မိုင်းရယ်မြို့ စစ်ကောာင်စီ စစ်ဆေးရေးဂိတ် စစ်ဆေးမှုတင်းကြပ်၊ငွေညှစ်တောင်ခံ

သျှမ်းပြည် မိုင်းရယ်မြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်နေပြီး ခရီးသွားပြည်သူများထံ ငွေညှစ်တောင်ခံ မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

မိုင်းရယ်မြို့ အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် နှင့် ဟိုယကျေးရွာအုပ်စု တန့်ယန်း-မိုင်းရယ်လမ်းခွဲရှိ စစ်‌ဆေးရေးဂိတ်တို့တွင် ယခုနှစ်ဆန်းပိုင်းမှစ၍ စစ်ဆေးမှုတင်းကြပ်လာပြီး ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း အသက် ၄၀ ဝန်းကျင် မိုင်ရယ်ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကောက်တာတော့ နှစ်နေရာရှိတယ်။ ကားငယ် အိမ်သုံးကား တစ်စီးကို ၅ ထောင်ကျပ် ကနေ ၃ သောင်းကျပ် အနည်းဆုံးကောက်တယ်။ ကားကြီးတွေ ဆိုရင်‌တော့ ၃ သောင်းကျပ် အထက်ကနေစပြီး‌တော့ ကောက်တယ်။ ကားပေါ်တင်လာတဲ့ ပစ္စည်းတွေကုန်စည်တွေကိုလည်း ဓားနဲ့ခွဲဖွင့်ပြီးတော့ကို စစ်တာာ ဓားနဲ့ ရှိတဲ့ပစ္စည်းတွေအကုန်ဖွင့်ပြီးတော့ စစ်တယ်။”ဟု အသက် ၄၀ ဝန်းကျင် မိုင်ရယ်ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

ထိုတို့ငွေများကို အဆမတန်ကောက်ခံမှုများကြောင့် ခရီးသည် နှင့် ကုန်ပစ္စည်းတင်သည့် ကားသမားများအတွက်ပါ အခက်အခဲကြုံတွေ့ စေကြောင်း ၎င်းအမျိုးသားက ပြောသည်။

“ဒီကိုကားငယ်တွေကို ၃ သောင်းကျပ် ထိကောက်တော့ ပစ္စည်းတင်တဲ့ ကားသမားတွေအတွက် ကအခက်တွေ့စေတယ်ဗျ။တချို့ လူမပါတဲ့ ကားတောင် ပိုက်ဆံပေးနေရတာလေ။ပစ္စည်းတင်တာ ကလည်းဘာမှသိပ်မရဘူးလေ။”ဟု ၎င်းကဆိုသည်။

ယမန်နှစ် ၂၀၂၄ နိုဝင်ဘာလမှ စတင်ပြီး မိုင်းရယ်မြို့ရှိ အခြားသော စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းသွားလာသည့် ကားများမှ ကုန်ပစ္စည်း တင်ဆောင်လာလျှင် ဗျူဟာမှူး ထောက်ခံစာ ပြနိုင်မှ သယ်ယူခွင့်ရကြောင်း ဒေသခံများထံမှ သိရသည်။

မိုင်းရယ်မြို့နယ်တွင် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ- ၃၂၅၊ ခြေလျင်တပ်ရင်း ခလရ ၆၇ နှင့် ခြေလျင်တပ်ရင်း ခလရ-၂၂ တို့ အခြေစိုက်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...