မိုင်းရယ်မြို့နယ် တစ်ပတ်အတွင်း ကျားဖြန့်လုပ်ကိုင်သူ (၁၀၀) ကျော်ကို စစ်ကောင်စီဖမ်းဆီး

သျှမ်းပြည် မိုင်းရယ်မြို့နယ် မိုင်းဟဒေသတွင် ကျားဖြန့်လုပ်ကိုင်သူ ဗီယက်နမ်နှင့် တရုတ်နိုင်ငံသားများ အပါအဝင် လူ (၁၀၀) ကျော်ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီလ (၅) ရက်မှ (၉) ရက်အတွင်း မိုင်းရယ်မြို့နယ် မိုင်းဟဒေသရှိ မုံးဟ-မုံးဟင်းပြည်သူ့စစ် နယ်မြေတွင် ဖွင့်လှစ်လုပ်ကိုင်နေသည့် အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများကို စစ်ကောင်စီတပ်မှ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဗီယက်နမ်နှင့် တရုတ်နိုင်ငံသား အပါအဝင် (၁၀၀) ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ရှေ့တစ်ခေါက်က ဖမ်းတဲ့ဟာပဲ၊ စုစုပေါင်း (၁၀၀) ကျော် ဖမ်းမိတယ်ပြောတယ်။ အခုထပ်ဖမ်းတာတော့ ဘာသံမှ မကြားရဘူး၊ လက်ကျန်တွေ လိုက်ဖမ်းတဲ့ပုံစံပေါ့။ နောက်ထပ် (၂၁) ယောက် ဖမ်းမိတာ အကုန်လုံး တရုတ်တွေပဲ”ဟု မိုင်းရယ်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၅) ရက်မှ စတင်ပြီး မိုင်းရယ်မြို့နယ် စစ်ကောင်စီတပ်မှ မိုင်းရယ်နှင့် မိုင်းကောင်ဘက် စစ်ကြောင်းနှစ်ခုခွဲကာ မိုင်းဟဒေသ နောင်ဟန်ကျေးရွာတဝိုက်ရှိ အွန်လိုင်းကျားဖြန့် (၅) နေရာထက်မနည်းကို အင်အားသုံး ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျားဖြန့်လုံခြုံရေးအဖွဲ့များနှင့်လည်း အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

မိုင်းဟဒေသတွင် စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီးခဲ့သည့် ကျားဖြန့်ရုံများမှ တရုတ်နိုင်ငံသား အမျိုးသား (၂၇) ဦးနှင့် အမျိုးသမီး (၂) ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသမီး (၁၈) ဦး၊ မြန်မာနိုင်ငံသား အမျိုးသား (၅) ဦးနှင့် အမျိုးသမီး (၂၉) ဦး၊ စုစုပေါင်း (၈၁) ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီဘက်မှ ဖေဖော်ဝါရီ (၇) ရက်တွင် သတင်းထုတ်ပြန်သည်။

မိုင်းရယ် ကျားဖြန့်

အလားတူ ဖေဖော်ဝါရီ (၉) ရက် ဖမ်းဆီးမှုအတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၂၁) ဦးကို ထပ်မံဖမ်းဆီးမိခဲ့ရာ တစ်ပတ်အတွင်း စုစုပေါင်း (၁၀၂) ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းဖမ်းဆီးရမိသူများကို စစ်ကောင်စီဘက်မှ တရားစွဲဆို အရေးယူရန် စစ်ဆေးလျက်ရှိပြီး ဗီယက်နမ်နှင့် တရုတ်နိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယခုကဲ့သို့ ကျားဖြန့်လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီဘက်က တိုက်ပွဲဖော်ဆောင်ကာ အင်အားသုံး ဖမ်းဆီးခဲ့သော်လည်း မိုင်းရယ်မြို့နယ်ရှိ ပြည်သူ့စစ်ထိန်းချုပ် နယ်မြေအတွင်း ရွှေ့ပြောင်းလုပ်ကိုင်နေသည့် ကျားဖြန့်ရုံ အများအပြား ကျန်ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီ ထိန်းချုပ်ထားနိုင်သည့် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တို့တွင် ‘ဝ’တပ်ဖွဲ့ UWSA ၊ သျှမ်းတပ် SSPP/SSA ၊ ကိုးကန့်တပ် MNDAA တို့လည်း တပ်စွဲထားပြီး အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း အများအပြားကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ဆက်လက်ကြီးထွားလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...