တောင်ကြီးမြို့ မီတာခ မဆောင်သည့်နေအိမ်များ လျှပ်စစ်မီး ဖျက်ခံရ

သျှမ်းပြည် တောင်ကြီးမြို့တွင် မီတာခ မဆောင်သည့် နေအိမ်များကို မြို့နယ်လျှပ်စစ် ( EPC) ရုံးမှ ဝန်ထမ်းများက လျှပ်စစ်မီး လိုက်လံဖျက်နေကြောင်း စုံစမ်းသိရသည်။

.

ပုံမှန်လစဉ် ပေးဆောင်ရမည့် မီတာခများကို မပေးဆောင်သောကြောင့် မြို့နယ် EPC ရုံးမှ ဝန်ထမ်းများသည် အိမ်တိုင်ရောက် မီတာဘောက်ရှိ အဝင်မီးကြိုးကို ဖြတ်ချပြီး မီတာခဆောင်မှသာလျှင် လျှပ်စစ်မီး ပြန်ပေးမည်ဟု စာစောင်ကပ်သွားကြောင်း တောင်ကြီးမြို့ဒေသခံ တစ်ဦးက ပြောသည်။

“ မနက် ၉ နာရီလောက်ဆို ဦးထုပ်အပြာရောင်ဆောင်းထားတဲ့ အဖွဲ့က လိုက်ဖြတ်တာပါပဲ။ တချို့ မီတာဆောင်ရမှာ မဆောင်ဘဲ မေ့နေတာလေ။ တချို့က ငွေရှာရတာ ခက်ခဲလာတော့ အဆင်မပြေတာနဲ့ မဆောင်တော့တာတွေကြောင့် မဆောင်ကြတာပေါ့။ ကံကြီးရပ်ကွက်မှာဆို ၃၆ အိမ်လောက် အဖြတ်ခံရတယ် “ ဟု တောင်ကြီးမြို့ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ မီတာခ မဆောင်ခြင်းကြောင့် တောင်ကြီးမြို့ပေါ်ရှိ ကံကြီးရပ်ကွက်အပြင် မြို့မ၊ စိန်ပန်း၊ ဘုရားဖြူ၊ ကျောင်းကြီးစု စသည့် ရပ်ကွက်များမှ နေအိမ်များ မီးဖြတ်ခံနေရကြောင်း သိရသည်။

လက်ရှိ အိမ်သုံး မီတာခ တစ်ယူနစ်ကို ၂၅ ကျပ်မှ ၅၀ ကျပ်အထိ ရှိပြီး လုပ်ငန်းသုံး မီတာခ တစ်ယူနစ်ကို ၁၂၅ ကျပ်ရှိကြောင်း သိရသည်။

ထို့အပြင် လျှပ်စစ်မီး ဖြတ်တောက်ခံထားရသည့် နေအိမ်များသည် ပြန်လည်တပ်ဆင်လိုပါက မြို့နယ် EPC နှင့် လင်းသီဟကုမ္ပဏီထံကို အကြောင်းကြားရပြီး တပ်ဆင်ခ ထပ်မံပေးဆောင်နေရကြောင်း ဒေသခံတစ်ဦးက ဆက်ပြောသည်။

“ငွေကတော့ သွင်းပြီးပြီ။ အခုထိ လာမတပ်ပေးသေးဘူး။ ၃ ရက်လောက်ရှိပြီ။ မီးဖြတ်ခံရတဲ့ အိမ်တွေများတော့ အခုအလှည့်ကျ စောင့်ရမယ်လို့လည်း ကြားတယ် “ ဟု ၎င်းက ပြောသည်။

အလားတူ မီတာခ ဆောင်ရမည့်ရက်မှစ၍ ရက်ကျော်လွန်သွားပါက တစ်ရက်ကို ကျပ်ငွေ ၁၀၀၀ နှုန်းဖြင့် ရက်လွန်ကြေး ပေးဆောင်ရကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကြီးမြို့အပြင် တခြားမြို့ပြကြီးများတွင်လည်း ၂၄ နာရီအတွင်း မီးပုံမှန် လာနိုင်ခြင်းမရှိဘဲ မြို့နယ် EPC မှ ပုံမှန်လစဉ် မီတာခ ဆောင်ခိုင်းနေသောကြောင့် အခက်ခဲရှိနေကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...