Monday, November 4, 2024

တောင်ကြီးမြို့

လွိုင်ကော် စစ်ဘေးရှောင်များကို တောင်ကြီးခရိုင်အတွင်း တရားဝင် စတင်လက်ခံ

သျှမ်း-ကရင်နီ(ကယား)နယ်စပ်တစ်လျှောက် ၁၁_၁၁ စစ်ဆင်ရေးကြောင့် ၊လွိုင်ကော်မြို့မှ စစ်ဘေးရှောင်လာကြသည့် ပြည်သူများကို သျှမ်းပြည်နယ် တောင်ကြီးမြို့၊ အေးသာယာမြို့သစ်၊ ရွှေညောင်မြိုနှင့်ကျောက်တလုံးကြီးကျေးရွာတို့တွင် နိုဝင်ဘာလ ၁၉ရက်မှ စတင်ကာ တရားဝင်လက်ခံခွင့်ပြုလိုက်ကြောင်း စစ်ဘေးရှောင်အကူညီပေးရေး အဖွဲ့များထံမှ စုံစမ်းသိရသည်။ လက်ရှိတွင် သျှမ်းပြည်နယ် တောင်ကြီးခရိုင်အတွင်းရှိ တောင်ကြီးမြို့၊ညောင်ရွှေမြို့၊ပင်လောင်းမြို့၊ဟိုပုန်းမြို့၊အောင်ပန်းမြို့၊နောင်တရားမြို့နှင့် ဆီဆိုင်မြို့တို့ရှိ ရပ်ကွက် ကျေးရွာများအတွင်းသို့ ရောက်ရှိနေကြသည့်...

တောင်ကြီးမြို့နယ် စက်သုံးဆီ နည်းပါး၊ ဆီများ အကန့်အသတ်ဖြင့်သာ ရောင်းချပေး

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်တွင် စက်သုံးဆီးများ တင်သွင်းမှု နည်းပါးသဖြင့် လက်ကျန်နည်းသောကြောင့် ဓာတ်ဆီဆိုင်များမှ နိုဝင်ဘာလ (၁၅) ရက်မှ စတင်ကာ ဝယ်ယူသူများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးတော့ကြောင်း စုံစမ်းသိရသည်။ စက်သုံးဆီ အဝင်နည်း‌နေသဖြင့် ပြတ်လပ်သွားမည့် အခြေအနေမျိုး မရောက်ရှိစေရန် အချို့ ဆီဆိုင်များမှာ အကန့်အသတ်ဖြင့်သာ ရောင်းပေးနေကြောင်း၊...

သျှမ်းတောင်တွင် နေ့စဉ်စစ်ရှောင်ဦးရေ ရာနှင့်ချီဝင်ရောက်၊ လက်မခံဖို့ညွှန်ကြားထားရာ ကူညီပေးနေသူ အခက်အခဲဖြစ်

သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်နှင့် ကျေးရွာများတွင် ကရင်နီ (ကယား) ပြည်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရသည့် စစ်ဘေးရှောင်များ နေ့စဉ် ရာနှင့်ချီရှိနေသော်လည်း စစ်ကောင်စီက လက်မခံရန် ညွှန်ကြားထားသဖြင့် အကူအညီပေးနေသူများ အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်းအတွင်း သျှမ်း-ကရင်နီ (ကယား) ပြည် နယ်စပ်တလျှောက်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီ တော်လှန်ရေး...

သျှမ်းမြောက်နှင့် ကရင်နီတွင် စစ်ပွဲများ ပြင်းထန်နေသော်လည်း သျှမ်းတောင်တွင် ခရီးသွား များပြား

သျှမ်းပြည် မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ေရးနှင့် ကရင်နီပြည်တွင် ၁၁.၁၁ စစ်ဆင်ရေး ဆင်နွှဲနေချိန် တိုက်ပွဲများ ဖြစ်ပွား ပြင်းထန်လျက်ရှိသော်လည်း သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ခရီးသွား ဧည့်သည် များပြားပြီး တည်းခိုခန်းနှင့်ဟိုတယ်များတွင် အခန်းများ ပြည့်လျက်ရှိကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်ရှိ ဒေသများသို့ နှစ်စဥ်နှစ်တိုင်း...

တောင်ကြီးမြို့ရောက် စစ်ဘေးရှောင်များ ခိုလှုံခွင့်မပြု၊ အခက်အခဲကြုံနေရ

သျှမ်း-ကရင်နီနယ်စပ်မှ ထွက်ပြေးလာသည့် စစ်ဘေးရှောင်များကို တောင်ကြီးမြို့ စစ်ကောင်စီက ခိုလှုံခွင့်မပြုရန် ညွှန်ကြားထားသည်ဟု စုံစမ်းသိရသည်။ သျှမ်း-ကရင်နီနယ်စပ် တလျှောက်တွင် ယခုရက်ပိုင်း စစ်ရေးပြင်းထန်နေပြီး ထိုဒေသမှ ထွက်ပြေးတိမ်းရှောင်လာသူများကို တောင်ကြီး၊အောင်ပန်း၊ညောင်ရွှေ မြို့ များတွင်ဖြတ်သန်းခွင့်မပြုသည့်အပြင် ကျောင်းဆောင်များ ဆွေမျိုးနေအိမ်များ ခိုလှုံခွင့်မပြုရန် စစ်ကောင်စီက ယမန်နေ့ (နိုဝင်ဘာ ၁၅)ရက်တွင် ညွှန်ကြားထားကြောင်း...

တောင်ကြီးမြို့ အဝေရာ မီးပုံပျံကွင်းနားတွင် ပွဲတော်အတွက် ဆိုင်ခန်း ငှားရမ်းခ နှစ်ဆထိမြင့်တက်

သျှမ်းပြည် တောင်ကြီးမြို့နယ်တွင် တန်ဆောင်ပွဲ နီးကပ်လာသဖြင့် ပွဲတော် ကျင်းပရာ အဝေရာမီးပုံပျံကွင်းနားရှိ ဆိုင်ခန်း ငှားရမ်းခ ဈေးနှုန်းများမှာ နှစ်ဆနီးပါး တိုးမြင့်လာကြောင်း စျေးရောင်းချသူများထံ စုံစမ်းသိရသည်။ "မီးပုံးပျံကွင်းနဲ့ နည်းနည်းလှမ်းတဲ့ ဒီလို (၆)ပေပတ်လည် ဆိုင်ခန်း‌ေတွဆို ခါတိုင်း (၄)သိန်း‌ကျော်ပဲ ရှိတာ။ အခုနှစ်ကတော့ ၇ညကို ငှားခ...

တောင်ကြီးတွင် စစ်ရှောင်များ ဆောက်လုပ်ထားသောစာသင်ဆောင်နှင့် ဆုတောင်းဝတ်ပြုနေရာများကို စစ်ကောင်စီနှင့် PNOမှ အကြောင်းမဲ့ ဖျက်ဆီး

သျှမ်းပြည် တောင်ကြီးမြို့နယ်ရှိ စစ်ရှောင်များဆောက်လုပ်ထားသော စာသင်ဆောင်နှင့် ဘုရားကျောင်းဆောင်များကို ဖြိုချရန် အတွက် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ဖိအားပေးကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ရှောင်များ၏ စာသင်ဆောင်နှင့် ဘုရားကျောင်ဝတ်ပြုသည့်နေရာကို PNO နှင့် စစ်ကောင်စီဖိအားကြောင့် စက်တင်ဘာလပိုင်း ဖြိုချခဲ့ကြောင်း တောင်ကြီးမြို့ ထဲက စစ်ရှောင်တစ်ဦးက...

တောင်ကြီးမြို့ မီတာခ မဆောင်သည့်နေအိမ်များ လျှပ်စစ်မီး ဖျက်ခံရ

သျှမ်းပြည် တောင်ကြီးမြို့တွင် မီတာခ မဆောင်သည့် နေအိမ်များကို မြို့နယ်လျှပ်စစ် ( EPC) ရုံးမှ ဝန်ထမ်းများက လျှပ်စစ်မီး လိုက်လံဖျက်နေကြောင်း စုံစမ်းသိရသည်။ . ပုံမှန်လစဉ် ပေးဆောင်ရမည့် မီတာခများကို မပေးဆောင်သောကြောင့် မြို့နယ် EPC ရုံးမှ ဝန်ထမ်းများသည် အိမ်တိုင်ရောက် မီတာဘောက်ရှိ အဝင်မီးကြိုးကို ဖြတ်ချပြီး...

တောင်ကြီးမြို့ (၈) လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်နေ့ ဆန္ဒမပြဖို့ စစ်ကောင်စီ ကန့်သတ်စာထုတ်

သျှမ်းပြည် တောင်ကြီးမြို့တွင် (၈) လေးလုံး အရေးတော်ပုံ (၃၅) နှစ်မြောက် အထိမ်းအမှတ်နေ့ ပြည်သူလူထု ဆန္ဒမပြဖို့အတွက် စစ်ကောင်စီ ကန့်သတ်စာ ထုတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ စုံစမ်းသိရသည်။ . ပြီးခဲ့သည့် သြဂုတ် ၁ ရက်မှစပြီး စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တောင်ကြီးမြို့နယ်တွင်...

တောင်ကြီးမြို့ ဧည့်စာရင်း တိုင်ကြားမှု ပိုမိုတင်းကြပ်လာ

သျှမ်းပြည် တောင်ကြီးမြို့တွင် ယခု (ဇူလိုင်) လမှစပြီး အခြားဒေသမှလာသည့် ဒေသခံများ ဧည့်စာရင်း တိုင်ကြားရာ အိမ်ပိုင်ရှင်၏ နာမည်အပါအဝင် နေရပ်လိပ်စာ အတိတကျ နှင့် ရုပ်ပုံအပြည့်ပါသည့် ဓာတ်ပုံထည့်ရန် အကြောင်းကြားခဲ့ကြောင်း စုံစမ်း သိရသည်။ ယခင်က ဧည့်စာရင်းတိုင်ကြားရာတွင် မိမိ နာမည် နှင့် မှတ်ပုံတင်သာပေးပြီး...

Latest news