သီပေါ စစ်ကောင်စီတပ်သား (၄၀၀) ကျော် မိုင်းရယ်သို့ တပ်ဆုတ်၊ လားရှိုးမြေပြင်ထိုးစစ်အတွက် အင်အားဖြန့်ကျက်ဟုဆို

သျှမ်းပြည် သီပေါမြို့နယ်ရှိ စစ်ကောင်စီလက်ကျန်တပ် ခြေလျင်တပ်ရင်း ခလရ(၂၃)မှ တပ်သားနှင့် မိသားစုဝင် (၄၀၀) ကျော်သည် မိုင်းရယ်မြို့သို့ လက်နက်အပြည့်အစုံဖြင့် တပ်ဆုတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (အောက်တိုဘာလ ၁၄ ရက်) ညနေပိုင်းတွင် သီပေါမြို့၌ နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၂၃) မှ အရာရှိ စစ်သည်၊ တပ်သားနှင့် တပ်မိသားစုဝင် (၄၀၀) ကျော်သည် စစ်လက်နက်အပြည့်အစုံဖြင့် မိုင်းရယ်မြို့သို့ ကား (၁၀) စီးခန့် တပ်ဆုတ်သွားကြောင်း ဒေသခံများက ပြောသည်။

“စစ်သားကော၊ ဒဏ်ရာရတဲ့လူကော နောက်ပြီး သူတို့ မိသားစုနဲ့ဆိုရင် အားလုံး ၄၀၀ ကျော် ရှိမယ်။ တွဲကားကြီး ၃ စီးနဲ့ ကားသေးကျတော့ ၆ စီးကျော်ရှိမယ် မိုင်းရယ်ဘက် တက်သွားတာ။ သေနတ်တွေကော ယူသွားတာဆိုတော့ ညှိနှိုင်းပြီးမှ တပ်ဆုတ်တဲ့ သဘောထင်တယ်”ဟု သီပေါမြို့မှ စစ်ရေးလေ့လာသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရယ်

သီပေါမြို့ရှိ လက်ကျန်စစ်ကောင်စီတပ် ခလရ-(၂၃) တပ်ရင်းကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များမှ နှစ်လကျော် ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ယမန်နေ့ (အောက်တိုဘာလ ၁၃ ရက်)တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ မိုင်းရယ်မြို့တွင်လည်း ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတပ်တို့သည် နှစ်ဘက်စစ်ရေး တင်းမာလျက်ရှိပြီး လားရှိုးမြို့ကို ပြန်လည်သိမ်းယူရန် မြေပြင်ထိုးစစ်အတွက် စစ်ကောင်စီတပ်က အင်အားဖြန့်ကျက်နေကြောင်း ဒေသခံများက ပြောသည်။

“ကိုးကန့်တပ်က ရှေ့တစ်ခေါက် သိမ်းထားတဲ့ တင့်ကားကြီးတွေ မောင်းလာပြီးတော့ မိုင်းရယ်ထိ ရောက်တယ်လို့ ပြောကြတယ်။ MNDAA ကတော့ လားရှိုးတိုက်ပွဲ အခြေအနေ ထပ်ဆိုးမှ မိုင်းရယ် မဟုတ်ရင် နမ့်လန်ထပ်ဝင်မယ့် သဘောရှိတယ်။ တန့်ယန်း၊ မိုင်းရယ်တကြောမှာတော့ အရင်လို ဂိတ်စောင့်တဲ့ PDF တွေ မရှိတော့ဘူး၊ စကစဘက်က အင်အားဖြန့်နေတယ်”ဟု မိုင်းရယ်မြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA အနေဖြင့် မိုင်းရယ်မြို့နယ်အတွင်း ဟိုယကျေးရွာအနီးရှိ ခလရ-(၆၇)၊ သီပေါမြို့နယ်အတွင်း နောင်ကော်ကြီးကျေးရွာအခြေစိုက် ခလရ-(၁၄၇) တပ်စခန်းတို့ကို ထိန်းချုပ်နေရာယူထားပြီး နမ့်လန်မြို့အနီးတွင်လည်း ရောက်ရှိနေကြောင်း ဒေသခံများက ဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၉) ရက်တွင် မိုင်းရယ်မြို့အနီးရှိ သကြားစက်ရုံ ဧည့်ရိပ်သာနှင့် အလုပ်သမား နေအိမ်အဆောင်များကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး (၈) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...