မိုင်းရယ် ခလရ-၆၇ တပ်မှ ဟိုယကျေးရွာဘက်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေ

သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ-၆၇ မှ ဟိုယကျေးရွာအုပ်စုဘက်သို့ လက်နက်ကြီးဖြင့် တစ်ဘက်သက် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင်လ ၄ ရက်) ည ၇ နာရီခွဲခန့်တွင် မိုင်းရယ်မြို့နယ်အတွင်း ဟိုယ-တန့်ယန်းလမ်းခွဲရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၆၇ မှ ဟိုယကျေးရွာအုပ်စုဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အထက(ခွဲ) စာသင်ကျောင်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း မိုင်းရယ်ဒေသခံများက ပြောသည်။

“မနေ့ညက (၇)နာရီခွဲမှာ တစ်ခါ ရွာထဲ လက်နက်ကြီး ထပ်ကျတယ်။ နေ့လယ်ကလည်း ၃ နာရီကျော်လောက်မှာ အရင်ကျသေးတယ်၊ ခိုလောင်း (၆၇) တပ်ရင်းက ပစ်တာ။ ဝမ်လုံဘက် ထမင်းဆိုင်ရှိတဲ့ဘက်ကို ပစ်သွားတာပဲ။ အထကကျောင်းနဲ့ သိပ်မဝေးဘူး လက်နက်ကြီးကျတာ၊ ကြံ့ခိုင်ရေးရုံးနားလေး ကျတယ်လို့လည်း ပြောတယ်”ဟု မိုင်းရယ်မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ (ဇူလိုင်လ ၅ ရက်) နေ့လယ် ၁၂ နာရီခွဲကျော်တွင် ခလရ-၆၇ တပ်ရင်းမှ ဟိုယကျေးရွာအုပ်စုဘက်သို့ လက်နက်ကြီးဖြင့် တစ်ဘက်သက် ထပ်မံပစ်ခတ်နေပြီး ညီနောင်မဟာမိတ်တပ်များလည်း လားရှိုး-မိုင်းရယ် ကားလမ်းမကြီးတစ်လျှောက် အင်အားဖြည့်တင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

“လားရှိုး၊ နမ့်ပေါင်က မိုင်းရယ်ကို ရှောင်လာချင်လည်း မလာနိုင်တော့ဘူး၊ ကိုးကန့်တပ်က ပေးမသွားတော့ဘူး။ စစ်အင်အားဖြည့်ဖို့လည်း ကိုးကန့်တပ်က ကားနဲ့ သွားလာနေတာ။ မနေ့ကတော့ အစောပိုင်းက သေနတ်အရင်ဖောက်တာ၊ နောက်မှ လက်နက်ကြီးနဲ့ပစ်တာ”ဟု မိုင်းရယ်မြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ယမန်နေ့ (ဇူလိုင်လ ၄ )တွင် မိုင်းရယ်မြို့နယ် နမ့်တုံနှင့် ကုံးမုံရွာဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး (၆)လုံး ပစ်ခတ်ခဲ့ပြီး တန့်ယန်းမြို့နယ် လွယ်လိန်းတောင်ဘက်သို့လည်း စစ်ကောင်စီတပ်မှ လက်နက်ကြီး (၃) လုံး ပစ်ခတ်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်ခံ မိုင်းရယ် ခလရ-၆၇ တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ဟိုယကျေးရွာအုပ်စုအတွင်းရှိ ပန်ညောင်နှင့် ဝမ်လုံကျေးရွာတို့မှ ရွာသား ၃၀၀ ခန့်သည် လွယ်ဟန်းဘုန်းကြီးကျောင်းနှင့် ကောင်းမောင်ရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြောင်း ဒေသခံများထံမှ သိရသည်။

မိုင်းရယ်မြို့နယ်အတွင်း သျှမ်းတပ် SSPP/SSA အဓိက လှုပ်ရှားနေပြီး ၂၀၂၄ နှစ်ဆန်းပိုင်းမှ စတင်၍ ညီနောင်မဟာမိတ်တပ်များဖြစ်သည့် TNLA နှင့် MNDAA တပ်တို့လည်း သွားလာနေသည်ကို တွေ့မြင်လာရကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...