မိုင်းရယ် ကျားဖြန့်လုပ်ငန်းတွင် ဗီယက်နမ်နှင့် တရုတ်နိုင်ငံသား အများအပြား ဖမ်းဆီးရမိ

သျှမ်းပြည် မိုင်းရယ်မြို့နယ် မိုင်းဟဒေသတွင် အွန်လိုင်းကျားဖြန့်လုပ်ကိုင်နေသည့် ဗီယက်နမ်နှင့် တရုတ်နိုင်ငံသား အများအပြားကို စစ်ကောင်စီတပ်က တိုက်ပွဲဖော်ဆောင် ဖမ်းဆီးခဲ့ရာ စုစုပေါင်း (၈၀) ကျော် ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီ (၅) ရက်မှ (၇) ရက်အတွင်း မိုင်းရယ်မြို့နယ် စစ်ကောင်စီတပ်မှ မိုင်းရယ်နှင့် မိုင်းကောင်ဘက်မှ စစ်ကြောင်းနှစ်ခု ခွဲကာ မိုင်းဟဒေသရှိ အွန်လိုင်းကျားဖြန့် (၅) နေရာထက်မနည်းကို အင်အားသုံး ဝင်ရောက်ဖမ်းဆီးခဲ့ရာ ကျားဖြန့်လုံခြုံရေးအဖွဲ့များနှင့် အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကျားဖြန့်လုပ်ကိုင်သူ (၈၀) ကျော် ဖမ်းဆီးရမိကြောင်း ဒေသခံများက ပြောသည်။

“လက်နက်ကြီးနဲ့ အရင်ပစ်ပြီးမှ ဝင်လာတာ၊ မိုင်းကောင်နဲ့ မိုင်းရယ်ကနေ စစ်ကြောင်းနှစ်ကြောင်း ထိုးသွားတာ။ အစက ကိုးကန့်တပ်နဲ့ တိုက်ပွဲဖြစ်တယ်ထင်တာ၊ အဲ့ဘက် ပြည်သူ့စစ်ရှိတော့ အင်အားသုံးတယ်လို့ ပြောရမှာ။ တရုတ်တွေလည်း ပိုက်ဆံရှိတော့ သေနတ်ကိုင်ကြတယ်။ ဖမ်းခံရတာ တရုတ်၊ ဗီယက်နမ်နဲ့ ဒီက ကလေးတွေရယ် ၈၀ ကျော် ဖမ်းမိတယ်ပြောတယ်”ဟု အသက်(၄၀) ကျော်အရွယ် မိုင်းရယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – ဗီယက်နမ်နှင့် တရုတ်နိုင်ငံသား အများအပြားကို မိုင်းရယ်မြို့နယ် ကျားဖြန့်ရုံများတွင် စစ်ကောင်စီ ဖမ်းဆီးရမိ (ဓာတ်ပုံ – Myanmar Digital News)

ယခုကဲ့သို့ ကျားဖြန့်လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီဘက်က တိုက်ပွဲဖော်ဆောင်ကာ အင်အားသုံး ဖမ်းဆီးခဲ့သော်လည်း မိုင်းရယ်မြို့နယ်ရှိ ပြည်သူ့စစ်ထိန်းချုပ် နယ်မြေအတွင်း ရွှေ့ပြောင်းလုပ်ကိုင်နေသည့် ကျားဖြန့်ရုံ အများအပြား ကျန်ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။

“ကျားဖြန့်ရုံ ၄ နေရာလောက် ဝင်ပစ်ပြီး ၂ ရုံကို ဖမ်းသွားတယ်။ အဲ့နားတဝိုက် ကျားဖြန့်ရုံတွေမှ အများကြီးပဲ။ ကျားဖြန့်က တစ်နေရာမှာ အကြာကြီး မနေဘူး၊ ခနခန ရွှေ့ပြောင်းနေကြတာ။ အခုက တိုက်ထဲမှာ မဟုတ်တော့ဘူး၊ သစ်သားနဲ့ သွပ်ပြားနဲ့ပဲ ရုံအကြီးကြီး ဆောက်တော့တာ။ တချို့လည်း မိုင်းကောင်သွားတဲ့ လမ်းဘက်မှာ အရင်က ကျားဖြန့်ရုံဟောင်းတွေ ရှိသေးတယ်”ဟု ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။

မိုင်းရယ်မြို့နယ် မိုင်းဟဒေသတွင် (၃) ရက်အတွင်း စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီးခဲ့သည့် ကျားဖြန့်ရုံများမှ တရုတ်နိုင်ငံသား အမျိုးသား (၂၇) ဦးနှင့် အမျိုးသမီး (၂) ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသမီး (၁၈) ဦး၊ မြန်မာနိုင်ငံသား အမျိုးသား (၅) ဦးနှင့် အမျိုးသမီး (၂၉) ဦး၊ စုစုပေါင်း (၈၁) ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီဘက်မှ ယမန်နေ့ (ဖေဖော်ဝါရီ ၇ ရက်) တွင် သတင်းထုတ်ပြန်သည်။

ပုံစာ – ဗီယက်နမ်နှင့် တရုတ်နိုင်ငံသား အများအပြားကို မိုင်းရယ်မြို့နယ် ကျားဖြန့်ရုံများတွင် စစ်ကောင်စီ ဖမ်းဆီးရမိ (ဓာတ်ပုံ – Myanmar Digital News)

၎င်းဖမ်းဆီးရမိသူများကို စစ်ကောင်စီဘက်မှ တရားစွဲဆို အရေးယူရန် စစ်ဆေးလျက်ရှိပြီး ဗီယက်နမ်နှင့် တရုတ်နိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဖေဖော်ဝါရီ (၅) ရက်တွင် မိုင်းရယ်မြို့နယ် မိုင်းဟဒေသရှိ နောင်ဟန်ကျေးရွာအနီးကို စစ်ကောင်စီတပ်က တိုက်ပွဲဖော်ဆောင်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့ရာ ကျားဖြန့်လုံခြုံရေးအဖွဲ့များနှင့် အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကာ ကျားဖြန့်လုံခြုံရေး (၅)ဦး၊ သေနတ်အပါအဝင် လက်နက်မျိုးစုံ (၆) လက်နှင့် အလောင်း (၂) လောင်းတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် အဆောက်အဦး (၇) လုံးရှိ ကျားဖြန့်လုပ်ငန်း ဆောင်ရွက်ရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ (၂၆၀) လုံး၊ ကွန်ပျူတာ (၁၂၀) ခန့်၊ Star Link ဝိုင်ဖိုင်စက် (၇) စုံ၊ ငါးဂိမ်းစက် (၅) လုံး၊ မီးစက်နှင့် ကား (၃) စီးတို့ကို ဖမ်းဆီးရမိကြောင်း ဆိုသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီ ထိန်းချုပ်ထားနိုင်သည့် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တို့တွင် ‘ဝ’တပ်ဖွဲ့ UWSA ၊ သျှမ်းတပ် SSPP/SSA ၊ ကိုးကန့်တပ် MNDAA တို့လည်း တပ်စွဲထားပြီး အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း အများအပြား ဆက်လက်ကြီးထွားလျက်ရှိကာ ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း ဒေသခံများက ပြောသ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...