လားရှိုးမြို့ပြန်သိမ်းပိုက်နိုင်ပါက အစားထိုးနိုင်ရန် မိုင်းရယ်မြို့အခြေပြု စစ်ကောင်စီတပ် အင်အားပြင်ဆင်စုဖွဲ့နေ

သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများကို အခြေပြု၍ ဆုံးရှုံးလိုက်ရသည့် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) ဖွဲ့စည်းပုံ ယန္တရားအတိုင်း အင်အားတိုးချဲ့၍ ပြင်ဆင် စုဖွဲ့နေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်အတွင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်သည် မိုင်းရယ်မြို့ကို အခြေပြုကာ ရမခ ဖွဲ့စည်းပုံအတိုင်း စက်တင်ဘာလမှ စတင်၍ စစ်အင်အား ပြင်ဆင်စုဖွဲ့နေပြီး လားရှိုးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ပါက အစားထိုးနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီ မိုင်းရယ် အင်အားဖြည့်

“စစ်တပ်ကတော့ တပ်အပြောင်းအရွှေ့လုပ်တာ ပုံမှန်လိုတောင် ဖြစ်နေပြီ။ တောင်ကြီး၊ ခိုလမ်က စုဖွဲ့လာတဲ့ တပ်တွေ မိုင်းရယ်မှာ ဌာနချုပ်ပုံစံ လာလုပ်ထားတယ်။ ကိုးကန့်တပ်နဲ့ ထိတွေ့မှုကတော့ မရှိဘူး၊ တံတားပဲခြားပြီး မျက်နှာချင်းဆိုင် နေရာယူထားတာတော့ ရှိတယ် ခိုနမ့်လောင်း တံတားနားမှာ”ဟု စစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ဇန်နဝါရီလဆန်းပိုင်းက ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ခဲ့သည့် လောက်ကိုင်အခြေစိုက် ဒေသကွပ်ကွဲမှု စစ်ဌာနချုပ် (ဒကစ)ကိုလည်း စစ်အင်္ဂါစဉ်အတွင်း ပြန်လည်ထည့်သွင်းပြီး ကွမ်းလုံဗျူဟာနှင့် ကွတ်ခိုင်ဗျူဟာတို့ကို တပ်ရင်းနေရာ မရှိသေးသော်လည်း ဒကစမှူးနှင့် ဗျူဟာမှူးတို့ကို ထပ်မံခန့်အပ်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ် MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းယူပြီးနောက် ဩဂုတ်လ နောက်ဆုံးပတ်တွင်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရမခ တိုင်းမှူး အသစ် ခန့်ကာ မိုင်းရယ်မြို့တွင် ပြန်လည်စုဖွဲ့မှု စတင်ပြုလုပ်ခဲ့သည်။

မိုင်းရယ်မြို့

ယခုလ နိုဝင်ဘာလဆန်းပိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ် အပြီးတွင် စစ်ကောင်စီတပ်မှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် သျှမ်းတပ် SSPP/SSA တို့ တပ်စွဲထားသည့် တန့်ယန်းနှင့် မိုင်းရယ်မြို့ဘက်သို့ စစ်ကောင်စီအင်အား (၃၀၀၀) ကျော် ထပ်ဖြည့်လာကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ ရမခ လက်အောက်တွင် တန့်ယန်း အခြေချဗျူဟာ၊ မူဆယ်၊ မိုင်းရယ်နှင့် နမ့်လန်မြို့ရှိ တပ်ရင်းတပ်ဖွဲ့များ၊ နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ အမြောက်တပ်ရင်း အနည်းငယ်သာ ကျန်ရှိတော့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...