မိုင်းရယ်ဒေသခံများ ကန့်ကွက်သည့်ကြားမှ MNDAA ရွှေတူးဖေါ်ခွင့်ပြုနေ

သျှမ်းပြည် မိုင်းရယ်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထောက်ခံချက်ဖြင့် ရွှေတူးဖေါ်နေသည်ကို ဒေသခံများ ကန့်ကွက်သည့်ကြားမှ ဆက်လက်လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။

ဇွန်လ ဒုတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် စလန်းပုန်းထွန်ကျေးရွာအုပ်စုရှိ ကောင်းဝိန်းကျေးရွာ ရေထွက်တောတွင် MNDAA ထောက်ခံချက်ဖြင့် ‘ဝ’ဒေသ မိုင်းမောမြို့ဘက်မှ လာသည့် လုပ်ငန်းရှင် ဦးဆောင်ပြီး ရွှေတူးဖေါ်ရန် လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ယခု ရွှေတူးဖော်ရန် လုပ်ဆောင်သည့် နေရာသည် လယ်ယာစိုက်ပျိုးရေးအတွက် ရေအရင်းအမြစ်ရရှိသည့် ရေထွက်ဦးနေရာနှင့် သာသနာ့နယ်မြေ ဖြစ်ခြင်းကြောင့် ဇွန်လ (၁၆) ရက်တွင် သံဃာတော်များနှင့် ရပ်ရွာလူထုမှ သွားရောက်ကန့်ကွက်ခဲ့သော်လည်း ရပ်နားခြင်းမရှိဘဲ ဆက်လက်တူးဖော်နေကြောင်း မိုင်းရယ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မိုင်းမောဘက်ကလာတဲ့ ‘ဝ’လောပန်း ဦးဆောင်ပြီး အလုပ်သမား ၇ ယောက် Vigo ကားတစ်စီးနဲ့ ဘတ်ဖိုးကား တစ်စီး လာတယ်။ ကိုးကန့်ဆီက ထောက်ခံစာ တစ်စောင် ပါလာတယ်။ ဒီနယ်မြေက သံဃာနဲ့ ပြည်သူတွေ ထိန်းသိမ်းထားတဲ့ ရေထွက်တောနေရာ ဖြစ်တယ်။ အဲ့တာကို သူတို့က ရွှေတူးဖို့ သစ်ပင်တွေ ခုတ်လိုက်ပြီ”ဟု မိုင်းရယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပုံစာ – မိုင်းရယ်မြို့နယ် စလန်းပုန်းထွန်ကျေးရွာအုပ်စုတွင် MNDAA ထောက်ခံချက်ဖြင့် ရွှေတူးဖော်သည့်နေရာကို ဒေသခံသံဃာတော်များ သွားရောက်ကန့်ကွက်စဉ် (ဓာတ်ပုံ – ဒေသခံ ပေးပို့)

SSPP ထိန်းချုပ်နယ်မြေရှိ လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စုနှင့် မိုင်းရယ်မြို့နယ် စလန်းပုန်းထွန်ကျေးရွာအုပ်စုကြား ရွှေတူးဖော်ရန် MNDAA ၏ သိန္နီခရိုင် အုပ်ချုပ်ရေးကော်မတီမှ ဇွန်လ ၇ ရက်တွင် အတည်ပြု ထောက်ခံပြီး တံဆိပ်တုံး ရိုက်နှိပ်ပေးထားသည်ကို သျှမ်းသံတော်ဆင့်မှ ရရှိသည့် ၎င်းထောက်ခံစာထဲတွင် တွေ့ရသည်။

ထို့အပြင် ရွှေတူးဖော်မည့် ကောင်းဝိန်းရွာ ရေထွက်တောနေရာသို့ ဇွန်လ (၁၈) ရက်တွင် ဘတ်ဖိုးယာဉ်တစ်စီး ထပ်မံရောက်ရှိလာခြင်းကြောင့် ပြည်သူများမှာ မည်သည့်အဖွဲ့အစည်းထံ တိုင်ကြားရမည်ကို ဝေခွဲမရ ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

“ကိုးကန့်ထောက်ခံချက်နဲ့ ရွှေတူးတာက လယ်စိုက်ဖို့ ရေထွက်နေရာမှာ လာလုပ်တာ။ ပြီးတော့ အဲ့တာက သာသနာ့နယ်မြေလည်း ဟုတ်တယ်။ ရှေ့ရက်က ကိုးကန့်တွေ ဘတ်ဖိုးနောက်တစ်စီး ထပ်တင်လာတယ်၊ သူတို့ကတော့ ရအောင် လုပ်မယ်လို့ ပြောနေတာ။ ပြည်သူတွေလည်း ဘယ်သူ့ကို အားကိုးရမလဲ မသိတော့ဘူး”ဟု ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။

အလားတူ ယခုနှစ် မတ်လဆန်းပိုင်းတွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စုရှိ ပိန်းခမ်ရွာ ရေထွက်တောနေရာ၌ ရွှေတူးဖော်နေသည့် တရုတ်လူမျိုးများနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကို ရွာသားများမှ သွားရောက်ကန့်ကွက်ခဲ့စဉ်ကလည်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။
ထို့နောက် သွားရောက်ကန့်ကွက်သည့် ဒေသခံများကို MNDAA တပ်သားများမှ သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ စုစုပေါင်း (၆) ဦး သေဆုံးပြီး (၆) ဦး ဒဏ်ရာရရှိခဲ့ခြင်းကြောင့် သေဆုံးသူများ၏ အသုဘစရိတ်နှင့် ထိခိုက်ဒဏ်ရာရသူများအတွက် ဆေးကုသစရိတ်တို့ကို တာဝန်ယူပေးရပြီး ရွှေတူးဖော်မှုကိုလည်း ရပ်နားခဲ့ရကြောင်း မုံးစီးဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA နှစ်ဘက်အရာရှိများ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ရာ SSPP ထိန်းချုပ် မိုင်းရယ်၊ နမ့်ပေါင်နှင့် ဆင်ကျော့အနီးတဝိုက်တွင် MNDAA မှ တပ်သားစုဆောင်းခြင်း၊ အုပ်ချုပ်ရေးချမှတ်ခြင်းနှင့် အခွန်(ဆတ်ကြေး) ကောက်ခံခြင်း မပြုလုပ်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ပုံစာ – မိုင်းရယ်မြို့နယ် စလန်းပုန်းထွန်ကျေးရွာအုပ်စုတွင် MNDAA ထောက်ခံချက်ဖြင့် ရွှေတူးဖော်သည့်နေရာကို ဒေသခံသံဃာတော်များ သွားရောက်ကန့်ကွက်စဉ် (ဓာတ်ပုံ – ဒေသခံ ပေးပို့)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...