Monday, May 6, 2024

တောင်ကြီးမြို့

စစ်တပ်ပိုင် နယ်မြေအတွင်းရှိ ဆိုင်ခန်းများ ဖြိုဖျက်ခံရ

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့ စစ်တပ်၏ တပ်ပိုင်နယ်မြေအတွင်းရှိ ဆိုင်ခန်းများကို ဘူဒိုဇာကားနှင့် လာရောက် ဖြိုဖျက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၈) ရက် နံနက်ပိုင်းမှစတင်ကာ စစ်တပ်၏ တပ်ပိုင်နယ်မြေအတွင်းရှိနေသည့် ဆေးတပ်ရင်း အပါအဝင် အမှတ် (၂၆၂) တပ်ထိန်း၊ စုဆောင်းရေး တပ်ဖွဲ့ရုံး နှင့်...

အေးသာယာ ကားလေးကွင်း ဆိုင်ခန်းဝယ်ယူထားသူများထံ ငှားရမ်းခ ထပ်မံကောက်ခံ

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် အေးသာယာမြို့ ကားလေးကွင်းရှိ အခန်းဝယ်ယူထားသူများထံ ဆိုင်ခန်းဌားရမ်းခ ဆိုပြီး စည်ပင်က ထပ်မံ ပိုက်ဆံကောက်ခံနေကြောင်း သိရှိရသည်။ အေးသာယာ ကားလေးကွင်းရှိ ဆိုင်ခန်းတစ်ခန်းကို ကျပ်သိန်း ၆၅၀ ဖြင့် ရောင်းချခဲ့ပြီး ဖြစ်သော်လည်း ၂၀၂၂ ခုနှစ် (အောက်တိုဘာလ) မှ ၂၀၂၃...

စစ်အာဏာရှင်ကြောင့် လူငယ်တွေ ပြည်ပထွက်အလုပ်ရှာရ

ချမ်းအေးလွန်းတဲ့ တောင်ပေါ်ဒေသရဲ့ ဆောင်းရာသီရဲ့ ဒဏ်ကို အံတုပြီး လက်ထဲမှာ စာရွက်စာတမ်းအပြည့်အစုံနဲ့ တန်းစီနေကြပါတယ်။ အချိန်ဟာ မနက် ၁ နာရီ ဖြစ်ပြီး သျှမ်းပြည်ရဲ့ ဆောင်းရာသီ မြူနှင်းတွေကိုတောင် ဂရုမစိုက်အားဘဲ မျှော်လင့်ချက် ကိုယ်စီနဲ့သာ တန်းစီနေကြတာပါ။ အဲ့ တန်းစီစောင့်ဆိုင်းနေတဲ့သူတွေဟာ ပြည်ပထွက်ဖို့ နိုင်ငံကူးလက်မှတ် Passport စာအုပ်ရရှိဖို့...

တောင်ကြီး ၂၄ နာရီအတွင်း ဆိုင်ကယ် ၁၀ စီးကျော် ခိုးယူခံရ၊ သူခိုးကို ဖမ်းဆီးနိုင်ခြင်းမရှိ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ၂၄နာရီ အတွင်း မြို့ခံဆိုင်ကယ် ၁၀ စီးကျော် ပျောက်ဆုံးနေပြီး သူခိုးကို သက်ဆိုင်ရာများမှ ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း သတင်းသိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ နှင့် ယနေ့ ၂၀ ရက်နေ့ မနက်ပိုင်းအထိ တွင် ဆိုင်ကယ် ၁၀...

နမ့်ဆန်တိုက်ပွဲမှ စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြည်သူ့နေအိမ် ၂ လုံး မီးလောင်ပျက်စီး

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲမှာ စစ်ကောင်စီသည် ဂျက်လေယာဥ်မှ ပစ်လိုက် သည့် လက်နက်ကြီးကြောင့် ပြည်သူ့နေအိမ် ၂ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်၏ အခြေချ တပ်စခန်းရှိရာ...

တောင်ကြီး နိုင်ငံကူးလက်မှတ် (Passport) ကျပ် ၃ သိန်းထိဈေးပေါက်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် နိုင်ငံကူးလက်မှတ်လက်မှတ် (Passport) တအုပ်လျှင် ကျပ် ၃သိန်းထိ စျေးပေါက်ကြောင်း သတင်းရရှိသည်။ အဆိုပါ Passport နိုင်ငံကူးလက်မှတ်လုပ်ရန်အတွက် ပွဲစားငှားယူရပြီး အမြန်လိုလျှင်လိုသလို ငွေအများ ပေးဆောင်ရကြောင်း သိရသည်။ “ သူက အမြန်လိုချင်ရင် လိုသလိုပေးရတာ။ ပွဲစားငှားပြီးလုပ်ရတာပေါ့။ အချိန် ၁ ပတ်ပဲစောင့်ရင်...

တောင်ကြီးတွင် မီးမကြာခဏပျက် လျှပ်စစ်ရှော့ဖြစ်မှာကို ဒေသခံမျာ စိုးရိမ်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် လျှပ်စစ်မီးမကြာခဏ ပြတ်တောက်နေသည့်အတွက်ကြောင့် ဝါယာကြိုး ရှော့ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း သတင်းသိရသည်။ လျှပ်စစ်မီးသည် ပုံမှန်လာခြင်း မရှိဘဲ ၃ နာရီခြားတစ်ကြိမ်လာပြီး၊ တစ်ကြိမ်ပြတ်တောက်နေကာ အိမ်ရှင်မ အနေဖြင့် ထမင်း၊ ဟင်းချက်ပြုတ်နေစဉ်တွင် ပိုခက်ခဲလာပြီး ဓာတ်အားမငြိမ်သက်ခြင်းကြောင့် ဖြစ်ပေါ်တတ်သော ဝါယာရှော့မှုများကိုလည်း စိုးရိမ်နေရကြောင်း အသက်...

တောင်ကြီးမြို့မရဲစခန်းအနီးရှိ ဖုန်းဆိုင် လုယက်ခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့လည်ခေါင် လမ်းမတော်ရပ်ကွက်၊ ဘုရင့်နောင်လမ်းကြား မြို့မရဲစခန်းအနီး ဖုန်းဆိုင်တစ်ဆိုင်တွင် လုယက်ခံရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂၃) ရက် ညနေပိုင်း ၃ နာခွဲတွင် ဆိုင်ကယ်တစ်စီးဖြင့် စီးလာသော လူငယ် နှစ်ဦးသည် မြို့မရဲစခန်းအနီးရှိ မိုဘိုင်းဖုန်းဆိုင်တစ်ဆိုင်မှာ ဖုန်းဝယ်ရန် ဟန်ဆောင်လာပြီး ပိုင်ရှင်၏ Redim...

အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးပုဒ်မနှင့် တခြားပုဒ်မ အကျဥ်းသားများကို စစ်ကောင်စီမှ လွတ်ပေး

အမျိုးသားနေ့ အထိမ်းအမှတ်အနေဖြင့် စစ်ကောင်စီမှ အကျဥ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဥ်းသားအများအပြားလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။ အာဏာသိမ်းစစ်ကောင်စီ အနေဖြင့် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျည်းသား(၆၀၀၀)နီးပါးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ကြေညာခဲ့သည်။ ထိုထဲတွင် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဥ်းသားဖြစ်သည့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ ရွှေညဝါဆရာတော်၊ NLDပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်၊ စာရေးဆရာ မောင်သာချိုတို့ လွတ်မြောက်လာခဲ့သည်။ ထိုနည်းတူ...

တောင်ကြီး ဘတ္ထရီပြုပြင်ဆိုင် လျှပ်စစ်မီးဝါယာရှော့ မီးလောင်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းကမ္ဘာ့ရတနာဘဏ်အနီးရှိ ဘတ္ထရီပြုပြင်ရေးတစ်ဆိုင်သည် ယနေ့ (နိုဝင်ဘာ ၁၆)ရက် နံနက် ၈နာရီတွင် လျှပ်စစ်မီးဝါယာရှော့မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်း ၈ နာရီဝန်းကျင်မှ စတင်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်အတွင်းရှိ ပစ္စည်း အချို့မီးလောင်ထဲသို့ ပါသွားကြောင်း...

Latest news