တရုတ်ခရီးစဉ်နောက်ပိုင်း မိုင်းရယ်မြို့ဘက် စစ်ကောင်စီ ဆက်တိုက်အင်အားဖြည့်နေ

သျှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်မှာ စစ်တပ်မှ ဆက်တိုက်အင်အားဖြည့်တင်းလာနေကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ နိုဝင်ဘာလ( ၆ ရက်)တွင်  တရုတ်ခရီးစဉ်ကို သွားရောက်ခဲ့ပြီး တရုတ်-မြန်မာနယ်စပ် ဂိတ်များကို စစ်တပ်မှ အပြည့်ဝ စီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု တရုတ်ဝန်ကြီးချုပ် Mr. Li Qiang က မင်းအောင်လှိုင်ကိုပြောသည်။

ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို စစ်ခေါင်းဆောင်ကိုသာလျှင် အသိမှတ်ပြုကြောင်း တရုတ်ဝန်ကြီးချုပ်က ပြောသည်။

စစ်ကောင်စီ မိုင်းရယ် အင်အားဖြည့်

အဆိုပါ ခရီးစဉ် အပြီးတွင် စစ်တပ်မှ ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSAA) တို့ တပ်စွဲထားသည့် တန့်ယန်းနှင့် မိုင်းရယ် ဖက်တွင် စစ်ကောင်စီအင်အား သုံးထောင်ကျော် ထပ်ဖြည့်လာကြောင်း ဒေသခံများက ပြောသည်။

“ ဒီလအစကနေ ခုထိ စစ်တပ်က မိုင်းရယ်ဘက်ကို အင်အားဖြည့်လာတာ ငါးရာ တစ်ထောင် လောက်ရှိပြီ။ အခုဆို မိုင်းရယ်နဲ့ တန့်ယန်းဖက်မှာ စစ်အင်အား သုံးထောင်လောက် ရှိပြီ။” ဟု မိုင်းရယ်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရယ်သို့ စစ်ကောင်စီတပ်သားတပ်ဆုတ်

စစ်အင်အား ဆက်တိုက်ဖြည့်တင်းလာမှုကြောင့် ဒေသခံများ စိုးရိမ်မှုများရှိနေပြီး ကောက်ပဲသီးနှံများကို အလျှင်မြန်ရိတ်သိမ်းကာ သိုလှောင်မှု မလုပ်ပဲ အမြန်ရောင်းချနေသည်ဟု ခြံပိုင်ရှင် အမျိုးသား တစ်ဦးက ပြောသည်။

“ ဒေသခံအချင်းချင်းကြားမှာတော့ သီးနှံတွေကို အမြန်ရိတ်သိမ်းပြီး ရောင်းဖို့ ပြောကြတာပေါ့။ အရင်ဆို သီးနှံတွေကို သိုလှောင်တယ်။ အခုက အမြန်ရောင်းဖို့ လုပ်နေကြတယ်။ စိတ်ပူတာပေါ့။ တိုက်ပွဲတော့ ထပ်မဖြစ်စေချင်ဘူး။ စစ်ဖြစ်ရင် ကလေးတွေ ပညာဆက်မသင်ရဘူး။ ထပ်ပြီးတော့ စစ်ရှောင်ရမှာ။ အစကတည်းက စားဖို့တောင် ခက်ခဲနေတာ။ စစ်ဖြစ်ရင် မလွယ်ဘူး။” ဟု အသက်သုံးဆယ်ကျော် အမျိုးသားတစ်ဦးက ပြောသည်။

သျှမ်းမြောက်တွင် “၁၀၂၇စစ်ဆင်ရေး” နောက်ပိုင်း ညီနောင်မဟာမိတ်များ မသိမ်းပိုက်ရသေးသည့် မြို့သည် မိုင်းရယ်တစ်ခုသာ ကျန်ရှိတာကြောင့် ပွင့်လင်းရာသီရောက်ချိန်တွင် စစ်ပွဲ ဆက်လက် ဖြစ်ပွားနိုင်ခြေ ရှိသည်ဟု ၎င်းအမျိုးသားက ထပ်လောာင်းပြောသည်။

ယခုလက်ရှိသျှမ်းမြောက်တွင် တရုတ်-မြန်မာနယ်စပ်ရှိ ကုန်ုသွယ်ရေးဂိတ်များကို တရုတ်ဖက်မှ ကန့်သတ် ပိတ်ဆို့ထားပြီး စစ်ကောင်စီအပြည့်ဝထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေကြောင်း တရုတ်ဝန်ကြီးချုပ်က ပြောသည်။

ညီနောင်မဟာမိတ်တပ်များ ဝိုင်းထားသည့် မူဆယ်နယ်စပ်ဂိတ်ကိုသာ စစ်ကောင်စီထိန်းချုပ်နိုင်ပြီး ကျန်ဂိတ်များကို တိုင်းရင်းသား တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်။

ထို ညီနောင်မဟာမိတ် သုံးဖွဲ့ကို ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက် ပြမှသာ ငြိမ်းချမ်းရေးဆွေးနွေးနိုင်မည်ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တရုတ်အရိပ်အောက်က အာဏာသိမ်းသမ္မတ၏ အနာဂတ်

0
အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယခရီးစဉ်အပြီး သီတင်းပတ် နှစ်ပတ်ခန့်အကြာတွင် တရုတ်နိုင်ငံသို့ ထပမဆုံးအကြိမ် သမ္မတအဖြစ် သွားရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သည်။   ဦးမင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ဘဝမှ ယခုအချိန်အထိ တရုတ်နိုင်ငံသို့ (၁၃) ကြိမ်တိုင် သွားရောက်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်သည် အရပ်သားအစိုးရအသွင်ဖြင့် သမ္မတ ရာထူးရယူပြီးနောက် ပထမဆုံးခရီးစဉ် ဖြစ်သည်။  အဆိုပါခရီးစဉ်အတွင်း...

နိုင်ငံတကာအသိအမှတ်ပြုမှုအတွက် ဦးမင်းအောင်လှိုင် တရုတ်ခရီးစဉ်စတင်

0
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ (၅) ရက်ကြာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးအဖြစ် ယနေ့ (ဇွန်လ ၁၅ ရက်) တွင် တရုတ်နိုင်ငံသို့ စတင်ထွက်ခွာပြီ ဖြစ်ကြောင်း သိရသည်။  ယခုခရီးစဉ်သည် ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဒေသတွင်း အင်အားကြီးနိုင်ငံများထံမှ သံတမန်ရေးရာ...

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...