မိုင်းရယ်မြို့နယ် နေအိမ်များထံ စစ်ကောင်စီ အဓမ္မဝင်ပြီး ပစ္စည်းများသယ်ဆောင်နေ

သျှမ်းပြည် မိုင်းရယ်မြို့နယ် ကျေးရွာတစ်ရွာရှိ နေအိမ်များထံ စစ်ကောင်စီတပ်သားများက အတင်းအဓမ္မ ဝင်ရောက်ကာ လိုချင်သည့် ပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ဒုတိယပတ်မှ စတင်၍ မိုင်းရယ်မြို့နယ် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၆၇ အနီးရှိ ဝမ်မုရွာ(ဝၢၼ်ႈမူႉ)တွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်လာပြီး ဒေသခံအိမ်များ အထဲရှိ ပစ္စည်းများကို သယ်ယူနေသည်။

ထို့ပြင် ကျေးရွာဒေသခံများသည် လုံခြုံရေးကင်းမဲ့မှုကြောင့် နီးစပ်ရာ ကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ သွားရောက်တိမ်းရှောင်နေရကြောင်း အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရယ်မြို့ပုံ

“စစ်ကောင်စီ တပ်နဲ့နီးတဲ့ရွာက အခုမနေရဲကြဘူး။ တခြားရွာတွေ ပြောင်းနေကုန်တာ။ လူမရှိတော့ အိမ်စောင့်လောက်ပဲ ကျန်တာ။ သူတို့က ရွာထဲဝင်ပြီး လိုချင်တာတွေ အကုန်လိုက်ယူနေတာ သဲ၊ အုတ်မကျန် အကုန် လိုချင်တာ ယူနေတယ်”ဟု အသက် ၄၀ ဝန်းကျင် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဌာနချုပ် ဝမ်ဟိုင်းမှ တပ်အင်အား အများအပြားဖြင့် မိုင်းရယ်မြို့ပေါ်သို့ ဝင်ရောက်နေရာယူ တပ်စွဲပြီး မြို့ပတ်လည်တွင် လုံခြုံရေး ယူပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သို့သော် မိုင်းရယ်မြို့နယ် ဝမ်မုရွာတွင် စစ်ကောင်စီမှ ဒေသခံနေအိမ်များရှိ ပစ္စည်းများကို ဝင်ရောက် သယ်ယူနေသော်လည်း လုံခြုံရေးယူပေးနေသည့် SSPP/SSA မှ ဝင်‌ရောက်ဖြေရှင်းပေးခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။

“မိုင်းရယ်မှာက သျှမ်းစစ်သားတွေက လုံခြုံရေးယူထားတယ်သာ ပြောတာ၊ ပြေးနေရတဲ့ ရွာတွေကို သူတို့အနေနဲ့ ဘာမှ မလုပ်ပေးနိုင်ဘူးလေ။ မြို့လောက်ပဲ လုံခြုံတာ၊ ရွာတွေကတော့ လုံခြုံမှုမရှိဘူး၊ စိတ်ပူနေရတယ်”ဟု ၎င်းဒေသခံအမျိုးသားက ပြောဆိုသည်။

ဝမ်မုရွာသည် မိုင်းရယ်နှင့် ၅ မိုင်ခန့်သာ ကွာဝေးပြီး၊ ထိုရွာရှိ ဒေသခံများသည် လက်ရှိတွင် မိုင်းရယ်မြို့ပေါ်နှင့် အနီးအနားရှိ ကျေးရွာ ဘုန်းကြီးကျောင်းများတွင် ထွက်ပြေး တိမ်းရှောင် နေကြရကြောင်း သိရသည်။

လက်ရှိ မိုင်းရယ်မြိုနယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် စစ်ကောင်စီတပ်တို့ သွားလာလှုပ်ရှားနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...