာမှူး (၂) ဦးတို့ဖြစ်ကြောင်း သိရသည်။

ပုံစာ -တန့်ယန်းမြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်

ထိုစဉ်က မိုင်းရယ်မြို့နယ် မိုင်းဟဒေသရှိ မုံးဟ-မုံးဟင်းပြည်သူ့စစ် နယ်မြေတွင် ဖွင့်လှစ်လုပ်ကိုင်နေသည့် အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများကို စစ်ကောင်စီတပ်မှ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဗီယက်နမ်နှင့် တရုတ်နိုင်ငံသား အပါအဝင် (၁၀၂) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်သည်။

ယင်းမတိုင်မီ ဖေဖော်ဝါရီလ (၃) ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် စစ်ကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု ကျားဖြန့်လုပ်ငန်းကို နယ်မြေအလိုက် တာဝန်ရှိသည့် စစ်ကောင်စီဘက်တော်သားများ ပတ်သက်မှု ရှိပါက ထိရောက်စွာ အရေးယူမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

သျှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်သည့် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တို့တွင် ‘ဝ’တပ်ဖွဲ့ UWSA ၊ သျှမ်းတပ် SSPP/SSA ၊ ကိုးကန့်တပ် MNDAA တို့လည်း တပ်စွဲထားပြီး ပြည်သူ့စစ်ထိန်းချုပ် နယ်မြေအတွင်း ရွှေ့ပြောင်းလုပ်ကိုင်နေသည့် ကျားဖြန့်ရုံ အများအပြား ကျန်ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...